Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လိႈင္သာယာတြင္ ဗံုးလန္႔မႈျဖစ္ပြား

$
0
0
ရန္ကုန္ - လိႈင္သာယာၿမိဳ႕နယ္(၁၁) ရပ္ကြက္ အေနာ္ရထာလမ္းမႀကီး ေပၚတြင္ သံသယရိွပစၥည္းတစ္မ်ိဳးေတြ႕ရွိေသာေၾကာင့္ ရဲတပ္ဖဲြ႕က သဲအိတ္မ်ားျဖင့္ ကာရံလိုက္ေၾကာင္း သတင္းရရွိသည္။
ေဖေဖာ္၀ါရီ ၂၀ ရက္ ည ၉ နာရီခဲြခန္႔က ယင္းေနရာအနီးရိွ ေနထိုင္သူမ်ားကေတြ႕ရွိခဲ့ၿပီး ရဲစခန္းသို႔အေၾကာင္းၾကားခဲ့ေသာေၾကာင့္ ရဲတပ္ဖဲြ႕၀င္မ်ားကလာေရာက္၍ သဲအိတ္ ၂၀ ခန္႔ႏွင့္ တာရာမ်ားသံုးကာ ကာရံလိုက္ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။
‘‘အခုထိေတာ့ BE တပ္ကမလာေသးဘူး။ သဲအိတ္ေတြနဲ႔ ၀ိုင္း ထားရတာေပါ့။ စက္ပစၥည္းပံုစံမ်ိဳး၊ ပိုက္္လံုးပံုစံ၊ အဲဒီအနားက ၀ပ္ေရွာ့ခ္ကလူေတြကလည္း ဒါကို ဘာမွန္းမသိဘူး။ စိုးရိမ္ေနၾကတယ္။ ရဲတပ္ဖဲြ႕က အနားကိုေတာ့ လူေတြအကပ္မခံေတာ့ဘူး’’ဟု ေဒသခံတစ္ဦးက ည ၁၀ နာရီ မိနစ္ ၂၀ ခန္႔က ေျပာသည္။
ယင္းေနရာတြင္ လံုၿခံဳေရးတာ၀န္ယူထားသည့္ လိႈင္သာယာ ၿမိဳ႕နယ္ ေသာင္ႀကီးနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးသို႔ ဖုန္းေခၚဆို ေမးျမန္းရာ ထိုအရာ၀တၳဳသည္ တစ္လက္မပတ္လည္၊ တစ္ေပခန္႔အရွည္ရိွ အနက္ေရာင္ေကာ္ပိုက္ သံုးေခ်ာင္းကို ၀ိုင္ယာႀကိဳးမ်ားျဖင့္ ခ်ိတ္ဆက္ထားသည့္အရာသာျဖစ္ေၾကာင္း ျပန္လည္ေျဖဆိုသည္
7Day News Journal
............................
လှိုင်သာယာတွင် ဗုံးလန့်မှုဖြစ်ပွား

ရန်ကုန် - လှိုင်သာယာမြို့နယ်(၁၁) ရပ်ကွက် အနော်ရထာလမ်းမကြီး ပေါ်တွင် သံသယရှိပစ္စည်းတစ်မျိုးတွေ့ရှိသောကြောင့် ရဲတပ်ဖွဲ့က သဲအိတ်များဖြင့် ကာရံလိုက်ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခွဲခန့်က ယင်းနေရာအနီးရှိ နေထိုင်သူများကတွေ့ရှိခဲ့ပြီး ရဲစခန်းသို့အကြောင်းကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များကလာရောက်၍ သဲအိတ် ၂၀ ခန့်နှင့် တာရာများသုံးကာ ကာရံလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
‘‘အခုထိတော့ BE တပ်ကမလာသေးဘူး။ သဲအိတ်တွေနဲ့ ၀ိုင်း ထားရတာပေါ့။ စက်ပစ္စည်းပုံစံမျိုး၊ ပိုက််လုံးပုံစံ၊ အဲဒီအနားက ၀ပ်ရှော့ခ်ကလူတွေကလည်း ဒါကို ဘာမှန်းမသိဘူး။ စိုးရိမ်နေကြတယ်။ ရဲတပ်ဖွဲ့က အနားကိုတော့ လူတွေအကပ်မခံတော့ဘူး’’ဟု ဒေသခံတစ်ဦးက ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ပြောသည်။
ယင်းနေရာတွင် လုံခြုံရေးတာဝန်ယူထားသည့် လှိုင်သာယာ မြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးသို့ ဖုန်းခေါ်ဆို မေးမြန်းရာ ထိုအရာဝတ္ထုသည် တစ်လက်မပတ်လည်၊ တစ်ပေခန့်အရှည်ရှိ အနက်ရောင်ကော်ပိုက် သုံးချောင်းကို ၀ိုင်ယာကြိုးများဖြင့် ချိတ်ဆက်ထားသည့်အရာသာဖြစ်ကြောင်း ပြန်လည်ဖြေဆိုသည်
7Day News Journal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...