Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပုဂံဘုရားေပၚ ကခုန္သည့္သူမ်ား ၀န္ခ်ေတာင္းပန္မည္

$
0
0
By ေရႊေအာင္ 20 February 2016

မႏၱေလးတိုင္း၊ ပုဂံယဥ္ေက်းမႈနယ္ေျမရွိ ဘုရားတဆူေပၚမွာ အုပ္စုလိုက္၀ိုင္းဖြဲ႔ကခုန္ခဲ့ၾကတဲ့ ေဆးကုမၸဏီအေနနဲ႔ သူတို႔လုပ္ရပ္မွားယြင္းေၾကာင္း သတင္းစာကတဆင့္ ၀န္ခ်ေတာင္း ပန္သြားမွာျဖစ္ပါတယ္။

Lucky Star ေဆးကုမၸဏီဟာ သက္ဆိုင္ရာဌာနရဲ႕ ခြင့္ျပဳခ်က္နဲ႔ ပုဂံက ျပသာဒ္ႀကီးဘုရားေပၚမွာ  ေၾကာ္ျငာ႐ုိက္အၿပီး ေအာင္ပြဲခံတဲ့သေဘာ ကခုန္ခဲ့ၾကတာျဖစ္ပါတယ္။ ေဖေဖာ္၀ါရီ ၁၇ ရက္ ညေနဘက္မွာ ဘုရားရင္ျပင္ေပၚတခြင္လံုး အဲ့ဒီလို ေအာင္ပြဲခံ ကခုန္ေနတဲ့ ဓာတ္ပံုေတြနဲ႔ ႐ုပ္သံဖုိင္ အင္တာနက္ေပၚတက္လာခဲ့ပါတယ္။

ဒီသတင္းေၾကာင့္ ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတိုက္ဦးစီးဌာနအေနနဲ႔ ေဆးကုမၸဏီကို ေခၚယူသတိေပးထားေၾကာင္းလည္း အဲ့ဒီဌာနက ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ဦးသိန္းလြင္က ေျပာပါတယ္။

“မွတ္တမ္း႐ုိက္ၿပီးေတာ့ ေပ်ာ္ၿပီးေတာ့ သူတို႔ ကတယ္လို႔ ေျပာပါတယ္။ မည္သို႔ပင္ဆိုေစေပါ့၊ ေဖ့စ္ဘြတ္ေပၚတက္လာျပီး မိဘျပည္သူေတြ ျမင္ေတြ႔တဲ့အခါက်ေတာ့ အ ဂါရ၀ ျဖစ္တာေပါ့၊ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို မေလးစားရာလည္း ေရာက္တယ္၊ သူတို႔လည္း ေတာင္းပန္တယ္။ မသိလို႔ ပါေပါ့၊ အဲ့ဒါဆိုလည္း ၀န္ခ်ေတာင္းပန္တဲ့စာ ထုတ္ေပါ့၊ အဲ့လိုေလး လုပ္ထားပါတယ္။”

မႏၱေလးတိုင္း၊ ဧည့္လမ္းညႊန္အသင္းဥကၠ႒ ဦးရဲျမတ္ထြန္းက အဲ့ဒီဘုရားမွာ ပုဂံေန၀င္ခ်ိန္ ေစာင့္ၾကည့္ၾကသူမ်ားလို႔ ခရီးသည္ေတြအတြက္ အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔ ေျပာပါတယ္။

“ဒီျပသာဒ္ႀကီး ဘုရားဆိုတာက ညေနေစာင္း ေန၀င္ခ်ိန္ၾကည့္ၾကတဲ့ဘုရားဗ်၊ သူက Sunset enjoy လုပ္တဲ့အခ်ိန္မွာမွ လာၿပီးေတာ့ ဒီ ရင္ျပင္ႀကီးတခုလံုးေပၚမွာ အသံခ်ဲ႔စက္ေတြနဲ႔ ကခုန္ေနၾကေတာ့ Sunset လာၾကည့္တဲ့သူေတြအတြက္ အေႏွာင့္အယွက္ေတြ ျဖစ္ေနရာက မရွိ ျဖစ္တာေပါ့။”

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းကလည္း ေဖေဖာ္၀ါရီ ၁၉ ရက္ရက္စြဲနဲ႔ ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ၿပီး ေရွးေဟာင္းယဥ္ေက်းမွုနယ္ေျမပုဂံမွာ ေနာင္ အလားတူ ျဖစ္ရပ္မ်ိဳး မျဖစ္ရန္ ထိထိေရာက္ေရာက္တားျမစ္ေပးဖို႔ ယဥ္ေက်းမွု၀န္ၾကီးဌာနကို ေတာင္းဆိုလိုက္ပါတယ္။

႐ုပ္သံ – Ghantgaw Naing
.................
ပုဂံဘုရားပေါ် ကခုန်သည့်သူများ ၀န်ချတောင်းပန်မည် (ရုပ်သံ)
By ရွှေအောင် 20 February 2016

မန္တလေးတိုင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဘုရားတဆူပေါ်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ကခုန်ခဲ့ကြတဲ့ ဆေးကုမ္ပဏီအနေနဲ့ သူတို့လုပ်ရပ်မှားယွင်းကြောင်း သတင်းစာကတဆင့် ၀န်ချတောင်း ပန်သွားမှာဖြစ်ပါတယ်။

Lucky Star ဆေးကုမ္ပဏီဟာ သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုချက်နဲ့ ပုဂံက ပြသာဒ်ကြီးဘုရားပေါ်မှာ  ကြော်ငြာရိုက်အပြီး အောင်ပွဲခံတဲ့သဘော ကခုန်ခဲ့ကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် ညနေဘက်မှာ ဘုရားရင်ပြင်ပေါ်တခွင်လုံး အဲ့ဒီလို အောင်ပွဲခံ ကခုန်နေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင် အင်တာနက်ပေါ်တက်လာခဲ့ပါတယ်။

ဒီသတင်းကြောင့် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ ဆေးကုမ္ပဏီကို ခေါ်ယူသတိပေးထားကြောင်းလည်း အဲ့ဒီဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

“မှတ်တမ်းရိုက်ပြီးတော့ ပျော်ပြီးတော့ သူတို့ ကတယ်လို့ ပြောပါတယ်။ မည်သို့ပင်ဆိုစေပေါ့၊ ဖေ့စ်ဘွတ်ပေါ်တက်လာပြီး မိဘပြည်သူတွေ မြင်တွေ့တဲ့အခါကျတော့ အ ဂါရဝ ဖြစ်တာပေါ့၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို မလေးစားရာလည်း ရောက်တယ်၊ သူတို့လည်း တောင်းပန်တယ်။ မသိလို့ ပါပေါ့၊ အဲ့ဒါဆိုလည်း ၀န်ချတောင်းပန်တဲ့စာ ထုတ်ပေါ့၊ အဲ့လိုလေး လုပ်ထားပါတယ်။”

မန္တလေးတိုင်း၊ ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးရဲမြတ်ထွန်းက အဲ့ဒီဘုရားမှာ ပုဂံနေဝင်ချိန် စောင့်ကြည့်ကြသူများလို့ ခရီးသည်တွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောပါတယ်။

“ဒီပြသာဒ်ကြီး ဘုရားဆိုတာက ညနေစောင်း နေဝင်ချိန်ကြည့်ကြတဲ့ဘုရားဗျ၊ သူက Sunset enjoy လုပ်တဲ့အချိန်မှာမှ လာပြီးတော့ ဒီ ရင်ပြင်ကြီးတခုလုံးပေါ်မှာ အသံချဲ့စက်တွေနဲ့ ကခုန်နေကြတော့ Sunset လာကြည့်တဲ့သူတွေအတွက် အနှောင့်အယှက်တွေ ဖြစ်နေရာက မရှိ ဖြစ်တာပေါ့။”

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကလည်း ဖေဖော်ဝါရီ ၁၉ ရက်ရက်စွဲနဲ့ ကန့်ကွက်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမှာ နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ရန် ထိထိရောက်ရောက်တားမြစ်ပေးဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တောင်းဆိုလိုက်ပါတယ်။

ရုပ်သံ – Ghantgaw Naing

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>