Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
ရွှေပြည်သာ စက်မှုဇုန် (၁) အထည်ချုပ်စက်ရုံမီးလောင်
$
0
0
ရန်ကုန် ဖေဖော်ဝါရီ ၂၁
မီးလောင်ရာသို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ ကွပ်ကဲအုပ်ချုပ်မှု ယာဉ်လေးစီး၊ အထောက်အကူ ပြုယာဉ်တစ်စီး၊ ထိုင်းကြက်ခြေနီယာဉ်တစ်စီး၊ သန္ဓေမီးသတ် ၁၇ဝ ဦး ၊ အရန်မီးသတ်
Myanmaalinn
.......
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဘူတာအနီး စက်မှုဇုန် (၁) အင်းကြင်းမြိုင်လမ်း အမှတ် ၄၂/၃၄-၄ဝ ရှားပေးအာရှ (SUPREME ASIA GAR MENT FACTORY LIMITED ) အထည်ချုပ်စက်ရုံအတွင်း ယနေ့ နံနက် ၅ နာရီခွဲက မီးလောင်မှုဖြစ်ပွားသည်။
ဖြစ်စဉ်မှာ ''အမှိုက်ပုံးအတွင်း ဆေးလိပ်တိုမီးစွန့်ပစ်ရာမှ အထည်အလိပ် ဖြတ်စညှပ်စ စုပုံထားရှိရာသို့ မီးစတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အထည်ချုပ်စက်ရုံတာဝန်ခံမန်နေဂျာ ဒေါ်ထက်ထက်က ပြောပြသည်။
''မီးစတင်လောင်တာကတော့ နံနက် ၅ နာရီခန့်ဖြစ်ပါတယ်။ မီးသတ် တပ်ဖွဲ့ အနေနဲ့ သတင်းစရတာကတော့ နံနက် ၅ နာရီ ၅ မိနစ်မှာပါ။ လောင်နေတဲ့မီးအား ကို ၅ နာရီ ၃၅ မိနစ်မှာ ထိန်းနိုင်ခဲ့တယ်။ ၅ နာရီ ၄၅ မိနစ်ကျတော့ စိတ်ချလက်ချ ငြိမ်းသွားပြီ''ဟု နယ်မြေမီးသတ်ဦးစီးမှူးက မီဒီယာများ မေးသည်ကို ဖြေကြားသည်။
မီးလောင်ရာသို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်သော မီးငြိှမ်းသတ်ယာဉ် ၂၄ စီး၊ ကွပ်ကဲအုပ်ချုပ်မှု ယာဉ်လေးစီး၊ အထောက်အကူ ပြုယာဉ်တစ်စီး၊ ထိုင်းကြက်ခြေနီယာဉ်တစ်စီး၊ သန္ဓေမီးသတ် ၁၇ဝ ဦး ၊ အရန်မီးသတ်
၉ဝ ၊ ကြက်ခြေနီ ၂ဝ ၊ အင်အားဖြင့် ငြိှမ်းသတ်ခဲ့ရကြောင်း သိရသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ နှစ်သိန်းခွဲဟု သိရသည်။
အဆိုပါ စက်ရုံမန်နေဂျာ ဒေါ်ထက်ထက် (၃၄နှစ်) အားသက်ဆိုင်ရာမှ ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>