![]() |
KBC အေထြအေထြ အတြင္းေရးမႈး Rev. Dr. Hkalam Samson မွ PJS အပါ၀င္ လူထု ၁၀၀၀၀ ေက်ာ္အား ေဒသနာျဖင့္ ခြန္အားေပးေနပုံ၊ ခ်ီေဖြ-ဆဒံုး လမ္းခြဲ၊ ျမစ္ၾကီးနား-ကန္ပိုင္တီ လမ္းမ၊ ၀ိုင္းေမာ္ျမိဳ႕နယ္၊ ကခ်င္ျပည္နယ္ |
ဆုေတာင္းပြဲကို ကခ်င္ လူထု မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရး PJS အဖြဲ႕ မ်ားကို အစိုးရ စစ္တပ္ႏွင့္ ရဲ မ်ား တားဆီး ထားေသာ ေနရာ ကန္ပိုင္တီလမ္း ခ်ီေဖြ-ဆဒံုး လမ္းခြဲတြင္ ျမစ္ၾကီးနားျမိဳ႕ႏွင့္ ၀ုိင္းေမာ္ျမိဳ႕တို႔မွ လူထု ေထာင္ေပါင္းမ်ားစြာ လာေရာက္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
ကခ်င္ ခရစ္ယာန္ ဂုိဏ္းေပါင္းစံု အသင္းေတာ္ ေခါင္းေဆာင္မ်ားက PJS အဖြဲ႕တြင္ ပါ၀င္ ဆက္ကပ္ၾကသူမ်ားကို ႏႈတ္ကပတ္ေတာ္ျဖင့္ အထူး ခြန္အားေပးျခင္းႏွင့္ ဆုေတာင္းေပးျခင္းမ်ား ျပဳလုပ္ခဲ့ပါသည္။
ကန္ပိုင္တီ ဘိန္းခင္း ဖ်က္ဆီးေရးကို ေနာက္ဆုတ္ရန္ အစီစဥ္ မရွိေၾကာင္း ယေန႔ ၀တ္ျပဳ အစီစဥ္ ေဒသနာတြင္ ကခ်င္ ႏွစ္ျခင္း ခရစ္ယာန္ အဖြဲ႔ခ်ဳပ္ KBC အေထြေထြ အတြင္းေရးမႈး Rev. Dr. Hkalam Samson က ယခုလို ျမန္မာဘာသာျဖင့္ အေလးအနက္ထား ထည့္ေျပာခဲ့သည္။
“က်ေနာ္တုိ႔ ေနာက္ မဆုတ္ပါဘူး။ ေရွ႕ကုိ တုိးမွာ ျဖစ္ပါတယ္။ ဒီမွာရွိတဲ့ တာ၀န္ရွိတဲ့ လုံျခံဳေရးေတြက အထက္အမိန္႔ လုိ႔ေျပာတယ္။ က်ေနာ္တုိ႔ရဲ႕အထက္အမိန္႔ ကလည္း ရွင္းရွင္း လင္းလင္း ျပတ္ျပတ္ သားသား က်ေနာ္တုိ႔ ရွိပါတယ္။ က်ေနာ္တုိ႔ ခရစ္ယာန္မ်ားရဲ့ အထက္အမိန္႔ဟာ ဘုရားသခင္ ေစခုိင္းတာကုိ လုပ္ဖုိ႔ျဖစ္ပါတယ္။”
KBC သည္ ကခ်င္ အသင္းေတာ္မ်ားတြင္ အၾကီးဆုံးျဖစ္သည္။
မူးယစ္ေဆး၀ါးသည္ ကခ်င္အမိ်ဳးသားမ်ား အတြက္ မက လူသားအားလုံး၏ ‘ဘုံရန္သူ’ ျဖစ္ေသာေၾကာင့္ ျမန္မာအစိုးရႏွင့္ KIO ၾကား မူ၀ါဒ ကြဲျပားမႈ ရိွေသာ္လည္း မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးတြင္မူ ပူးေပါင္း သင့္ေၾကာင္း PJS အဖြဲ႕ ေခါင္းေဆာင္မ်ား ယုံၾကည္ထားပါသည္။
လူထု အင္အား ၃၇၀၀ ေက်ာ္ရိွေသာ PJS အဖြဲ႔သည္ ေဖေဖာ္၀ါရီ ၁၆ ရက္ေန႔မွ ယခုအခ်ိန္ထိ ခ်ီေဖြ-ဆဒံုး လမ္းခြဲတြင္ အစုိးရ ရဲ ႏွင့္ စစ္တပ္မ်ား၏ တားဆီးမႈေၾကာင့္ ေသာင္တင္ေနဆဲျဖစ္သည္။
သို႔ေသာ္လည္း လာမည့္ အပတ္တြင္ ဘိန္းခင္းတုိက္ဖ်က္ေရး အစီစဥ္ကုိ အတားအဆီးရွိေသာ္လည္း စတင္မည္ျဖစ္ေၾကာင္း PJS အဖြဲ႔၀င္မ်ား ေျပာဆိုေနၾကသည္။
Kachinnews
http://burmese.kachinnews.com
..............
KBC အထွေအထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson မှ PJS အပါ၀င် လူထု ၁၀၀၀၀ ကျော်အား ဒေသနာဖြင့် ခွန်အားပေးနေပုံ၊ ချီဖွေ-ဆဒုံး လမ်းခွဲ၊ မြစ်ကြီးနား-ကန်ပိုင်တီ လမ်းမ၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်
မြန်မာအစိုးရ ထိန်းချုပ်နယ်မြေ ကန်ပိုင်တီဒေသ ဘိန်းခြံများ ဖျက်ဆီးနိုင်ရန် လူထု ၁၀၀၀၀ ကျော် ပါ၀င်သော အထူး ဆုတောင်းပွဲကြီးကို ဘိန်းခင်း တို်က်ဖျက်ရေး အဖွဲ့များ တားဆီးခံရသည့် နေရာတွင် ယနေ့ ဖေဖော်ဝါရီ ၂၁ နံနက် ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။
ဆုတောင်းပွဲကို ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး PJS အဖွဲ့ များကို အစိုးရ စစ်တပ်နှင့် ရဲ များ တားဆီး ထားသော နေရာ ကန်ပိုင်တီလမ်း ချီဖွေ-ဆဒုံး လမ်းခွဲတွင် မြစ်ကြီးနားမြို့နှင့် ၀ုိင်းမော်မြို့တို့မှ လူထု ထောင်ပေါင်းများစွာ လာရောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အသင်းတော် ခေါင်းဆောင်များက PJS အဖွဲ့တွင် ပါ၀င် ဆက်ကပ်ကြသူများကို နှုတ်ကပတ်တော်ဖြင့် အထူး ခွန်အားပေးခြင်းနှင့် ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေးကို နောက်ဆုတ်ရန် အစီစဉ် မရှိကြောင်း ယနေ့ ၀တ်ပြု အစီစဉ် ဒေသနာတွင် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson က ယခုလို မြန်မာဘာသာဖြင့် အလေးအနက်ထား ထည့်ပြောခဲ့သည်။
“ကျနော်တို့ နောက် မဆုတ်ပါဘူး။ ရှေ့ကို တိုးမှာ ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ တာဝန်ရှိတဲ့ လုံခြုံရေးတွေက အထက်အမိန့် လို့ပြောတယ်။ ကျနော်တို့ရဲ့အထက်အမိန့် ကလည်း ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ကျနော်တို့ ရှိပါတယ်။ ကျနော်တို့ ခရစ်ယာန်များရဲ့ အထက်အမိန့်ဟာ ဘုရားသခင် စေခိုင်းတာကို လုပ်ဖို့ဖြစ်ပါတယ်။”
KBC သည် ကချင် အသင်းတော်များတွင် အကြီးဆုံးဖြစ်သည်။
မူးယစ်ဆေးဝါးသည် ကချင်အမျိုးသားများ အတွက် မက လူသားအားလုံး၏ ‘ဘုံရန်သူ’ ဖြစ်သောကြောင့် မြန်မာအစိုးရနှင့် KIO ကြား မူဝါဒ ကွဲပြားမှု ရှိသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်မူ ပူးပေါင်း သင့်ကြောင်း PJS အဖွဲ့ ခေါင်းဆောင်များ ယုံကြည်ထားပါသည်။
လူထု အင်အား ၃၇၀၀ ကျော်ရှိသော PJS အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ယခုအချိန်ထိ ချီဖွေ-ဆဒုံး လမ်းခွဲတွင် အစိုးရ ရဲ နှင့် စစ်တပ်များ၏ တားဆီးမှုကြောင့် သောင်တင်နေဆဲဖြစ်သည်။
သို့သော်လည်း လာမည့် အပတ်တွင် ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်ကို အတားအဆီးရှိသော်လည်း စတင်မည်ဖြစ်ကြောင်း PJS အဖွဲ့ဝင်များ ပြောဆိုနေကြသည်။
Kachinnews
http://burmese.kachinnews.com