Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား မီးတောက်နေသည့် မီးသွေးတုံးများနှင့် ဒဏ်ရာ ပြင်းထန်စွာပြုလုပ်ခဲ့သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်
$
0
0
 ၂၁..၂..၁၆
အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား မီးတောက်နေသည့် မီးသွေးတုံးများနှင့် ဒဏ်ရာ ပြင်းထန်စွာ ပြုလုပ်ခဲ့သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်ထားကြောင်းသိရှိရသည်။
အဆိုပါ ဖြစ်စဉ်သည် မင်းပြားမြို့၊ ကံကော်မြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၉ ရက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျူးလွန်သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။
မ---- (အသက် ၇ နှစ်) သည် မိဘများ နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေရသောကြောင့် အဒေါ်ဖြစ်သူနှင့် နေထိုင်ရသူဖြစ်ပြီး အဒေါ်ဖြစ်သူ ထံမှ ငွေ ၂၀၀၀ ကျပ်ခိုးယူသည်ဟု ဆိုကာ အဒေါ်ဖြစ်သူ ဒေါ်ဖြူဖြူသန်း (အသက် ၂၈ နှစ်) က မ---- ၏ ပေါင်တံများ၊ လက်ဖ၀ါးများ
ကို မီးစွဲလောင်နေသော မီးသွေးခဲများဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိအောင် ညှင်းပန်းနှိပ်စက်ခဲ့ပြီး ထိုဒဏ်ရာများကြောင့် မ ---- (အသက် ၇ နှစ်) ကို မင်းပြား ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း သိရပါသည်။
Eleven Media Group
.........
အသက် ရ နှစ်အရွယ် မိန်းကလေးငယ်အား မီးတောက်နေသည့် မီးသွေးတုံးများနှင့် ဒဏ်ရာ ပြင်းထန်စွာပြုလုပ်ခဲ့သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်
၂၁..၂..၁၆
အသက် ရ နှစ်အရွယ် မိန်းကလေးငယ်အား မီးတောက်နေသည့် မီးသွေးတုံးများနှင့် ဒဏ်ရာ ပြင်းထန်စွာ ပြုလုပ်ခဲ့သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်ထားကြောင်းသိရှိရသည်။
အဆိုပါ ဖြစ်စဉ်သည် မင်းပြားမြို့၊ ကံကော်မြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၉ ရက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျူးလွန်သူ အမျိူးသမီးအား ဖမ်းဆီးအမှုဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။
မ---- (အသက် ရ နှစ်) သည် မိဘများ နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေရသောကြောင့် အဒေါ်ဖြစ်သူနှင့် နေထိုင်ရသူဖြစ်ပြီး အဒေါ်ဖြစ်သူ ထံမှ ငွေ ၂၀၀၀ ကျပ်ခိုးယူသည်ဟု ဆိုကာ အဒေါ်ဖြစ်သူ ဒေါ်ဖြူဖြူသန်း (အသက် ၂၈ နှစ်) က မ---- ၏ ပေါင်တံများ၊ လက်ဖဝါးများ
ကို မီးစွဲလောင်နေသော မီးသွေးခဲများဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိအောင် ညှင်းပန်းနှိပ်စက်ခဲ့ပြီး ထိုဒဏ်ရာများကြောင့် မ ---- (အသက် ရ နှစ်) ကို မင်းပြား ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း သိရပါသည်။
“ကလေးငယ်က သူ့ဒေါ်လေးကို အားကိုးပြီးနေတာပါ။ မိဘတွေက ဘနိုင်ငံခြားမှာ သွားပြီးအလုပ် လုပ်နေကြတယ်။ ငွေခိုးယူတယ်ဆိုပြီး မီးသွေးမီးတောက်နဲ့ လက်ဝါးတို့၊ ပေါင်တို့နဲ့ တခြားနေရာတွေ မအင်္ဂါစပ်တွေကို မီးတိုက်တာ မီးလောင်ဒဏ်ရာတွေ ရသွားတယ်။
သူ့ ကိုဆေးရုံတင်ပြီး ကုသခဲ့ရတယ်။ အခုတော့ ဒေါ်လေးဖြစ်သူကိုတော့
ရဲက ခေါ်ယူသွားပါပြီ။ အချုပ်ထဲ ထည့်ထား တယ်လို့သိရပါတယ်”ဟု
ကံကော်မြိုင်ရပ်ကွက်မှ ကိုအောင်ထွန်းဇော်က ပြောပါ သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ဖြူဖြူသန်းအား မင်းပြားမြို့မရဲစခန်းမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး (ပ) ၃၄/၁၆ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၂၆ အရေးယူထားကြောင်း သိရှိရသည်။
Eleven Media Group
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>