ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ၿမိဳ႔နယ္ ဆဒံုး၊ ခ်ီေဖြလမ္းခဲြမွာ တားဆီးခံထားရတဲ့ လူထုအေျချပဳ မူးယစ္တုိက္ဖ်က္ေရး အဖဲြ႔ဟာ ကန္ပိုက္တီၿမိဳ႕နယ္အတြင္းက ဘိန္းခင္းေတြကို ဖ်က္ဆီးဖုိ႔အတြက္ မနက္ျဖန္မွ ဆက္လက္ထြက္ခြာဖို႔ ဆံုးျဖတ္လုိက္ၿပီျဖစ္ပါတယ္။ ေလာေလာဆည္ လံုၿခံဳေရးတပ္ဖဲြ႔ေတြက တားဆီးထားသလို ဘိန္းခင္းရွင္ေတြက လက္နက္ကိုင္ ဟန္႔တားဖုိ႔ ျပင္ဆင္ထား တာေၾကာင့္ တင္းမာလာမယ့္အေျခအေနေတြရိွေနပါတယ္။ ဒီသတင္းကို ေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ႕သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။
ကခ်င္လူထုအေျချပဳ မူးယစ္တိုက္ဖ်က္ေရးအဖဲြ႔ Pat Jasan အဖဲြ႔၀င္ ၄ ေထာင္ေလာက္ဟာ ဆဒံုး၊ ခ်ီေဖြလမ္းခဲြမွာ ဒီလ ၁၆ ရက္ေန႔တည္းက ရဲနဲ႔ စစ္တပ္က တားဆီးထားတာျဖစ္ပါတယ္။ တနဂၤေႏြေန႔က လူအင္အား တေသာင္းေလာက္ လာေရာက္စုေ၀းၿပီး လုပ္ငန္းေအာင္ျမင္ဖုိ႔ ၀တ္ျပဳဆုေတာင္းၿပီးတဲ့ေနာက္မွာ ဒီကေန႔မွာေတာ့ ဘိန္းခင္းေတြဖ်က္ဆီးဖို႔ အတြက္ ဆက္လက္ထြက္ခြာဖို႔ဆံုးျဖတ္လုိက္တာျဖစ္ပါတယ္။
ဒီအေျခအေနကို ကခ်င္လူထုအေျချပဳ မူးယစ္တိုက္ဖ်က္ေရးအဖဲြ႔ရဲ့ အၾကံေပးအဖဲြ႔၀င္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အဖြဲ႔ခ်ဳပ္က အေထြေထြအတြင္းေရးမႈး ေဒါက္တာခလပ္ ဆမ္ဆြန္ က အခုလို ေျပာပါတယ္။
“အခုက်ေနာ္တို႔က အဲဒါကို သက္ဆိုင္ရာေတြနဲ႔လည္း က်ေနာ္တို႔ ေတာ္ေတာ္ ညိွႏိွဳင္းတယ္။ ဒါေပမယ့္ ထူးျခားမႈ ေတြကေတာ့ မရွိဘူး။ က်ေနာ္တို႔လူေတြကလည္း တပတ္ေလာက္ရွိၿပီဆိုေတာ့ ပင္ပန္း လာၿပီ။ သူတို႔ေျပာတဲ့ အေၾကာင္းအရာေတြ ကလည္း က်ေနာ္တို႔လက္ခံပါတယ္။ ဒါေပမယ့္ ဒီလို ပိတ္ပင္တားဆီးမႈကိုေတာ့ က်ေနာ္တို႔က နားမလည္ႏိုင္ဘူး။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ အားလံုးက ဒီလူထုအေျချပဳ မူးယစ္ေဆး၀ါးက မနက္ျဖန္ က်ေနာ္တို႔ ေရာက္ႏိုင္ တဲ့အထိ ေရာက္ေအာင္သြားၿပီးမွ လုပ္ငန္းစဖို႔ အဲလိုဆံုးျဖတ္ထားပါတယ္။ သူတို႔ကို က်ေနာ္တို႔ ေတာင္းဆိုမယ္။ စာလည္း ေရးထားတယ္။ အေၾကာင္းၾကားၿပီးမွ က်ေနာ္တို႔သြားမွာျဖစ္ပါတယ္။”
ၿပီးခဲ့တဲ့ရက္ေတြကေတာ့ ကန္ပိုက္တီးနယ္ဘက္က ဘိန္းခင္းရွင္ေတြဟာ ေသနတ္၊ ဒုတ္၊ ဒါး စတဲ့လက္နက္ကိုေတြကိုင္ေဆာင္ၿပီး လူအင္အား ၂၀၀ ေလာက္နဲ႔ လမ္းခရီးမွာ ေစာင့္ဆုိင္းေနတယ္လုိ႔လည္း သတင္းထြက္ေပၚခဲ့တာေၾကာင့္ လံုၿခံဳေရးတပ္ဖဲြ႔ေတြက မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ေတြကို ဒီလ ၁၆ ရက္ေန႔မွာ ဆက္လက္မသြားဖုိ႔ တားဆီးခဲ့တာျဖစ္ပါတယ္။
ဒီလုိ တားဆီးတာနဲ႔ပတ္သက္ၿပီး ျပည္နယ္ရဲမႈးႀကီး ခ်စ္ဦးက တဖက္က ရန္ျပဳတုိက္ခုိက္ႏိုင္ တာေၾကာင့္ ျဖစ္ေၾကာင္းနဲ႔ အရင္ တႏိုင္း ၂ႀကိမ္နဲ႔ ၀ိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ ၃ႀကိမ္ တုိက္ခိုက္ခဲ့ ရေၾကာင္း သတင္းစာ ရွင္းလင္းပဲြ မွာ ဒီလ ၁၇ ရက္ေန႔က သတင္းစာရွင္းလင္းပဲြမွာေျပာဆုိခဲ့ပါတယ္။
ေဒါက္တာ ခလပ္ ဆမ္ဆြန္ကေတာ့ ေသြးထြက္သံယိုမႈေတြမျဖစ္ေအာင္ ထိန္းသိမ္းေဆာင္ရြက္ သြားမွာ ျဖစ္ေၾကာင္း ေျပာဆုိပါတယ္။
“ေသြးထြက္သံယိုမႈေတြမျဖစ္ေအာင္ေတာ့ က်ေနာ္တို႔ ဘာသာေရး အဖြဲ႔အစည္းအားလံုးကေန ထိန္းေက်ာင္း သြားမွာျဖစ္ပါတယ္။ ဒါက ႏိုင္ငံေရးလည္း မဟုတ္ဘူး။ ဘာမွႏိုင္ငံေရး ပေရာဂလည္းမရွိဘူး။ က်ေနာ္တို႔ရဲ႕ လူထု လွုပ္ရွားမႈ ဒီ ဘိန္းခင္းကို ျဖတ္တာပဲ။ ဒါဟာေကာင္းျမတ္တဲ့ လုပ္ငန္းဆိုတာ က်ေနာ္တို႔ အသိစိတ္နဲ႔ လုပ္တာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ကေျပာမယ္၊ သြားမယ္၊ ဘယ္ေလာက္အထိ ပိတ္ပင္မလဲဆိုတာကေတာ့ က်ေနာ္တို႔က လက္ေတြ႔ လုပ္မွပဲ ေတြ႔ရမွာေပါ့။”
ကခ်င္ျပည္ ဒီမုိကေရစီပါတီဥကၠ႒ ေဒါက္တာတူးဂ်ာကေတာ့ တိုက္ခုိက္တာေတြ မျဖစ္ေအာင္ အာဏာပိုင္ေတြက ႏွစ္ဖက္ညိွႏိႈင္းၿပီး ေဆာင္ရြက္သင့္တယ္လုိ႔ အခုလို ေျပာပါတယ္။
“အေကာင္းဆံုးက က်ေနာ္ျမင္တာက ဒီအာဏာပိုင္ေတြအေနနဲ႔ေပါ့၊ အခုဒီ မူးယစ္ေဆး၀ါးႏိွမ္နင္းတဲ့ ေခါင္းေဆာင္ေတြအေနနဲ႔ေရာ ဘိန္းခင္းေတာင္သူေတြနဲ႔ေရာ တာ၀န္ရွိသူေတြနဲ႔ပါ ညိွႏိွဳင္းေပးၿပီးေတာ့မွ အဆင္ေျပေအာင္လုပ္ေပးမယ္ဆိုရင္ အေကာင္ဆံုးပါ။ ဒီအဖြဲ႔ေတြက ဆက္သြားဖို႔ တကဲကဲျဖစ္ေနတာ။ အဲဒါဆိုရင္ ဒီမွာလည္းျပႆနာ ေပၚႏိုင္တယ္။ ၿပီးရင္ ဆက္သြားလို႔ရွိရင္ ဟိုမွာလည္း ျပႆနာ ေပၚႏိုင္တယ္။ ဆိုေတာ့ဒါ အင္မတန္စိုးရမ္စရာ ေကာင္းတယ္၊ ရင္ေလးစရာ ေကာင္းပါတယ္။”
ကခ်င္ျပည္နယ္က မူးယစ္တုိက္ဖ်က္ေရးအဖဲြ႔ေတြဟာ ဒီႏွစ္ ဘိန္းစိုက္ရာသီမွာ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ စစ္ကိုင္းတုိင္းေဒသၾကီး ဟူးေကာင္းေတာင္ၾကားေဒသက ဘိန္းခင္းဧက ၈ ေထာင္ေလာက္ကို ဖ်က္ဆီးခဲ့ၿပီလုိ႔လည္း သတင္းထုတ္ျပန္ထားပါတယ္။
လက္ရိွ ကခ်င္လူထုအေျချပဳ မူးယစ္တိုက္ဖ်က္ေရးအဖဲြ႔ေတြသြားေရာက္မယ့္ ကန္ပိုက္တီးေဒသဟာ ဦးစခုန္တိန္းယိန္းေခါင္းေဆာင္တဲ့ NDA-K ( ေခၚ ) အပစ္ရပ္ ကခ်င္ဒီမုိကေရစီသစ္တပ္ဖဲြ႔ကေန အသြင္ေျပာင္းထားတဲ့ နယ္ျခားေစာင့္တပ္နဲ႔ ျပည္သူ႔စစ္ အဖဲြ႔ေတြ ထိန္းခ်ဳပ္ထားတဲ့နယ္ေျမျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြကာလကလည္း အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD အပါအ၀င္ ႏိုင္ငံေရးပါတီတခ်ိဳ႕ကို အဲဒီနယ္ေျမမွာ မလာေရာက္ဖုိ႔ ပိတ္ပင္တာေတြ ရိွခဲ့ဖူးပါတယ္။
ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........................................
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေလမ်းခွဲမှာ တားဆီးခံထားရတဲ့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဟာ ကန်ပိုက်တီမြို့နယ်အတွင်းက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့အတွက် မနက်ဖြန်မှ ဆက်လက်ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ လောလောဆည် လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးထားသလို ဘိန်းခင်းရှင်တွေက လက်နက်ကိုင် ဟန့်တားဖို့ ပြင်ဆင်ထား တာကြောင့် တင်းမာလာမယ့်အခြေအနေတွေရှိနေပါတယ်။ ဒီသတင်းကို တော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan အဖွဲ့ဝင် ၄ ထောင်လောက်ဟာ ဆဒုံး၊ ချီဖွေလမ်းခွဲမှာ ဒီလ ၁၆ ရက်နေ့တည်းက ရဲနဲ့ စစ်တပ်က တားဆီးထားတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က လူအင်အား တသောင်းလောက် လာရောက်စုဝေးပြီး လုပ်ငန်းအောင်မြင်ဖို့ ၀တ်ပြုဆုတောင်းပြီးတဲ့နောက်မှာ ဒီကနေ့မှာတော့ ဘိန်းခင်းတွေဖျက်ဆီးဖို့ အတွက် ဆက်လက်ထွက်ခွာဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီအခြေအနေကို ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ အကြံပေးအဖွဲ့ဝင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှုး ဒေါက်တာခလပ် ဆမ်ဆွန် က အခုလို ပြောပါတယ်။
“အခုကျနော်တို့က အဲဒါကို သက်ဆိုင်ရာတွေနဲ့လည်း ကျနော်တို့ တော်တော် ညှိနှိုင်းတယ်။ ဒါပေမယ့် ထူးခြားမှု တွေကတော့ မရှိဘူး။ ကျနော်တို့လူတွေကလည်း တပတ်လောက်ရှိပြီဆိုတော့ ပင်ပန်း လာပြီ။ သူတို့ပြောတဲ့ အကြောင်းအရာတွေ ကလည်း ကျနော်တို့လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ပိတ်ပင်တားဆီးမှုကိုတော့ ကျနော်တို့က နားမလည်နိုင်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အားလုံးက ဒီလူထုအခြေပြု မူးယစ်ဆေးဝါးက မနက်ဖြန် ကျနော်တို့ ရောက်နိုင် တဲ့အထိ ရောက်အောင်သွားပြီးမှ လုပ်ငန်းစဖို့ အဲလိုဆုံးဖြတ်ထားပါတယ်။ သူတို့ကို ကျနော်တို့ တောင်းဆိုမယ်။ စာလည်း ရေးထားတယ်။ အကြောင်းကြားပြီးမှ ကျနော်တို့သွားမှာဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ရက်တွေကတော့ ကန်ပိုက်တီးနယ်ဘက်က ဘိန်းခင်းရှင်တွေဟာ သေနတ်၊ ဒုတ်၊ ဒါး စတဲ့လက်နက်ကိုတွေကိုင်ဆောင်ပြီး လူအင်အား ၂၀၀ လောက်နဲ့ လမ်းခရီးမှာ စောင့်ဆိုင်းနေတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့တာကြောင့် လုံခြံုရေးတပ်ဖွဲ့တွေက မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေကို ဒီလ ၁၆ ရက်နေ့မှာ ဆက်လက်မသွားဖို့ တားဆီးခဲ့တာဖြစ်ပါတယ်။
ဒီလို တားဆီးတာနဲ့ပတ်သက်ပြီး ပြည်နယ်ရဲမှုးကြီး ချစ်ဦးက တဖက်က ရန်ပြုတိုက်ခိုက်နိုင် တာကြောင့် ဖြစ်ကြောင်းနဲ့ အရင် တနိုင်း ၂ကြိမ်နဲ့ ၀ိုင်းမော်မြို့နယ်အတွင်းမှာ ၃ကြိမ် တိုက်ခိုက်ခဲ့ ရကြောင်း သတင်းစာ ရှင်းလင်းပွဲ မှာ ဒီလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
ဒေါက်တာ ခလပ် ဆမ်ဆွန်ကတော့ သွေးထွက်သံယိုမှုတွေမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
“သွေးထွက်သံယိုမှုတွေမဖြစ်အောင်တော့ ကျနော်တို့ ဘာသာရေး အဖွဲ့အစည်းအားလုံးကနေ ထိန်းကျောင်း သွားမှာဖြစ်ပါတယ်။ ဒါက နိုင်ငံရေးလည်း မဟုတ်ဘူး။ ဘာမှနိုင်ငံရေး ပရောဂလည်းမရှိဘူး။ ကျနော်တို့ရဲ့ လူထု လှုပ်ရှားမှု ဒီ ဘိန်းခင်းကို ဖြတ်တာပဲ။ ဒါဟာကောင်းမြတ်တဲ့ လုပ်ငန်းဆိုတာ ကျနော်တို့ အသိစိတ်နဲ့ လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကပြောမယ်၊ သွားမယ်၊ ဘယ်လောက်အထိ ပိတ်ပင်မလဲဆိုတာကတော့ ကျနော်တို့က လက်တွေ့ လုပ်မှပဲ တွေ့ရမှာပေါ့။”
ကချင်ပြည် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ တိုက်ခိုက်တာတွေ မဖြစ်အောင် အာဏာပိုင်တွေက နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်သင့်တယ်လို့ အခုလို ပြောပါတယ်။
“အကောင်းဆုံးက ကျနော်မြင်တာက ဒီအာဏာပိုင်တွေအနေနဲ့ပေါ့၊ အခုဒီ မူးယစ်ဆေးဝါးနှိမ်နင်းတဲ့ ခေါင်းဆောင်တွေအနေနဲ့ရော ဘိန်းခင်းတောင်သူတွေနဲ့ရော တာဝန်ရှိသူတွေနဲ့ပါ ညှိနှိုင်းပေးပြီးတော့မှ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင် အကောင်ဆုံးပါ။ ဒီအဖွဲ့တွေက ဆက်သွားဖို့ တကဲကဲဖြစ်နေတာ။ အဲဒါဆိုရင် ဒီမှာလည်းပြဿနာ ပေါ်နိုင်တယ်။ ပြီးရင် ဆက်သွားလို့ရှိရင် ဟိုမှာလည်း ပြဿနာ ပေါ်နိုင်တယ်။ ဆိုတော့ဒါ အင်မတန်စိုးရမ်စရာ ကောင်းတယ်၊ ရင်လေးစရာ ကောင်းပါတယ်။”
ကချင်ပြည်နယ်က မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေဟာ ဒီနှစ် ဘိန်းစိုက်ရာသီမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈ ထောင်လောက်ကို ဖျက်ဆီးခဲ့ပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေသွားရောက်မယ့် ကန်ပိုက်တီးဒေသဟာ ဦးစခုန်တိန်းယိန်းခေါင်းဆောင်တဲ့ NDA-K ( ခေါ် ) အပစ်ရပ် ကချင်ဒီမိုကရေစီသစ်တပ်ဖွဲ့ကနေ အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီတချို့ကို အဲဒီနယ်မြေမှာ မလာရောက်ဖို့ ပိတ်ပင်တာတွေ ရှိခဲ့ဖူးပါတယ်။
ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com