ေျမျပိဳမႈ မၾကာခဏ ျဖစ္ပြားသည့္ ဖားကန္႔ၿမိဳ႕နယ္ အတြင္းရွိ ေမာ္လကင္ ေမွာ္တြင္ ေဖေဖာ္၀ါရီ ၂၁ ရက္ မြန္းလြဲပိုင္းက ေျမၿပိဳက်မႈ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေျမတူးယာဥ္ ဘတ္ဟိုးေမာင္းႏွင္သူ တစ္ဦး ေသဆုံးခဲ့ၿပီး ဘတ္ဟိုး ၂ စီး နစ္ျမဳပ္ခဲ့ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ သတင္းသမားေတြ ၿပိဳၿပီးလို႔ ေရာက္သြားေတာ့ လူမေသဘူးလုိ႔ ေၿပာပါတယ္ ။ ေနာက္ပုိင္း မ်က္ၿမင္ေတြကလည္း ေျပာ ၊ ဌာနဆိုင္ရာေတြလည္း ေရာက္လာမွ ဘက္ဟုိး ၂ စီးနဲ ႔ ဘက္ဟုိးေမာင္းတဲ့လူ တစ္ေယာက္ပါသြားတယ္လုိ႔ ဝန္ခံပါတယ္” ဟု ေဒသခံ သတင္းသမားျဖစ္သူ ကိုေဇာ္မိုးထက္က The Ladies News သို႔ ေျပာသည္။
အဆိုေျမၿပိဳမႈသည္ အဲဗား၀င္းနား ကုမၸဏီ၏ လုပ္ကြက္ ေမာ္လကင္ေမွာ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး၊ ေက်ာက္မ်က္ကုမၸဏီမ်ားသည္ အခ်ိန္တိုအတြင္း ရႏိုင္သမွ် လုလုပ္ေနၾကၿပီး ေတာင္ၿဖိဳမိုင္းမ်ား အသုံးျပဳမႈေၾကာင့္ ကမ္းပါးအေတာ္မ်ားမ်ားလည္း အက္ကြဲေနေၾကာင္း ေဒသခံမ်ားကေျပာသည္။
ဖားကန္႕ၿမိဳ႕နယ္ အတြင္းတြင္ ၿပီးခဲ့သည့္ ႏွစ္ ႏို၀င္ဘာ ၂၁ ရက္က ဆိပ္မူေက်းရြာအုပ္စု စုေပါင္းေျမစာပုံ ၿပိဳက်မႈေၾကာင့္ လူ ၁၁၄ ဦး ေသဆုံးခဲ့ၿပီးေနာက္ ေျမစာပုံၿပိဳက်မႈမ်ား ထပ္မံျဖစ္ပြားလ်က္ရွိၿပီး လူေသဆုံးမႈမ်ားလည္း ရွိေနသည္။ ဖားကန္႕ ေက်ာက္စိမ္းေဒသ အတြင္းတြင္ ျမန္မာႏိုင္ငံအႏွံ႔မွ ေရႊ႕ေျပာင္း လုပ္ကိုင္သူ ႏွစ္သိန္း၀န္းက်င္ခန္႕ ရွိေၾကာင္းလည္း သိရသည္။
သတင္း - ေဇာ္မင္းထြန္း
The Ladies News
https://www.facebook.com/News.TheLadies
..........
မြေပြိုမှု မကြာခဏ ဖြစ်ပွားသည့် ဖားကန့်မြို့နယ် အတွင်းရှိ မော်လကင် မှော်တွင် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်းကြောင့် မြေတူးယာဉ် ဘတ်ဟိုးမောင်းနှင်သူ တစ်ဦး သေဆုံးခဲ့ပြီး ဘတ်ဟိုး ၂ စီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းသမားတွေ ပြိုပြီးလို့ ရောက်သွားတော့ လူမသေဘူးလို့ ပြောပါတယ် ။ နောက်ပိုင်း မျက်မြင်တွေကလည်း ပြော ၊ ဌာနဆိုင်ရာတွေလည်း ရောက်လာမှ ဘက်ဟိုး ၂ စီးနဲ ့ ဘက်ဟိုးမောင်းတဲ့လူ တစ်ယောက်ပါသွားတယ်လို့ ဝန်ခံပါတယ်” ဟု ဒေသခံ သတင်းသမားဖြစ်သူ ကိုဇော်မိုးထက်က The Ladies News သို့ ပြောသည်။
အဆိုမြေပြိုမှုသည် အဲဗားဝင်းနား ကုမ္ပဏီ၏ လုပ်ကွက် မော်လကင်မှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကျောက်မျက်ကုမ္ပဏီများသည် အချိန်တိုအတွင်း ရနိုင်သမျှ လုလုပ်နေကြပြီး တောင်ဖြိုမိုင်းများ အသုံးပြုမှုကြောင့် ကမ်းပါးအတော်များများလည်း အက်ကွဲနေကြောင်း ဒေသခံများကပြောသည်။
ဖားကန့်မြို့နယ် အတွင်းတွင် ပြီးခဲ့သည့် နှစ် နိုဝင်ဘာ ၂၁ ရက်က ဆိပ်မူကျေးရွာအုပ်စု စုပေါင်းမြေစာပုံ ပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးခဲ့ပြီးနောက် မြေစာပုံပြိုကျမှုများ ထပ်မံဖြစ်ပွားလျက်ရှိပြီး လူသေဆုံးမှုများလည်း ရှိနေသည်။ ဖားကန့် ကျောက်စိမ်းဒေသ အတွင်းတွင် မြန်မာနိုင်ငံအနှံ့မှ ရွှေ့ပြောင်း လုပ်ကိုင်သူ နှစ်သိန်းဝန်းကျင်ခန့် ရှိကြောင်းလည်း သိရသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies