ျမန္မာႏိုင္ငံလႊတ္ေတာ္ဆိုင္ရာအဖြဲ ႔(MPU) ျပန္လည္ ဖြဲ႔စည္းေရး
အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ အသီးသီးမွ ဥကၠ႒မ်ားႏွင့္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒တို႔ အစည္းအေဝး တစ္ရပ္ကို ေနျပည္ေတာ္ လႊတ္ေတာ္ဝင္းအတြင္းရွိ ဇဗၼဴသီိရိေဆာင္တြင္ က်င္းပခဲ့သည္။
“ လႊတ္ေတာ္ဖြဲ႔စည္းေရး ကိစၥပါပဲ၊ တက္လာၾကတဲ့ ဥကၠ႒ေတြ အားလံုး သေဘာတူပါတယ္။ ဘာမွ ကန္႔ကြက္စရာ မရွိပါဘူး ” ဟု ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွက ေျပာသည္။
ယင္း ျမန္မာႏိုင္ငံ လႊတ္ေတာ္ဆိုင္ရာအဖြဲ႔ (MPU) ဖြဲ႔စည္းေရး အေကာင္အထည္ ေဖာ္ရန္ အစိုးရသစ္ ဖြဲ႔စည္းၿပီးသည့္ အခ်ိန္မွသာ ေဆာင္ရြက္မည္ ျဖစ္ေၾကာင္းလည္း ၄င္းက ဆိုသည္။
“ လႊတ္ေတာ္ဥကၠ႒ေတြရဲ႕ အရည္အေသြး တိုးတက္ေရးနဲ႔ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ပူးေပါင္း ေဆာင္ရြက္ဖို႔အတြက္ ဒီလိုေဆာင္ရြက္တာ ျဖစ္တယ္ ” ဟု မႏၱေလးတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္စိုးက ေျပာသည္။
သတင္း - ကိုေပါက္
The Ladies News
https://www.facebook.com/News.TheLadies
.........
မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ ့(MPU) ပြန်လည် ဖွဲ့စည်းရေး
အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးမှ ဥက္ကဋ္ဌများနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ အစည်းအဝေး တစ်ရပ်ကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္မူသီိရိဆောင်တွင် ကျင်းပခဲ့သည်။
“ လွှတ်တော်ဖွဲ့စည်းရေး ကိစ္စပါပဲ၊ တက်လာကြတဲ့ ဥက္ကဋ္ဌတွေ အားလုံး သဘောတူပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး ” ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။
ယင်း မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) ဖွဲ့စည်းရေး အကောင်အထည် ဖော်ရန် အစိုးရသစ် ဖွဲ့စည်းပြီးသည့် အချိန်မှသာ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။
“ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ အရည်အသွေး တိုးတက်ရေးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဒီလိုဆောင်ရွက်တာ ဖြစ်တယ် ” ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပြောသည်။
သတင်း - ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies