ပင်းတယဆေးရုံရဲ့ လူနာတွေ နားနေရာ ကားတာယာ ထိုင်ခုံလေးတွေပါ။
မြို့တိုင်းမြို့တိုင်းမှာ ကားတာယာဆိုတာ စွန့်ပစ်ပစ္စည်းပါ။ မိုးရွာလို့ ရေ၀င်ရင် သွေးလွန်တုပ်ကွေးခြင်
လည်း ပေါက်နိုင်ပါသေးတယ်။ တာယာဆိုင်တွေမှာ ပိုနေတဲ့ကားတာယာတွေကို အလှုခံပြီးခုလို
လုပ်လိုက်တော့ လူနာတွေခမျာ ထိုင်လို့လည်းကောင်း၊ သဘောလည်းကျ၊ စွန့်ပစ်ပစ္စည်းလည်း အသုံးဝင်၊ အဆင်ပြေလှပါတယ်။ပင်းတယထွက် ထီးကြီးကိုတော့ အလှုရှင် ကိုစိန်လင်းက လှုဒါန်းပေးခဲ့ပါတယ်။
ဒီနည်းပညာကို မန္တလေးမြို့ အထက၂၆
(ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်စိုး facebook -Golden Teak) ထံကနေ ရယူပြီး ပင်းတယဆေးရုံမှာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ Recycle ပညာ တိုးတက်ပါစေ။
Than Min Htut