Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မှန်လုံယာဉ်တစ်စီးဘရိတ်ပေါက်၍ ချောက်ထဲထိုးကျ အမျိုးသမီးတစ်ဦး သေဆုံး

$
0
0

ပြည် ဖေဖော်ဝါရီ ၂၄





မျိုးရန်ပိုင်ဝင်း
The Mirror Daily
...........


ပြည် ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စု အတွင်းရှိ ဖိုးဦးတောင်ပေါ်မှ မှန်လုံယာဉ်တစ်စီးချောက်ထဲထိုးကျမှု ဖေဖော်ဝါရီ ၂၃ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာHYUNDAR COUNTY MINI BUS အမျိုးအစား အစိမ်းရောင် YGN-5K/....မှန်လုံယာဉ်သည် ဖေဖော်ဝါရီ ၂၃ ရက်က ဖိုးဦးတောင်ပေါ်မှအဆင်းတွင် ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ထိုးကျတိမ်းမှောက်မှုကြောင့် မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာ သူ ၃ဝ ခန့်အနက် သာကေတမြို့နယ်နေ မဥမ္မာနိုင်(၃၉)နှစ်မှာ သေဆုံးသွားခဲ့ပြီး ကျန်လူများမှာ ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ပြည်မြို့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ယာဉ်များဖြင့်ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင် သွားသော ယဉ်မောင်း ကိုမောင်ဇော်အား ပန်းတောင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးရန်ပိုင်ဝင်း
The Mirror Daily
https://www.facebook.com/TheMirrorDaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...