Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေဖ့စ္ဘြတ္ခ္ေပၚတြင္ ခ်စ္ေရးဆိုကာ တရားဝင္ ဇနီးသုံးဦး ေပါင္းသင္းခဲ့ သူကို အမႈဖြင့္

$
0
0
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၄

ေက်ာက္တန္းၿမိဳ႕နယ္ႏွင့္ ခရမ္းၿမိဳ႕နယ္တို႔တြင္ ေနထိုင္ေသာ အသက္ ၂ဝေက်ာ္အ႐ြယ္ မိန္းကေလး သုံးဦးကို ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ လူပ်ဳိလူလြတ္ျဖစ္ေၾကာင္းေျပာဆိုၿပီး ခ်စ္ေရးဆိုကာ တရားဝင္ဇနီးမ်ားအျဖစ္ လက္ထပ္ခဲ့ေသာ အသက္ ၂၄ ႏွစ္အ႐ြယ္ လူငယ္ကို ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔က တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း ေက်ာက္တန္းၿမိဳ႕နယ္ တံတားနယ္ေျမ ရဲစခန္းထံမွသိရွိရသည္။

အမႈဖြင့္ခံထားရသူမွာ ခရမ္းၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္တြင္ ေနထိုင္ၿပီး ယခုႏွစ္ ဇန္နဝါရီလ ၂၂ ရက္ေန႔က ေက်ာက္တန္းၿမိဳ႕နယ္၊ တမံႀကီးေက်း႐ြာ တြင္ ေနထိုင္ေသာ အသက္ ၂၃ ႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ ေဖ့စ္ဘြတ္ခ္တြင္
ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့ၿပီး ေဖေဖာ္ဝါရီလ ၃ ရက္ေန႔တြင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံး၌ ႏွစ္ဦးသေဘာတူ လက္ထပ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း၊ ယင္းလူငယ္က အျခားအမ်ဳိးသမီးႏွစ္ဦးႏွင့္ တရားဝင္ လက္ထပ္ေပါင္းသင္း
ေနသူျဖစ္ေၾကာင္း မိန္းကေလး၏ မိသားစုဘက္မွ စုံစမ္းသိရွိခဲ့သျဖင့္ အမႈဖြင့္ တိုင္ၾကားခဲ့ေၾကာင္း တံတားနယ္ေျမ ရဲစခန္းမွဴး ရဲအုပ္ထြန္းထြန္းေဝက ေျပာၾကားသည္။

“ေဖ့စ္ဘြတ္ခ္မွာ လူပ်ဳိဆိုၿပီး မိန္းကေလးေတြကို ခ်စ္ေရးဆိုတယ္။ လက္ရွိ သုံးေယာက္ေျမာက္ မိန္းကေလးကို စစ္ကိုင္းတိုင္း၊ ေရႊဘိုၿမိဳ႕ကို ခိုးေျပး သြားတယ္။ ရပ္ကြက္႐ုံးမွာ လက္ထပ္ခဲ့ၿပီး အတူေပါင္းသင္းခဲ့ရာကေန
မိန္းကေလးက မသကၤာလို႔ သူ႔ေနာက္ေၾကာင္းေတြ လိုက္လံစုံစမ္းရင္း သိခဲ့ရတာ။ အတိုင္ခံရသူကို မမိေသးပါဘူး” ၄င္းက ေျပာၾကားသည္။

အဆိုပါ အမ်ဳိးသားမွာ ၂ဝ၁၅ခုႏွစ္က ေဖ့ဘြတ္ခ္စာမ်က္ႏွာတြင္ ခ်စ္သူျဖစ္ ခဲ့ေသာ ခရမ္းၿမိဳ႕နယ္ေနသူ အသက္ ၂၂ႏွစ္ အ႐ြယ္ မိန္းကေလးႏွင့္ေက်ာက္တန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ ၂၅ႏွစ္အ႐ြယ္ မိန္းကေလးတို႔ကို တရားဝင္ လက္ထပ္ထားသူျဖစ္ေၾကာင္း၊ ယင္းအမ်ဳိးသားကို တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးအေရးယူထားေၾကာင္း
ေက်ာက္တန္းၿမိဳ႕နယ္ တံတားနယ္ေျမ ရဲစခန္းထံမွ သိရွိရသည္။
The Voice Weekly
.............................
ဖေ့စ်ဘွတ်ခ်ပေါ်တွင် ချစ်ရေးဆိုကာ တရားဝင် ဇနီးသုံးဦး ပေါင်းသင်းခဲ့ သူကို အမှုဖွင့်
--------------------------------------
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကျောက်တန်းမြို့နယ်နှင့် ခရမ်းမြို့နယ်တို့တွင် နေထိုင်သော အသက် ၂ဝကျော်အရွယ် မိန်းကလေး သုံးဦးကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူပျိုလူလွတ်ဖြစ်ကြောင်းပြောဆိုပြီး ချစ်ရေးဆိုကာ တရားဝင်ဇနီးများအဖြစ် လက်ထပ်ခဲ့သော အသက် ၂၄ နှစ်အရွယ် လူငယ်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တန်းမြို့နယ် တံတားနယ်မြေ ရဲစခန်းထံမှသိရှိရသည်။

အမှုဖွင့်ခံထားရသူမှာ ခရမ်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် နေထိုင်ပြီး ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျောက်တန်းမြို့နယ်၊ တမံကြီးကျေးရွာ တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် မိန်းကလေးနှင့် ဖေ့စ်ဘွတ်ခ်တွင်
တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နှစ်ဦးသဘောတူ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ယင်းလူငယ်က အခြားအမျိုးသမီးနှစ်ဦးနှင့် တရားဝင် လက်ထပ်ပေါင်းသင်း
နေသူဖြစ်ကြောင်း မိန်းကလေး၏ မိသားစုဘက်မှ စုံစမ်းသိရှိခဲ့သဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း တံတားနယ်မြေ ရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းဝေက ပြောကြားသည်။

“ဖေ့စ်ဘွတ်ခ်မှာ လူပျိုဆိုပြီး မိန်းကလေးတွေကို ချစ်ရေးဆိုတယ်။ လက်ရှိ သုံးယောက်မြောက် မိန်းကလေးကို စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို ခိုးပြေး သွားတယ်။ ရပ်ကွက်ရုံးမှာ လက်ထပ်ခဲ့ပြီး အတူပေါင်းသင်းခဲ့ရာကနေ
မိန်းကလေးက မသင်္ကာလို့ သူ့နောက်ကြောင်းတွေ လိုက်လံစုံစမ်းရင်း သိခဲ့ရတာ။ အတိုင်ခံရသူကို မမိသေးပါဘူး” ၄င်းက ပြောကြားသည်။

အဆိုပါ အမျိုးသားမှာ ၂ဝ၁၅ခုနှစ်က ဖေ့ဘွတ်ခ်စာမျက်နှာတွင် ချစ်သူဖြစ် ခဲ့သော ခရမ်းမြို့နယ်နေသူ အသက် ၂၂နှစ် အရွယ် မိန်းကလေးနှင့်
ကျောက်တန်းမြို့နယ်တွင် နေထိုင်သော အသက် ၂၅နှစ်အရွယ် မိန်းကလေးတို့ကို တရားဝင် လက်ထပ်ထားသူဖြစ်ကြောင်း၊ ယင်းအမျိုးသားကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ
ပုဒ်မ ၁၇ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း
ကျောက်တန်းမြို့နယ် တံတားနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly




Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>