Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

Pat Jasan တိုက္ခိုက္ ခံရမႈ ျမစ္ႀကီးနား ၿမိဳ႕ေပၚ ဆႏၵျပ

$
0
0
ေဒသခံ ကခ်င္လူမ်ိဳးေတြက ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ရံုးေရွ႕မွာ ဆႏၵျပမႈ။ Photo Credit to Jade Land 
ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ အတြင္း ဘိန္းခင္းဖ်က္ဖို႔ သြားေရာက္ခဲ့တဲ့ Pat Jasan ေခၚ လူထု အေျချပဳ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးအဖဲြ႔ တိုက္ခိုက္ခံ ရမႈျဖစ္ၿပီး၊ ျမစ္ႀကီးနားေဆးရံုေပၚကို အနည္းဆံုး ဒဏ္ရာရသူ ၃၀ ေရာက္ရိွ လာရာမွာ ႏွစ္ဦး ေသဆံုးခဲ့တယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚေနပါတယ္။ တခ်ိန္တည္းမွာပဲ ျမစ္ႀကီးနားၿမိဳ႕ေပၚမွာ ေဒသခံကခ်င္လူမ်ိဳးေတြက ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ကခ်င္ျပည္နယ္၀န္ႀကီးခ်ဳပ္ရံုးေရွ႕မွာ ဆႏၵျပမႈေတြ ရိွေနပါတယ္။

ဒီအေျခအေနေတြနဲ႔ပတ္သက္လို႔ ကခ်င္လူထုနဲ႔အာဏာပို္င္ေတြၾကား ၀င္ေရာက္ ညိႇႏိႈင္းေပးေနတဲ့ PCG ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔က ဦးဆန္းေအာင္ကို ဗီြအိုေအ သတင္းေထာက္ မေမခ မၾကာေသးခင္ကပဲ ဆက္သြယ္ေမးျမန္း ထားပါတယ္။

ဦးဆန္းေအာင္။    ။ ေသတာေတာ့ က်ေနာ္ မသိေသးဘူး။ အခု ဒဏ္ရာ ရတာေတာ့ လူသံုးဆယ္ေက်ာ္ေလာက္ရွိတယ္။ ေဆး႐ံုမွာ ေရာ္ကေနတာ သံုးဆယ္ေက်ာ္ေလာက္ရွိတယ္။

ေမခ။   ။ Kachin Land FB မွာ တက္လာတာ ႏွစ္ေယာက္ေသ သြားတယ္ လို႔ ေျပာေနလို႔ပါရွင့္။

ဦးဆန္းေအာင္။     ။ ခုနက ေသမလို ျဖစ္တဲ့ဟာက အဲ့ဒီ့ထဲက မဟုတ္ပဲနဲ႔။ အခု ေနာက္ေရာက္လာတဲ့ဟာထဲက မဟုတ္ရင္ေတာ့ ေသမလိုျဖစ္တာ မပါဘူး။ အဲ့ဒီ့မွာ ေသမလိုျဖစ္တဲ့တေယာက္ကေတာ့ တရားခံေပါ့ေနာ္။ တ႐ုတ္ျပည္က တ႐ုတ္ ဘိန္းစိုက္ေနတဲ့သူ၊ ၿပီးေတာ့ အဲ့ PJS အဖြဲ႔ေတြကို မိုင္းခြဲတဲ့သူ၊ သူ႔မုိင္းနဲ႔သူ ထိတာ။ အဲ့တေယာက္ကေတာ့ ေသမလိုျဖစ္ေနတာ။ အခုနက ေအာက္ဆီဂ်င္နဲ႔ အသက္႐ႈေနတာေတြ႔တယ္။ ျမစ္ႀကီးနားေဆး႐ံုမွာပဲ။ အတူတူပဲ။ သူက တ႐ုတ္ႏုိင္ငံသားလို႔ေျပာတယ္။ ဘာစကားမွာလည္း မတတ္ဘူး။ ကခ်င္စကားလည္း မတတ္ဘူး။ ဗမာစကားလည္း မတတ္ဘူး။

ေမခ။   ။ အဲ့ဒီ့လူနဲ႔က ဘယ္မွာ ထိေတြ႔မႈျဖစ္တာလဲ။ ဥပမာ သူက အဲ့ဒီ့ဗံုးကို ဘယ္မွာ ေထာင္တာလဲ။

ဦးဆန္းေအာင္။    ။ အနီးကပ္ပစ္တဲ့အခါက်ေတာ့ သူက ထိသြားတာ။ အမ်ားႀကီး ထိသြားတဲ့သေဘာရွိတယ္။ ကန္ပိုင္တီနားမွာေပါ့။ ဝမ္ေမာဆိုတဲ့ရြာေပါ့ အဲ့ဒီ့ကန္ပိုင္တီနား လမ္းေဘးဝဲယာက အားလံုး ဘိန္းခင္းေတြခ်ည္းပဲ။

ေမခ။   ။ အခုသတင္းေတြၾကားေနရတာက ဦးဆခုန္တိုန္ယင္းရဲ႕ အိမ္ကို ဝိုင္းမယ္ဆိုၿပီးေတာ့ သတင္းေတြ ၾကားေနတယ္။ ျမစ္ႀကီးနား ရဲစခန္း ေရွ႕မွာ လူေတြ ဆႏၵျပေနတယ္လို႔ ေျပာေနတယ္ရွင့္။ အ့ဲတာေရာ ဟုတ္ပါ့သလား။

ဦးဆန္းေအာင္။   ။ ခုနက က်ေနာ္ ေဆး႐ံုေရွ႕ကိုေရာက္ေတာ့ ဆႏၵျပၿပီး ေအာ္ေနတာေတာ့ ေတြ႔တယ္။ ေတာ္ေတာ္ေလး ေအာ္ေနၾကတယ္။ လူေတြက ေထာင္ဂဏန္းေလာက္ျဖစ္ေနတယ္။ ဒီေန႔ ဝန္ႀကီးခ်ဳပ္ အိမ္မွာ သြားမယ္။ ၿပီးရင္ ျပန္မယ္ဆုိတာေလာက္ပဲ က်ေနာ္ သိတယ္။ ရဲစခန္းကို ဝိုင္းၿပီး ဆႏၵေဖာ္ထုတ္တယ္ဆိုတာေတာ့ မသိဘူး။

ေမခ။   ။ အခု လက္ရွိအေျခအေနနဲ႔ပတ္သက္ၿပီးေတာ့ အန္ကယ္လ္တို႔ဘက္က ဘာေတြမ်ား လုပ္ဖို႔ အစီအစဥ္မ်ား ရွိပါသလဲရွင့္။

ဦးဆန္းေအာင္။    ။ က်ေနာ္တို႔ အဖြဲ႔ကေတာ့ တကြဲတျပားဆို မေကာင္းဘူးေလ။ က်ေနာ္တို႔အဖြဲ႔က ဦးလမိုင္ဂြမ္ဂ်ာကေတာ့ ျပည္နယ္ ရဲတပ္ဖြဲ႔မွဳးနဲ႔ Pa Jasan အဖြဲ႔ေတြနဲ႔ ညိႇႏိႈင္းေပးတာမ်ိဳးေတြေတာ့ ရွိတယ္။

ေမခ။    ။ ဒါဆိုရင္ အခုလက္ရွိ Pa Jasan အဖြဲ႔က ေသတာမရွိဘူးေနာ္။

ဦးဆန္းေအာင္။   ။ မရွိေလာက္ေသးဘူးခင္ဗ်။ က်ေနာ္ ခုနက ေဆး႐ံုေရာက္တဲ့ အခ်ိန္မွာ လူက အေယာက္သံုးဆယ္ေရာက္တယ္။ ေနာက္မွ ကိုးဦး လုိက္လာတယ္ေျပာတယ္။ အဲ့ဒီ့ကိုးဦးအေျခအေန ဘယ္လိုရွိသလဲဆိုတာေတာ့ က်ေနာ္ မသိရေသးဘူး။

ေမခ။   ။ ဒါဆို အခုေရာက္ေနတဲ့လူသံုးဆယ္ထဲမွာေရာ အသက္အႏၱရာယ္ စိုးရိမ္ရတဲ့ အေနအထားမွာ ရွိပါလားရွင့္။

ဦးဆန္းေအာင္။   ။ အဲ့ဒီ့အေယာက္ ၃၀ထဲမွာ အသက္အႏၱရာယ္ စိုးရိမ္ရတာေတာ့ မပါဘူးခင္ဗ်။ အဲ့ဒီ့သံုးဆယ္ထဲမွာ ကိုယ္တုိင္ မိုင္းဆြဲတဲ့ ဘိန္းခင္းပိုင္ရွင္ တေယာက္ပါလာတာ အဲဒီ့သူတေယာက္ကေတာ့ နည္းနည္းစိုးရိမ္စရာျဖစ္တယ္။ သူ႔ဒဏ္ရာေတြကေတာ့ မိုင္းက ထိတဲ့ဒဏ္ရာေတြရွိသလို တခ်ိဳ႕က်ေတာ့ ေသနတ္နဲ႔ နယ္ျခားေစာင့္တပ္က ဝိုင္းထားၿပီးမွ တုတ္နဲ႔ ရိုက္ခံရတဲ့သူေတြရွိတယ္။ တခ်ိဳ႕က ေသနတ္နဲ႔ အပစ္ခံရတာေတြရွိတယ္။ တခ်ိဳ႕က ဓားနဲ႔ အခုတ္ခံရတာရွိတယ္။

ကခ်င္လူထုနဲ႔အာဏာပို္င္ေတြၾကား ၀င္ေရာက္ ညိႇႏိႈင္းေပးေနတဲ့ PCG ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔က ဦးဆန္းေအာင္ကို ဗီြအိုေအ သတင္းေထာက္ မေမခ ဆက္သြယ္ေမးျမန္း ထားတာျဖစ္ပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................


ဒေသခံ ကချင်လူမျိုးတွေက ကချင်ပြည်နယ် ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြမှု။ Photo Credit to Jade Land
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း ဘိန်းခင်းဖျက်ဖို့ သွားရောက်ခဲ့တဲ့ Pat Jasan ခေါ် လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံ ရမှုဖြစ်ပြီး၊ မြစ်ကြီးနားဆေးရုံပေါ်ကို အနည်းဆုံး ဒဏ်ရာရသူ ၃၀ ရောက်ရှိ လာရာမှာ နှစ်ဦး သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ တချိန်တည်းမှာပဲ မြစ်ကြီးနားမြို့ပေါ်မှာ ဒေသခံကချင်လူမျိုးတွေက ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကချင်လူထုနဲ့အာဏာပို်င်တွေကြား ၀င်ရောက် ညှိနှိုင်းပေးနေတဲ့ PCG ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးဆန်းအောင်ကို ဗွီအိုအေ သတင်းထောက် မမေခ မကြာသေးခင်ကပဲ ဆက်သွယ်မေးမြန်း ထားပါတယ်။

ဦးဆန်းအောင်။    ။ သေတာတော့ ကျနော် မသိသေးဘူး။ အခု ဒဏ်ရာ ရတာတော့ လူသုံးဆယ်ကျော်လောက်ရှိတယ်။ ဆေးရုံမှာ ရော်ကနေတာ သုံးဆယ်ကျော်လောက်ရှိတယ်။

မေခ။   ။ Kachin Land FB မှာ တက်လာတာ နှစ်ယောက်သေ သွားတယ် လို့ ပြောနေလို့ပါရှင့်။

ဦးဆန်းအောင်။     ။ ခုနက သေမလို ဖြစ်တဲ့ဟာက အဲ့ဒီ့ထဲက မဟုတ်ပဲနဲ့။ အခု နောက်ရောက်လာတဲ့ဟာထဲက မဟုတ်ရင်တော့ သေမလိုဖြစ်တာ မပါဘူး။ အဲ့ဒီ့မှာ သေမလိုဖြစ်တဲ့တယောက်ကတော့ တရားခံပေါ့နော်။ တရုတ်ပြည်က တရုတ် ဘိန်းစိုက်နေတဲ့သူ၊ ပြီးတော့ အဲ့ PJS အဖွဲ့တွေကို မိုင်းခွဲတဲ့သူ၊ သူ့မိုင်းနဲ့သူ ထိတာ။ အဲ့တယောက်ကတော့ သေမလိုဖြစ်နေတာ။ အခုနက အောက်ဆီဂျင်နဲ့ အသက်ရှုနေတာတွေ့တယ်။ မြစ်ကြီးနားဆေးရုံမှာပဲ။ အတူတူပဲ။ သူက တရုတ်နိုင်ငံသားလို့ပြောတယ်။ ဘာစကားမှာလည်း မတတ်ဘူး။ ကချင်စကားလည်း မတတ်ဘူး။ ဗမာစကားလည်း မတတ်ဘူး။

မေခ။   ။ အဲ့ဒီ့လူနဲ့က ဘယ်မှာ ထိတွေ့မှုဖြစ်တာလဲ။ ဥပမာ သူက အဲ့ဒီ့ဗုံးကို ဘယ်မှာ ထောင်တာလဲ။

ဦးဆန်းအောင်။    ။ အနီးကပ်ပစ်တဲ့အခါကျတော့ သူက ထိသွားတာ။ အများကြီး ထိသွားတဲ့သဘောရှိတယ်။ ကန်ပိုင်တီနားမှာပေါ့။ ဝမ်မောဆိုတဲ့ရွာပေါ့ အဲ့ဒီ့ကန်ပိုင်တီနား လမ်းဘေးဝဲယာက အားလုံး ဘိန်းခင်းတွေချည်းပဲ။

မေခ။   ။ အခုသတင်းတွေကြားနေရတာက ဦးဆခုန်တိုန်ယင်းရဲ့ အိမ်ကို ဝိုင်းမယ်ဆိုပြီးတော့ သတင်းတွေ ကြားနေတယ်။ မြစ်ကြီးနား ရဲစခန်း ရှေ့မှာ လူတွေ ဆန္ဒပြနေတယ်လို့ ပြောနေတယ်ရှင့်။ အဲ့တာရော ဟုတ်ပါ့သလား။

ဦးဆန်းအောင်။   ။ ခုနက ကျနော် ဆေးရုံရှေ့ကိုရောက်တော့ ဆန္ဒပြပြီး အော်နေတာတော့ တွေ့တယ်။ တော်တော်လေး အော်နေကြတယ်။ လူတွေက ထောင်ဂဏန်းလောက်ဖြစ်နေတယ်။ ဒီနေ့ ဝန်ကြီးချုပ် အိမ်မှာ သွားမယ်။ ပြီးရင် ပြန်မယ်ဆိုတာလောက်ပဲ ကျနော် သိတယ်။ ရဲစခန်းကို ဝိုင်းပြီး ဆန္ဒဖော်ထုတ်တယ်ဆိုတာတော့ မသိဘူး။

မေခ။   ။ အခု လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ အန်ကယ်လ်တို့ဘက်က ဘာတွေများ လုပ်ဖို့ အစီအစဉ်များ ရှိပါသလဲရှင့်။

ဦးဆန်းအောင်။    ။ ကျနော်တို့ အဖွဲ့ကတော့ တကွဲတပြားဆို မကောင်းဘူးလေ။ ကျနော်တို့အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကတော့ ပြည်နယ် ရဲတပ်ဖွဲ့မှုးနဲ့ Pa Jasan အဖွဲ့တွေနဲ့ ညှိနှိုင်းပေးတာမျိုးတွေတော့ ရှိတယ်။

မေခ။    ။ ဒါဆိုရင် အခုလက်ရှိ Pa Jasan အဖွဲ့က သေတာမရှိဘူးနော်။

ဦးဆန်းအောင်။   ။ မရှိလောက်သေးဘူးခင်ဗျ။ ကျနော် ခုနက ဆေးရုံရောက်တဲ့ အချိန်မှာ လူက အယောက်သုံးဆယ်ရောက်တယ်။ နောက်မှ ကိုးဦး လိုက်လာတယ်ပြောတယ်။ အဲ့ဒီ့ကိုးဦးအခြေအနေ ဘယ်လိုရှိသလဲဆိုတာတော့ ကျနော် မသိရသေးဘူး။

မေခ။   ။ ဒါဆို အခုရောက်နေတဲ့လူသုံးဆယ်ထဲမှာရော အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါလားရှင့်။

ဦးဆန်းအောင်။   ။ အဲ့ဒီ့အယောက် ၃၀ထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတာတော့ မပါဘူးခင်ဗျ။ အဲ့ဒီ့သုံးဆယ်ထဲမှာ ကိုယ်တိုင် မိုင်းဆွဲတဲ့ ဘိန်းခင်းပိုင်ရှင် တယောက်ပါလာတာ အဲဒီ့သူတယောက်ကတော့ နည်းနည်းစိုးရိမ်စရာဖြစ်တယ်။ သူ့ဒဏ်ရာတွေကတော့ မိုင်းက ထိတဲ့ဒဏ်ရာတွေရှိသလို တချို့ကျတော့ သေနတ်နဲ့ နယ်ခြားစောင့်တပ်က ဝိုင်းထားပြီးမှ တုတ်နဲ့ ရိုက်ခံရတဲ့သူတွေရှိတယ်။ တချို့က သေနတ်နဲ့ အပစ်ခံရတာတွေရှိတယ်။ တချို့က ဓားနဲ့ အခုတ်ခံရတာရှိတယ်။

ကချင်လူထုနဲ့အာဏာပို်င်တွေကြား ၀င်ရောက် ညှိနှိုင်းပေးနေတဲ့ PCG ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးဆန်းအောင်ကို ဗွီအိုအေ သတင်းထောက် မမေခ ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...