Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေရႊႀတိဂံေဒသ မူးယစ္ ထုတ္လုပ္မႈ ျမင့္တက္ေနဆဲ

$
0
0
ျမန္မာႏိုင္ငံအပါအဝင္ျဖစ္တဲ့ ေရႊႀတိဂံေဒသ ျပ ေျမပံု။
အေရွ႕ေတာင္အာရွေဒသတြင္း စီးပြားေရးခ်ိတ္ဆက္မႈ စတင္လာခ်ိန္ မွာ ျမန္မာႏိုင္ငံ အပါအဝင္ျဖစ္တဲ့ ေရႊႀတိဂံေဒသကေန မူးယစ္ေဆးကုန္ကူးမႈေတြလဲ ဆက္လက္ျမင့္မားေနဆဲျဖစ္တယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႔က ဒီေန႔ ထုတ္ေျပာလိုက္ပါတယ္။

UNODC လို႔ အတိုေကာက္ေခၚတဲ့ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ ရံုးအေနနဲ႔ အစီရင္ခံစာသစ္တစ္ေစာင္ ထုတ္ျပန္ရာမွာ ဘိန္းနဲ႔ Methamphetamines စိတ္ၾကြေဆးျပားထုတ္လုပ္ဖို႔ လိုအပ္တဲ့ ဓာတုပစၥည္းေတြ ဒီအေရွ႕ေတာင္ အာရွေဒသထဲကို ဆက္လက္တိုးပြားလာေနတယ္၊ ဒီေဒသတြင္းမွာ စီးပြားေရးခ်ိတ္ဆက္မႈ ဆက္ျဖစ္လာတနဲ႔အမွ် ဒီျပႆနာက ပိုဆိုးလာဖို႔ရွိေနတယ္လို႔ ဆိုလိုက္ပါတယ္။

ဒီ ကုလသမဂၢ မူးယစ္နဲ႔ရာဇဝတ္မႈတိုက္ဖ်က္ေရးအဖြဲ႔ရဲ့ သုေတသီေတြက နယ္စပ္ေတြ ပိုဖြင့္လာတာ၊ ကုန္သြယ္မႈပမာဏေတြ တိုးျမႇင့္လာတာနဲ႔အမွ် ဒီမူးယစ္ေဆးစီးဆင္းမႈ ပိုျမန္လာဖို႔ အခြင့္အလမ္းပိုရသြားတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ တရားမဝင္ ကုန္ကူးမႈေတြဟာ တရားဝင္ ကုန္သြယ္မႈလမ္းေၾကာင္းေတြကို လိုက္ၿပီး အသံုးခ်ေနလို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာအပါအဝင္ အေရွ.ေတာင္အာရွက ဒီ ေဝးလံေခါင္ဖ်ားနယ္စပ္ေဒသေတြဟာ ဗဟိုအစိုးရ အာဏာ သက္ေရာက္မႈ အကန္႔အသတ္ျဖစ္ေနၿပီး၊ နယ္စပ္ေတြဟာလဲ တိတိက်က် သတ္မွတ္ထားတာမရွိတဲ့အတြက္ ခုလို မူးယစ္ေဆးဝါးအျပင္ အျခားနယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈေတြ ျဖစ္လာတာ ဆယ္စုႏွစ္ေတြ ခ်ီလာခဲ့ၿပီ၊ ဒီအထဲမွာ လူကုန္ကူးမႈနဲ႔ ေတာတြင္းတရိစာၦန္ကုန္ကူးမႈလဲပါတယ္လို႔ ဒီအစီရင္ခံစာက ေဖာ္ျပထားပါတယ္။

ဒီ ကုလသမဂၢ မူးယစ္ေဆးတိုက္ဖ်က္ေရးအဖြဲ႔ အစီရင္ခံစာထဲမွာပဲ ဒီတရားမဝင္ ကုန္ကူးမႈေတြရဲ့ ႏွစ္စဥ္တန္ဖိုးဟာ အေမရိကန္ေဒၚလာ အနည္းဆံုး ၁၀၀ ဘီလီလ်ံ ရွိတယ္၊ ဒီပမာဏဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားစြာရဲ့ စုစုေပါင္းျပည္တြင္း အသားတင္ထုတ္ကုန္ပမဏ GDP ထက္ေတာင္ မ်ားေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ တရုတ္ႏိုင္ငံထဲမွာ ရာဇဝတ္မႈႏွိမ္နင္းေရး ဥပေဒသက္ဝင္မႈ အားေကာင္းလာခ်ိန္မွာ တရုတ္ႏိုင္ငံက ရာဇဝတ္သားေတြဟာ ဥပေဒစိုးမိုးမႈ အားမေကာင္းတဲ့ အေရွ.ေတာင္အာရွႏိုင္ငံေတြထဲ ပိုဝင္လာေနတာမို႔ ASEAN အေရွ.ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔အေနနဲ႔ စီးပြားေရးခ်ိတ္ဆက္မႈအျပင္ အားနဲေနတဲ့ လံုၿခံဳေရးပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္ဖို႔ လိုေနတယ္လို႔ ဒီအစီရင္ခံစာက ေထာက္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........
 မြန်မာနိုင်ငံအပါအဝင်ဖြစ်တဲ့ ရွှေတြိဂံဒေသ ပြ မြေပုံ။
အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးချိတ်ဆက်မှု စတင်လာချိန် မှာ မြန်မာနိုင်ငံ အပါအဝင်ဖြစ်တဲ့ ရွှေတြိဂံဒေသကနေ မူးယစ်ဆေးကုန်ကူးမှုတွေလဲ ဆက်လက်မြင့်မားနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြောလိုက်ပါတယ်။

UNODC လို့ အတိုကောက်ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ရုံးအနေနဲ့ အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်ရာမှာ ဘိန်းနဲ့ Methamphetamines စိတ်ကြွဆေးပြားထုတ်လုပ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ ဒီအရှေ့တောင် အာရှဒေသထဲကို ဆက်လက်တိုးပွားလာနေတယ်၊ ဒီဒေသတွင်းမှာ စီးပွားရေးချိတ်ဆက်မှု ဆက်ဖြစ်လာတနဲ့အမျှ ဒီပြဿနာက ပိုဆိုးလာဖို့ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

ဒီ ကုလသမဂ္ဂ မူးယစ်နဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ သုတေသီတွေက နယ်စပ်တွေ ပိုဖွင့်လာတာ၊ ကုန်သွယ်မှုပမာဏတွေ တိုးမြှင့်လာတာနဲ့အမျှ ဒီမူးယစ်ဆေးစီးဆင်းမှု ပိုမြန်လာဖို့ အခွင့်အလမ်းပိုရသွားတယ်၊ ဘာကြောင့်လဲဆိုတော့ တရားမဝင် ကုန်ကူးမှုတွေဟာ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းတွေကို လိုက်ပြီး အသုံးချနေလို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအပါအဝင် အရှေ.တောင်အာရှက ဒီ ဝေးလံခေါင်ဖျားနယ်စပ်ဒေသတွေဟာ ဗဟိုအစိုးရ အာဏာ သက်ရောက်မှု အကန့်အသတ်ဖြစ်နေပြီး၊ နယ်စပ်တွေဟာလဲ တိတိကျကျ သတ်မှတ်ထားတာမရှိတဲ့အတွက် ခုလို မူးယစ်ဆေးဝါးအပြင် အခြားနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်လာတာ ဆယ်စုနှစ်တွေ ချီလာခဲ့ပြီ၊ ဒီအထဲမှာ လူကုန်ကူးမှုနဲ့ တောတွင်းတရိစ္ဆာန်ကုန်ကူးမှုလဲပါတယ်လို့ ဒီအစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ အစီရင်ခံစာထဲမှာပဲ ဒီတရားမဝင် ကုန်ကူးမှုတွေရဲ့ နှစ်စဉ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၀၀ ဘီလီလျံ ရှိတယ်၊ ဒီပမာဏဟာ အရှေ့တောင်အာရှနိုင်ငံများစွာရဲ့ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်ကုန်ပမဏ GDP ထက်တောင် များနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံထဲမှာ ရာဇဝတ်မှုနှိမ်နင်းရေး ဥပဒေသက်ဝင်မှု အားကောင်းလာချိန်မှာ တရုတ်နိုင်ငံက ရာဇဝတ်သားတွေဟာ ဥပဒေစိုးမိုးမှု အားမကောင်းတဲ့ အရှေ.တောင်အာရှနိုင်ငံတွေထဲ ပိုဝင်လာနေတာမို့ ASEAN အရှေ.တောင်အာရှနိုင်ငံများအဖွဲ့အနေနဲ့ စီးပွားရေးချိတ်ဆက်မှုအပြင် အားနဲနေတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ လိုနေတယ်လို့ ဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>