Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သတ္မွတ္စည္းကမ္းေက်ာ္၍ အစိုးရတပ္ရိကၡာယာဥ္တန္းကို ပစ္ခတ္ဟု ေကအဲန္ယူ တပ္မဟာ(၅)ေျပာ

$
0
0

ေဖေဖာ္၀ါရီ ၂၅ရက္၊ ၂၀၁၆ခုႏွစ္။ စဖန္းေရွာင္း

ကရင္အမ်ိဳးသားအစည္းအ႐ံုး-ေကအဲန္ယူ ဖာပြန္ခ႐ိုင္၊ ကရင္အမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္- KNLA တပ္မဟာ ၅နယ္ ေျမအတြင္း ရိကၡာပို႔ေဆာင္လာေသာ အစိုးရယာဥ္တန္းကို KNLA တပ္မဟာ(၅) လက္ေအာက္ခံ တပ္ဖြဲ႔၀င္အခ်ိဳ႕က ေဖေဖာ္၀ါရီ လ ၂၄ရက္ေန႔က ပစ္ခတ္ခဲ့ေၾကာင္း ေကအုိင္စီက စံုစမ္းသိရွိရသည္။

KNU ဖာပြန္ခ႐ိုင္ လူေသာၿမိဳ႕နယ္ ၀ါးကေလ့တုႏွင့္ ဖြာ့ေ၀ၚေနရာအၾကား နံနက္ ၈နာရီခြဲအခ်ိန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထိုပစ္ခတ္မႈျဖစ္ပြားရျခင္းႏွင့္ ပတ္သက္၍ KNLA တပ္မဟာ(၅) တပ္မဟာမႉး ဗိုလ္မႉးခ်ဳပ္ေစာမူဟဲက ေကအုိင္စီသုိ႔ ယခုလို အတည္ျပဳ ေျပာဆုိသည္။

၎က “အစိုးရတပ္အေနနဲ႔ သတ္မွတ္ထားတဲ့ နယ္ေျမအတြင္း လာၿပီး ရိကၡာပို႔တာေတြ၊ ဘာေတြလုပ္ရင္ လူနဲ႔ျမင္းနဲ႔ပဲ ပို႔ရမယ္ လို႔ စည္းကမ္းသတ္မွတ္ထားၿပီးသားျဖစ္တယ္။ အခုက လမ္းေဖာက္တဲ့ကားေတြ၊ ဆီေပပါတင္ ထားတဲ့ကားႀကီးေတြ၊ လူအင္ အားေတြနဲ႔ဆိုေတာ့ အခုလို ျဖစ္သြားတာပါ။ သတ္မွတ္ထားတဲ့ စည္းကမ္းအတိုင္း အျပန္အလွန္ ေလးစားမႈရွိရင္ ဒီလိုမျဖစ္ပါဘူး״ ဟု ေျပာသည္။

ထိုသို႔ ႏွစ္ဖက္တပ္မ်ား ပစ္ခတ္မႈမျဖစ္ေစရန္ အပစ္ရပ္နယ္ေျမအတြင္း ေလးစားလိုက္နာရမည့္ စစ္ဖက္ဆိုင္ရာက်င့္၀တ္မ်ား၊ အရပ္သားႏွင့္ပတ္သက္ၿပီး လိုက္နာရမည့္ စည္းကမ္းမ်ား၊ တပ္ေနရာခ်ထားျခင္း၊ တပ္ဖြဲ႔၀င္မ်ား လြတ္လပ္စြာ သြားလာခြင့္ စသည္မ်ားကို ေကအဲန္ယူႏွင့္ အစုိးရတုိ႔က ၂၀၁၅ခုႏွစ္၊ ႏို၀င္ဘာလ ၁၈ရက္ေန႔ ေနျပည္ေတာ္တြင္ သေဘာတူ လက္မွတ္ေရး ထိုးထားၿပီးျဖစ္သည္။

၎ပစ္ခတ္မႈတြင္ အစိုးရ တပ္ရင္းအမွတ္၊ တပ္ဖဲြ႔အင္အားႏွင့္ ထိခိုက္ဒဏ္ရာရမႈ အေျခအေနကို အတိအက် အတည္မျပဳႏုိင္ ေသးေၾကာင္း ဗုိလ္မႉးခ်ဳပ္ေစာမူဟဲက ေျပာဆုိခဲ့ေသာ္လည္း ယင္းျဖစ္ပြားမႈနဲ႔ပတ္သက္၍ နယ္ေျမခံ အစုိးရတပ္မေတာ္ဘက္သို႔ ေကအုိင္စီက ဆက္သြယ္ေမးျမန္း၍ မရရွိခဲ့ေပ။

KNU ဖာပြန္ခ႐ိုင္၊ KNLA တပ္မဟာ ၅နယ္ေျမအတြင္း အစိုးရတပ္ရင္း (၂၄)ရင္းရွိၿပီး လတ္တေလာတြင္ အစိုးရတပ္အေနျဖင့္ ပံုမွန္ ရိကၡာပို႔ျခင္းမွလြဲ၍ ထူးျခားသည့္ စစ္ေရးလႈပ္ရွားမႈမ်ား လုပ္ေဆာင္ျခင္း မရွိေၾကာင္း KNLA တပ္မဟာ(၅)ဘက္က ေျပာ သည္။ ေကအဲန္ယူႏွင့္ အစိုးရတို႔အၾကား ၂၀၁၂ခုႏွစ္က ပဏာမ အပစ္အခတ္ ရပ္စဲေရး လက္မွတ္ေရးထိုးၿပီးေနာက္ပိုင္း KNLA တပ္မဟာ(၅) လက္ေအာက္ခံ တပ္ဖြဲ႔၀င္မ်ားႏွင့္ အစိုးရတပ္တို႔ၾကား ပစ္ခတ္မႈ အနည္းဆံုးအႀကိမ္ (၃၀)ခန္႔ ျဖစ္ပြားမႈရွိခဲ့သည္ဟု ၎တို႔၏ မွတ္တမ္းမ်ားအရ သိရသည္။

 စဖန္းေရွာင္း
KIC  - ေကအုိင္စီ
http://kicnews.org
..........


ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဖာပွန်ခရိုင်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNLA တပ်မဟာ ၅နယ် မြေအတွင်း ရိက္ခာပို့ဆောင်လာသော အစိုးရယာဉ်တန်းကို KNLA တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့က ဖေဖော်ဝါရီ လ ၂၄ရက်နေ့က ပစ်ခတ်ခဲ့ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

KNU ဖာပွန်ခရိုင် လူသောမြို့နယ် ၀ါးကလေ့တုနှင့် ဖွာ့ဝေါ်နေရာအကြား နံနက် ၈နာရီခွဲအချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက ကေအိုင်စီသို့ ယခုလို အတည်ပြု ပြောဆိုသည်။

၎င်းက “အစိုးရတပ်အနေနဲ့ သတ်မှတ်ထားတဲ့ နယ်မြေအတွင်း လာပြီး ရိက္ခာပို့တာတွေ၊ ဘာတွေလုပ်ရင် လူနဲ့မြင်းနဲ့ပဲ ပို့ရမယ် လို့ စည်းကမ်းသတ်မှတ်ထားပြီးသားဖြစ်တယ်။ အခုက လမ်းဖောက်တဲ့ကားတွေ၊ ဆီပေပါတင် ထားတဲ့ကားကြီးတွေ၊ လူအင် အားတွေနဲ့ဆိုတော့ အခုလို ဖြစ်သွားတာပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အပြန်အလှန် လေးစားမှုရှိရင် ဒီလိုမဖြစ်ပါဘူး״ ဟု ပြောသည်။

ထိုသို့ နှစ်ဖက်တပ်များ ပစ်ခတ်မှုမဖြစ်စေရန် အပစ်ရပ်နယ်မြေအတွင်း လေးစားလိုက်နာရမည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များ၊ အရပ်သားနှင့်ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းများ၊ တပ်နေရာချထားခြင်း၊ တပ်ဖွဲ့ဝင်များ လွတ်လပ်စွာ သွားလာခွင့် စသည်များကို ကေအဲန်ယူနှင့် အစိုးရတို့က ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့ နေပြည်တော်တွင် သဘောတူ လက်မှတ်ရေး ထိုးထားပြီးဖြစ်သည်။

၎င်းပစ်ခတ်မှုတွင် အစိုးရ တပ်ရင်းအမှတ်၊ တပ်ဖွဲ့အင်အားနှင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို အတိအကျ အတည်မပြုနိုင် သေးကြောင်း ဗိုလ်မှူးချုပ်စောမူဟဲက ပြောဆိုခဲ့သော်လည်း ယင်းဖြစ်ပွားမှုနဲ့ပတ်သက်၍ နယ်မြေခံ အစိုးရတပ်မတော်ဘက်သို့ ကေအိုင်စီက ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပေ။

KNU ဖာပွန်ခရိုင်၊ KNLA တပ်မဟာ ၅နယ်မြေအတွင်း အစိုးရတပ်ရင်း (၂၄)ရင်းရှိပြီး လတ်တလောတွင် အစိုးရတပ်အနေဖြင့် ပုံမှန် ရိက္ခာပို့ခြင်းမှလွဲ၍ ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်း မရှိကြောင်း KNLA တပ်မဟာ(၅)ဘက်က ပြော သည်။ ကေအဲန်ယူနှင့် အစိုးရတို့အကြား ၂၀၁၂ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း KNLA တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်တို့ကြား ပစ်ခတ်မှု အနည်းဆုံးအကြိမ် (၃၀)ခန့် ဖြစ်ပွားမှုရှိခဲ့သည်ဟု ၎င်းတို့၏ မှတ်တမ်းများအရ သိရသည်။

 စဖန်းရှောင်း
KIC  - ကေအိုင်စီ
http://kicnews.org

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>