ဒီႏွစ္အကယ္ဒမီေရြးခ်ယ္မႈကို တရားမွ်တၿပီးစစ္မွန္ေစရမယ္လို႕ သူကဆိုပါတယ္။
အားနည္းခ်က္ေတြကို ျပင္ဆင္ၿပီး အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားထားသလို ေရြးခ်ယ္ေရး အမွတ္ေပးစံခ်ိန္စံညႊန္း စည္းမ်ဥ္း စည္းကမ္း သစ္ေတြေရး ဆြဲထားတဲ့အတိုင္း ေရြးခ်ယ္သြားမယ္လို႕ဆိုပါတယ္။ဒီႏွစ္က်င္းပရမယ့္ အကယ္မဒီပြဲၾကီးက ေတာ္ေတာ္ကိုခက္ခက္ခဲခဲလုပ္ရမယ့္ ႏွစ္တစ္ႏွစ္လို႔လည္း သူကဆိုပါတယ္။
"ဘာျဖစ္လို႕လဲဆိုေတာ့ ျပန္ၾကားေရးဝန္ၾကီးဌာနကလည္း အေျပာင္းအလဲရွိေတာ့ ရုပ္သံထုတ္လြင့္မႈပိုင္းမွာ အဲ့ဒီအေျပာင္းအလဲၿပီးမွာ ျပန္ဆက္သြယ္ရမယ့္ ကိစၥရွိတယ္။ပြဲတစ္ပြဲျဖစ္ဖို႕ဆိုတာကလည္း ပံ့ပိုးေပးမယ့္ စပြန္ဆာေတြလည္းလိုအပ္တယ္ေလ။ အခုကၽြန္ေတာ္တို႕ စပြန္ဆာရဖို႕ ၾကိဳးစားေနတုန္းပါ"လုိ႕ သူကေျပာျပပါတယ္။
ဧၿပီ(၃)ရက္ေန႕မွာ က်င္းပမယ့္ အကယ္ဒမီေပးပြဲကေတာ့ ေရြးခ်ယ္ေရးစနစ္ေတြ ေျပာင္းလဲထားတဲ့အတြက္ တရားမွ်တေစရမယ္လို႕ ဥကၠဌ လူမင္းက ဆိုပါတယ္။
Source : Popular News
Photo : လူမင္း ေဖ့စ္ဘြတ္ခ္
..........
တရားမျှတစေရမယ်လို့ အာမခံလိုက်တဲ့ ဥက္ကဌ လူမင်း
ဒီနှစ်အကယ်ဒမီရွေးချယ်မှုကို တရားမျှတပြီးစစ်မှန်စေရမယ်လို့ သူကဆိုပါတယ်။
အားနည်းချက်တွေကို ပြင်ဆင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားသလို ရွေးချယ်ရေး အမှတ်ပေးစံချိန်စံညွှန်း စည်းမျဉ်း စည်းကမ်း သစ်တွေရေး ဆွဲထားတဲ့အတိုင်း ရွေးချယ်သွားမယ်လို့ဆိုပါတယ်။ဒီနှစ်ကျင်းပရမယ့် အကယ်မဒီပွဲကြီးက တော်တော်ကိုခက်ခက်ခဲခဲလုပ်ရမယ့် နှစ်တစ်နှစ်လို့လည်း သူကဆိုပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အပြောင်းအလဲရှိတော့ ရုပ်သံထုတ်လွင့်မှုပိုင်းမှာ အဲ့ဒီအပြောင်းအလဲပြီးမှာ ပြန်ဆက်သွယ်ရမယ့် ကိစ္စရှိတယ်။ပွဲတစ်ပွဲဖြစ်ဖို့ဆိုတာကလည်း ပံ့ပိုးပေးမယ့် စပွန်ဆာတွေလည်းလိုအပ်တယ်လေ။ အခုကျွန်တော်တို့ စပွန်ဆာရဖို့ ကြိုးစားနေတုန်းပါ"လို့ သူကပြောပြပါတယ်။
ဧပြီ(၃)ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကတော့ ရွေးချယ်ရေးစနစ်တွေ ပြောင်းလဲထားတဲ့အတွက် တရားမျှတစေရမယ်လို့ ဥက္ကဌ လူမင်းက ဆိုပါတယ်။
Source : Popular News
Photo : လူမင်း ဖေ့စ်ဘွတ်ခ်