Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိမ်အကူ မိန်းကလေးကိုနှိပ်စက်တဲ့ မော်ဒယ်သီရိကိုကိုနိုင် ခင်ပွန်းကို ထောင်သုံးနှစ်ချ

$
0
0







ဆုလာဘ် ၊ခေတ်သစ်
The Ladies Journal

.................................


ရန်ကုန် -ဖေဖော်ဝါရီ ၂၆-၂၀၁၆

မော်ဒယ်လ် သီရိကိုကိုနိုင်နေအိမ်မှ အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်း ကလေးနှိပ်စက်ခံရမှုအတွက်တရားစွဲခံထားရသည့် ကိုကြည်လှမြင့် ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး မှ အလုပ်ကြမ်းနှင့်
ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ကြောင်းသိရသည် ။

ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်အတွင်းနေထိုင်သည့် အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်နှင့်မသီရိကိုကိုနိုင်သည် ၄င်းတို့နေအိမ်မှ အိမ်အကူမိန်းကလေးကို ဆီပူအိုးထဲလက်နှစ်ခြင်း ၊ထမင်းမကျွေးဘဲ အခန်းတွင်းပိတ်လှောင်ထားခြင်း ၊ ရိုက်နှက်နှိပ်စက်ခြင်းတို့ကြောင့်၂၀၁၄ခုနှစ်အတွင်းတရားစွဲခံထားရခြင်းဖြစ်ပြီး သီရိကိုကိုနိုင်မှာ ယနေ့တိုင် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည် ။



ကိုကြည်လှမြင့်ကို အပြင်အထန်နာကျင်စေမှုပုဒ်မ ၃၂၆ နှင့် အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီးသီရိကိုကိုနိုင်ကိုမှု ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံးမှသိရသည် ။

ရာဝတီတိုင်းဒေသကြီး ဆိပ်ကမ်းအာဏာပိုင်အရာရှိ (ရေဝန်ကြီး) ဦးကိုကိုနိုင်သည် ရန်ကုန် မြို့နေ သမီးဖြစ် သူ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံက နေအိမ်ရှိ အိမ်အကူ ကရင်အမျိုးသမီးငယ်အား ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိသည်ကို သိသော်လည်း မိန်းကလေးငယ်၏ မိဘများ အား အကြောင်းမကြားဘဲ ဖုံးကွယ်ထားကာ ပုသိမ်ဆေးရုံ၌ တိတ်တဆိတ် ကုသနေခဲ့တာပါ။

ဆုလာဘ် ၊ခေတ်သစ်
The Ladies Journal
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>