Quantcast
Viewing all articles
Browse latest Browse all 13796

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့ အရေးပေါ်ပြောင်းရွှေ့ရန်လို

မြန်မာနိုင်ငံ အထက် ပိုင်းနှင့် အလယ်ပိုင်းမှစီးဆင်းလာ သောရေများ ဧရာဝတီမြစ်အ တိုင်းမြစ်ဝကျွန်းပေါ်
 ဒေသသို့ အများအပြား ၀င်ရောက်နိုင်ပြီး ရေလွှမ်းမိုးမှုအန္တရာယ် မြင့်မားနေ သည့်အတွက်
 မြစ်ကမ်းနားနေ ပြည်သူများ အရေးပေါ် ပြောင်း ရွှေ့ရန် လုပ်ဆောင်သင့်ပြီဖြစ် ကြောင်း မိုးလေ၀သပညာ
ရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

‘‘အရေးပေါ် ရွှေ့ပြောင်းမှု လုပ်သင့်တယ်။ ဖြစ်လာရင် ကူညီ ကယ်ဆယ်ဖို့တောင်ခက်ခဲမယ်။
အရေးပေါ်ကြေညာလည်း ကြေ ညာတာပဲရှိတယ်’’ဟု ဒေါက်တာ ထွန်းလွင်ကပြောသည်။

လက်ရှိတွင် မြစ်ဝကျွန်းပေါ် ဒေသ၌မုတ်သုံလေအားကောင်း နေသည့်အတွက် မိုးများနေပြီး ဧရာဝတီတိုင်းရှိ မြို့နယ်အချို့ရေ ဖုံးလွှမ်းနေခြင်းနှင့် ရေကြီးသည့် အထက်ပိုင်းဒေသများမှ ရေများ ဧရာဝတီမြစ်မှတစ်ဆင့် ၀င်ရောက် နိုင်ခြင်းတို့ကြောင့် မြစ်ဝကျွန်း ပေါ်ဒေသအတွက် သတိပေး ခြင်းဖြစ်သည်။
 မြစ်ဝကျွန်းပေါ်ဒေသသည် မြေပြန့်ဒေသဖြစ်ပြီး ရေလွတ်ရာကုန်းမြင့် ရှားပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်းတို့ ကြောင့် ရေကြီးမှုဖြစ်လာလျှင် ပို မိုထိခိုက်နိုင်ကြောင်း၊ အရေးပေါ် ရွှေ့ပြောင်း ခြင်းများပြုလုပ်ရန်လိုအပ်ကြောင်း ၎င်းက သတိပေး သည်။

ဧရာဝတီမြစ်ရေ ကြီးလာ၍ အောင်လံမြို့နယ်တွင် အရေးပေါ် ရွှေ့ပြောင်းနေကြစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ ရေကြီးနစ်မြုပ်မှုအဆိုး ဆုံး နေရာ ဖြစ်လာနိုင်ကြောင်း ဒေါင်တာထွန်းလွင်က သတိပေး သည်။

မြစ်ဝကျွန်းပေါ်ဒေသသို့ နှစ် ရက်အတွင်း ရေအများအပြားဝင် ရောက်နိုင်ကြောင်းမိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက လည်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် သြ ဂုတ် ၁ ရက်တွင် မြို့ကြီး ခြောက် မြို့၌ စိုးရိမ်ရေမှတ် အထက် ရောက်ရှိနေပြီဖြစ်ပြီး နောက်သုံး ရက်ကြာအောင် စိုးရိမ်ရေမှတ်အ ထက်တွင် ရောက်ရှိနေမည်ဟု မိုး လေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

ညောင်ဦး၊ မင်းဘူး၊ အောင် လံ၊ ဆိပ်သာ၊ ပြည်နှင့် ဇလွန်မြို့ နယ်တို့တွင် သြဂုတ် ၁ ရက်နေ့ တိုင်းထွာချက်များအရ ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အထက် ရောက်နေခြင်းဖြစ်ပြီး သြဂုတ် ၄ ရက်ခန့်အထိ စိုးရိမ်ရေမှတ် အ ထက်တွင် ဆက်လက်ရှိနေနိုင် သည်ဟု မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

‘‘ဧရာဝတီမြစ်ရေကညောင် ဦးကနေစပြီး အောက်ဘက်စခန်း တွေရှိတဲ့မြို့တွေ သတိထားရတော့ မယ်။ မူးမြစ်က ရေအပါအ၀င် အ ထက်က ရေကလည်း ဒီမြစ်ထဲပဲ ထပ်ဆင်းလာမှာဆိုတော့ မြစ် ကမ်းဘေးနေတဲ့သူတွေ ကြိုတင် ကာကွယ်ရေးအပိုင်း လုပ်ထား သင့်တယ်’’ ဟု ဦးကျော်မိုးဦးက သတိပေးသည်။

လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်အချို့၌ ရေ လွှမ်းမိုးမှုများဖြစ်ပေါ်နေသည့်အ တွက် အဆိုပါရေများ ထပ်မံဝင် ရောက်လာလျှင် စိုးရိမ်ဖွယ်အနေ အထားသို့ရောက်ရှိလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

‘‘နောက်တစ်ရက်နှစ်ရက်အ တွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိ လာနိုင်တယ်။ အဓိကကအရှေ့ ရေက တောင့်မခံဘဲနဲ့ စီးဆင်း သွားမယ်ဆိုရင် စိုးရိမ်အနေအ ထားရှိပါတယ်’’ဟု ၎င်းက ပြော သည်။

လက်ရှိ ဧရာဝတီတိုင်းအ တွင်း ပုသိမ်၊ မအူပင်၊ မြန်အောင်၊ ဇလွန်နှင့်ဟင်္သာတ မြို့နယ်တို့တွင် ရေလွှမ်းမိုးမှုဒဏ်ခံစားနေရသည်။

မြစ်ဝကျွန်းပေါ်၏ရေဖုံးလွှမ်း မှုအန္တရာယ်အနည်းအများမှာ အ ထက်ပိုင်းရှိဆည်များ၏ တောင်ခံ နိုင်အားပေါ်မူတည်နေပြီး ခန့်မှန်း ရခက်ခဲသော်လည်း အထက်ပိုင်း မှ ၀င်လာမည့်ရေများ တောက် လျှောက်စီးလာမည်မှာ သေချာ သည့်အတွက် ရေကြီးမှုများဖြစ် ပွားမည်မှာ သေချာနေကြောင်း အထက်ပါအရာရှိက ပြောကြားသည်။

ထို့အပြင် ဇလွန်မြို့နယ်ရှိ ၀ါသလရေကာတာမှာကျိုးပေါက် မည့်အခြေအနေသို့ရောက်ရှိနေ၍ အောက်ဘက်ရှိ အိမ်ခြေ တစ်ရာကျော်ကို ရွှေ့ပြောင်းထားရ ကြောင်း ဧရာဝတီတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ၀န်ကြီးဦးစမ်း မောင်ကပြောသည်။

‘‘ဧရာဝတီမြစ်ကမ်း တစ် လျှောက်က မြို့နယ်၊ကျေးရွာတွေ ကို သတိပေးထားပါတယ်’’ ဟု ၎င်းကဆိုသည်။ ကူညီထောက်ပံ့ ရေးအစီအစဉ်များကိုလည်း ဧရာ ၀တီတိုင်းဝန်ကြီးချုပ်က ဦးဆောင် ၍ ကြိုတင်ပြင်ဆင်ထားကြောင်း ပြောသည်။

စိုးရိမ်ရေမှတ်သို့ရောက်ရှိနေ သည့် ဟင်္သာတမြို့တွင် မြို့တွင်း သို့ရေမ၀င်သေးသော်လည်းလက် ရှိထက် တစ်ပေခွဲကျော် ထပ်မံ တက်လာလျှင် ရေနစ်မြုပ်နိုင်သည့်အလားအလာရှိနေကြောင်း မြို့ခံကုန်သည် ဦးမြင့်သိန်းက ပြော သည်။

မြစ်ဝကျွန်းပေါ်ဒေသအပြင် ကရင်ပြည်နယ် ဘားအံမြို့မှာ လည်း ရေဖုံးလွှမ်းမှုအလားအလာ မြင့်နေကြောင်းဦးထွန်းလွင်ကခန့် မှန်းထားသည်။ သံလွင်မြစ်ရေ ကြောင့် ဘားအံမြို့တွင်ရေကြီးမှု မြင့်တက်နေပြီး ပိုမိုဆိုးရွားရန်အ လားအလာရှိကြောင်း ၎င်းကဆို သည်။

7day daily

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>