ညနက်ပိုင်းအချိန်ရောက်လာလျှင်ကလေးမြို့ထဲမှာဖောက်ထွင်းခံရမူတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကရေဘေးသင့်ဒေသကိုရောက်ရှိနေတဲ့Popular Newsသတင်းထောက်ကိုပြောပါတယ်။ရွှေဆိုင်တွေနဲ့စတိုးဆိုင်တွေဖောက်ထွင်းခံနေရတာများတယ်လို့ကလေးအောင်မြေမာန်ရပ်ကွက်ကဦးဝင်းမော်ကပြောပြီးလက်ရှိအချိန်အထိဒေါ်ညိုစတိုး၊ပြည့်စိုးစတိုးနဲ့ရွှေဆိုင်တစ်ဆိုင်ဖောက်ထွင်းခံလိုက်ရတယ်လို့၎င်းကဆိုပါတယ်။
ဒါ့အပြင်ဆန်တစ်အိတ်လျှင်ကျပ်၂၂၀၀၀နဲ့ပေးဝယ်စားခဲ့ရတဲ့သီတာမင်းဆန်ဟာယခုအချိန်တွင်
ကျပ်၇၀၀၀၀ပေးဝယ်စားနေရတယ်လို့လည်းဒေသခံတွေကပြောကြပြန်ပါတယ်။
လက်ရှိမှာတော့ဖောက်ထွင်းခံနေရမူကိုကာကွယ်ဖို့ကိုယ်ဆိုင်ကိုကိုယ်တိုင်ကင်းစောင့်နေတာတွေ
လည်းတွေ့နေရပါတယ်။။
New by ဇေဝေယံ
Photos by kyawkyaw(AF)့
Popular Myanmar News Journal