Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စာဖတ်ချင်တဲ့ကလေးငယ်ကို ကမ္ဘာတစ်ဝန်းမှ စာအုပ်တွေပေးပို့

$
0
0

      အမေရိကန် ပြည်ထောင်စု၊ ယူတက် ပြည်နယ်မှာ နေထိုင်တဲ့ ကလေးငယ်တစ်ဦးဟာ စာဖတ်ချင်ပေမယ့် စာအုပ်တွေ မရှိတာကြောင့် အခက်တွေခဲ့ရပါတယ်။ အသက် (၁၂)နှစ်သာရှိသေးတဲ့  မက်သယူးဟာ စာအုပ်တွေကို ၀ါသနာကြီးစွာ ဖတ်ရှုနေတာကြောင့် စာပို့သမား ရွန်လင်းက သတိထားမိခဲ့ပြီး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မက်သယူးက စာအုပ်တွေ အများကြီး ဖတ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။ဒါကြောင့် ရွန်လင်းက စာကြည့်တိုက်မှာ သွားဖတ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ မက်သယူးက သူတို့မိသားစုပာာ စာကြည့်တိုက်သွားဖို့ ကားမရှိကြောင်း ဖြေကြားခဲ့ပါတယ်။ ရွန်လင်းပာာ စိတ်မကောင်း ဖြစ်သွားပြီး မက်သယူး စာများများ ဖတ်နိုင်ဖို့ အစီအစဉ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ မက်သယူး အကြောင်းကို လူမူကွန်ရက်ဖြစ်တဲ့ ဖေ့ခ်ဘွတ်ခ်မှာ ရေးသားပြီး အကူအညီ တောင်းခံခဲ့ပါတယ်။ မက်သယူး အကြောင်းကို စိတ်ဝင်တစား ဖတ်ရှုသူ အများအပြားရှိခဲ့ပြီး အကူအညီတွေ ပေးခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်းက ပေးပို့တဲ့ စာအုပ်တွေကို မက်သယူးအနေနဲ့ လက်ခံရရှိနေပြီ ဖြစ်ပါတယ်။ အင်္ဂလန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်းစုံက မက်သယူးဖတ်ဖို့ စာအုပ်တွေကို ပါဆယ် ပေးပို့ခဲ့ပါတယ်။ စာအုပ်တွေပာာ နေ့စဉ် အဆက်မပြတ် ရောက်နေတာကြောင့် မက်သယူးအတွက် မယုံနိုင်စရာ ဖြစ်ခဲ့ပြီး သူဖတ်ဖို့ စာအုပ်တွေလားလို့ မေးမြန်း ယူခဲ့ရပါတယ်။ စာဖတ်ချင်တဲ့ ကလေးငယ်တစ်ဦးကို ကူညီခွင့် ရခဲ့တာကြောင့် ရွန်လင်းအတွက်လည်း ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
http://messengernewsjournal.com/General/Eventure/detail.php?id=41756

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>