Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အကျဉ်းထောင်အတွင်းသို့ ကန့်သတ်ပစ္စည်း တင်သွင်း မှုဖြင့် တရားစွဲဆို ခံရသူ ( ၇ )ဦး ကို ရုံးထုတ်

$
0
0

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ တွဲဖတ် တရားရုံး တွင် ၁၆ ၇ ၂၀၁၅ ရက်နေ့ တွင် အကျဉ်းထောင်အတွင်းသို့ ကန့်သတ်ပစ္စည်း တင်သွင်း မှုဖြင့် တရားစွဲဆို ခံရသူ ( ၇ )ဦး ကို စတင် ရုံထုတ်ခဲ့သည် ။
တွဲဖတ်တရားသူကြီး ဦးစိုးလင်းအောင် ၏ ရုံးခန်းတွင် စတင်စစ်ဆေးရာ တစ်ဦးခြင်းစီ အမည် များမေးမြန်းပြီး အကျဉ်းထောင်အတွင်းကန့်သတ်ပစ္စည်း တင်သွင်းမှုဖြင့် အကျဉ်းဦစီးဌာန မှ ကြီးကြပ်ရေးမှူး နန်းအောင်ကျော် မှ သာယာဝတီမြို့မ ရဲစခန်း သို့ ထောင်တွင်း ဥပဒေ ( ၄၂ ) ဖြင့် အရေးယူ ပေးပါရန် တိုင်ကြားခဲ့၏ ။

ယင်းတိုင်ကြားစာကို ဒု /ရဲအုပ် အုန်းခိုင် ပ / ၁၅၂ / ၂၀၁၅ ထောင်တွင်း ဥပဒေ ၄၂ ဖြင့် တရားစွဲဆိုရန် တရားရုံး သို့ တင်ပို့ သောအမှုဖြစ်တယ် ။တရားသူကြီး ဦးစိုးလင်းအောင် မှ ပြစ်တင် စွဲဆိုခံရသူ ကိုအပြစ် ရှိပါသလား ဟုတစ်ဦး ခြင်းစီမေးမြန်းရာ အပြစ်မရှိကြောင်း တညီတညွတ် တည်း ပြန်လည်ပြောကြားခဲ့တယ် ။ထို့နောက် ထောင် တွင်း ဥပဒေ ( ၄၂ )သည် အမြင့်ဆုံးထောင်ဒဏ်
( ၆ )လ ကျခံနိုင် ဟု ပြောကြားခဲ့ပြီးြ ပန်လည်ချေပပြောဆိုပါ က ၂၃ ၇ ၂၀၁၅ ရက်နေ့ ကိုထပ်မံချိန်း ဆိုလိုက်သည် ။

တရားစွဲဆိုခံရသူ ကိုအောင်မြင့်ဟန် တွေ့ဆုံမေးမြန်းရာတွင် အောက်ပါအတိုင်းပြောဆိုခဲ့ပါတယ် ။
ကန့်သတ်ပစ္စည်း တင်သွင်းမှုဖြင့် ထောင်ထဲတွင် ( ၁၅ )ရက် တိုက်ပိတ်ပြီး ထောင် ဝင်စာ တွေ့ဆုံ မှုကိုပိတ်ပင်ခံရတယ် ။ယခုလိုတရားစွဲမှုသည်လည်း အပြစ် တစ်ခုကို ပြစ်ဒဏ် နှစ်ခု ကျခံနေတာဖြစ်တယ်။
ထောင်လက်စွဲ မှာ အကျဉ်းသားတစ်ဦးလျှင် ဆေးလိပ် လိုအပ်ပါက တစ်နေ့ကို သုံးလိပ်တင်သွင်းခွင့်ရှိ
တယ် ။သာယာဝတီထောင်ရောက်ပြီးတစ်လ လောက်တွင် ထောင်ပိုင်နှင့် နားလည်မှုယူ ထားတာဖြစ် တယ် ဆေးလိပ်ကိုတော့ပေါ်ပေါ်ထင်ထင် မသယ်နဲ့ သူနားလည်မှုပေး မယ်။ တွေ့ ရင်တော့ ပြန် အပ်ပါ သောက်တဲ့အခါလဲ ပုန်းလျှိုးကွယ်လျှိုး သောက်ပါ လို့ပြောတယ် ။

ကိုအောင်မြင့်ဟန် ကို တစ်ခါမိ ပါတယ်။ Main Jail ထဲခေါ်ပြီး ပြောတယ်။ အရေးယူ ဖို့ပြောတာမဟုတ်ဘူး လို့ထောင်ပိုင်ကိုယ်တိုင် ပြောပြီး မှ အခုလိုအရေးယူလိုက်ခြင်းဖြစ်တယ် ။ထောင်ဝင်စာတွေပိတ်တယ် ၊ ယုတ်မာပြီးတရားစွဲတယ်။ ပြောခြင်တာက ထောင်ပိုင် ကတိပျက်တယ် ၊ တာဝန်ကြီးယူပြီး ယူထားတဲ့ လူတစ်ယောက် ကိုယ့်စကား ကိုယ်မတည်ဘူး ဟု ပြောဆိုသွားတယ် ။

ဆက်လက်၍ မေးမြန်းရာ လူအခွင့်အရေးကော်မရှင် လာရောက်တွေ့ဆုံမှုကိုမေးမြန်းရာ
လူအခွင့်အရေးကော်မရှင် ကို မယုံကြည်ဘူး ၊ အားကိုးလို့ ရတဲ့အဖွဲ့ လည်းမဟုတ်ဘူး ။
ဥပမာ ပြောရရင် ကျောင်းသားခေါင်းဆောင် ကိုသက်ပိုင်ထွန်း ကို မေးမြန်းတာ လူအခွင့်အရေး ချိုးဖေါက်တယ်ဆိုတာဘယ်လိုတုန်း ကန့်လန့်မေးခွန်း တွေမေးတယ် ။လူအခွင့်အရေးလုပ်နေတဲ့ အဖွဲ့ က မေးရမဲ့မေးခွန်းမဟုတ်ဘူး နားမလည်ရင်တောင်မှ သူတို့ကိုယ်တိုင် ဒါဟာ လူအခွင့်အရေး ချိုးဖေါက်ခံနေရတယ် ၊ ငါတို့ဘယ်လို လုပ်ပေးရမယ် ဆိုတာ ဆိုတဲ့ ပြောရမဲ့မေးခွန်း ကို သူတို့ကိုယ်တိုင် က ကန့်လန့်မေးခွန်း တွေမေးတယ် လူအခွင့်အရေးမှာလုပ်နေတဲ့ လူတွေ ကိုယ်တိုင် နားမလည်တဲ့လူတွေကို နားလည်အောင် ရှင်းပြဖို့မလုပ်ဘူး ။ထောင်လက်စွဲဥပဒေ ပင်မ ဥပဒေ ကိုတော့ လွှမ်းမိုး လို့မရဘူး ။

၁၄ ၇ ၂၀၁၅ ရက်နေ့ ညနေ ကျောင်းသားများ နှင့်ဝိုင်းရံပြည်သူ ရုံးထုတ်အပြန်တွင် လူအခွင့်အရေးကော်မရှင်နဲ့ တွေ့ခဲ့သလားဟု မေးမြန်းရာ
လူအခွင့်အရေးကော်မရှင် အဖွဲ့ ကို အားကိုးလို့မရဘူး။ ဒါကြောင့် ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် တို့က သွားရောက်တွေ့ဆုံခြင်းမရှိဘူး လို့ ကိုအောင်မြင့်ဟန် မှထပ်လောင်းပြောကြားခဲ့တယ်။
Poesan Tharrawaddy

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>