Turkey Supports ISIS. … Now Declares “War Against ISIS”, But Instead Bombs Its Political Rival, Which Is the Most Effective Force Fighting ISIS |
ဂျကာတာ ၊ ၂-၈-၂ဝ၁၅
တူရကီနိုင်ငံ သည် ISIS စစ်သွေးကြွ များကို အကူအညီများ ပေးအပ်လျက် ရှိသည်ဟူသော စွပ်စွဲချက်များကို သမ္မတ ရီဆပ် တေယစ်အာ ဒိုဂန် က ငြင်းဆိုခဲ့ပြီး ယင်း ပြောကြားချက် များသည် မသမာသူ အချို့၏ လုပ်ကြံ ဖန်တီးချက်များ ဖြစ်ကြောင်း ၄င်းက ဇူလိုင် ၃၁ ရက်တွင် ပြောကြား ထားသည်။
ထို့ပြင် စစ်သွေးကြွ တန်ပြန် တိုက်ခိုက်ရေး လုပ်ဆောင်မှု အတွင်း တူရကီနိုင်ငံ သည် တက်ကြွစွာ ပါဝင်လျက် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ယင်းသို့ ပါဝင်ရာတွင် မိမိတို့ အနေဖြင့် အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားသည်။
သို့သော် တူရကီနိုင်ငံ အနေဖြင့် စစ်သွေးကြွ တိုက်ဖျက်ရေး လုပ်ဆောင်ချက် များတွင် ဆက်လက် ပါဝင်သွားရန် ဆုံးဖြတ် ထားကြောင်းနှင့် ထွက်ပေါ် လာသည့် သတင်းများမှာ အခြေအမြစ် မရှိသည့် ဝါဒဖြန့်မှု များသာ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
တူရကီနိုင်ငံ သည် ပြည်ပနိုင်ငံ များမှ အစ္စလာမ်မစ် အစွန်းရောက် များ ဆီးရီးယားနိုင်ငံ အတွင်းသို့ ဝင်ရောက်နိုင် စေရန် အထောက်အပံ့ ပေးလျက်ရှိပြီး စစ်သွေးကြွ များနှင့် ပူးပေါင်းလျက် ရှိသည်ဟု စွပ်စွဲချက်များ အပေါ်တူရကီ သမ္မတ အာဒိုဂန် က တုံ့ပြန်ပြောကြား ခဲ့ခြင်း ဖြစ်သည်။
#PyiChitThar