Quantcast
Viewing all articles
Browse latest Browse all 13796

ကလေးထိန်း ကောင်မလေးနဲ့ ဇာတ်လမ်းတွေ ရှုပ်နေတဲ့ Ben Affleck



ဟောလီးဝုဒ် မင်းသား Ben Affleck ဟာ လက်ရှိမှာ ဟောလီးဝုဒ် မင်းသမီး Jennifer Garner နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ သူ့အိမ်က ကလေးထိန်း Christine Ouzounian ရဲ့ ရင်ခွင်ထဲမှာ ရောက်ရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။ ဟောလီးဝုဒ် စုံတွဲဟာ အသက် ၂၈ နှစ်အရွယ် ကလေးထိန်းကောင်မလေးကို သူတို့ရဲ့ ကလေး ၃ ယောက်ကို စောင့်ရှောက် ဖို့အတွက် ငှားရမ်းထားခဲ့တာပဲ ဖြစ်ပါတယ်။

US Weekly သတင်းဌာန ရဲ့ ဖော်ပြချက်တွေအရ Ouzounian ဟာ Beverly Hills ကလေးထိန်း အေဂျင်စီအတွက် အလုပ်လုပ်သူတစ်ယောက်ဖြစ်ပြီး သူမဟာ Ben နဲ့ Garner တို့ရဲ့ ၁၀ လ တာ ကွဲကွာသွားတဲ့ အချိန်အတွင်းမှာ အချစ်ရေး တစ်ခုကို စတင်ဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ အရီဇိုးနား ပြည်နယ် တက္ကသိုလ်ကနေ ဆက်သွယ်ရေး ဒီဂရီ နဲ့ ဘွဲ့ရခဲ့သူဖြစ်ပြီး သူမဟာ Ben Affleck ရဲ့ ကလေး ၃ ယောက်ဖြစ်တဲ့ အသက် ၉ နှစ် အရွယ် Violet ၊ အသက် ၆ နှစ်အရွယ် Seraphina နဲ့ အသက် ၃ နှစ်အရွယ် Samuel တို့ကို ကလေးထိန်း တစ်ယောက် အနေနဲ့ ကြည့်ရှု စောင့်ရှောက်ရတာပဲ ဖြစ်ပါတယ်။

Ben နဲ့ ကလေးထိန်းတို့ရဲ့ အချစ်ရေးအခြေအနေတွေကို Jennifer Garner တစ်ယောက် သိရှိသွားပြီးတဲ့နောက် သူမဟာ ကလေးထိန်း Ouzounian ကို အလုပ်ကထုတ်ပယ်လိုက်ပါတယ်။ ဒါပေမယ့်လည်း Ben နဲ့ ကလေးထိန်း ရဲ့ အချစ်ရေးဟာ ရပ်တန့်မသွားပဲ ဆက်လက် တည်မြဲနေခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ဇူလိုင်လ ၁၇ ရက်တုန်းက Ben Affleck ရဲ့ လော့အိန်ဂျလိစ် က နေအိမ်မှာ အတူတူ ရှိနေခဲ့ကြပြီး အခုထိ တစ်ယောက်နဲ့ တစ်ယောက် မက်ဆေ့ဂ်ျ ပို့ခြင်း ၊ အီးမေးလ် ပို့ခြင်းတို့ ပြုလုပ်နေဆဲပဲ ဖြစ်တယ်လို့ လည်း သိရပါတယ်။

Ben Affleck နဲ့ Jennifer Garner တို့ ၂ ယောက်ဟာ ၂၀၁၅ ခုနှစ် ဇွန်လမှာ သူတို့ ၂ ယောက်ရဲ့ ကွာရှင်းပြတ်စဲမှု နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်ကြေညာခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ လော့အိန်ဂျလိစ် နေအိမ်ကို လည်း ခွဲဝေကြဖို့ ကြိုးစားနေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse


Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>