Quantcast
Viewing all articles
Browse latest Browse all 13796

"သီတဂူ - ရေဘေးအလှူတော် - သတင်း " (ဆရာတော်ဘုရားကြီးကိုယ်တိုင် ကြီးကြပ်စီစဉ်)



ယနေ့ (၂-၈-၂၀၁၅) ညပိုင်းတွင် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ရန်ကုန်သို့ရောက်ရှိပါသည်။ရောက်လျှင်ရောက်ခြင်း ရေဘေးကယ်ဆယ်ရေး
အတွက် သီတဂူမှ ပါမောက္ခဆရာတော်များ၊ အုပ်ချုပ်ရေးမှူးဆရာတော်များ၊ ဘဏ္ဍာရေးမှူးဆရာတော်၊ ကထိကဆရာတော်များ၊နှင့် ရုံးအဖွဲ့မှူးတို့အားလုံး အစည်းဝေးခေါ်ပြီးနောက် စံနစ်တကျစီမံဆောင်ရွက်ကြဖို့ လမ်းညွှန်မိန့်ကြား
စီစဉ်မှုများ ကိုယ်တိုင်ဆောင်ရွက်တော်မူခဲ့ပါသည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အလှူတော်စတင်လှူဒါန်းနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းကို ရပ်နီး/ရပ်ဝေး တပည့်တကာအပေါင်းအား သိရှိစေအပ်ပါသည်။
၁။ ကလေးမြို့ (၂-၈-၂၀၁၅ သွားရောက်ခဲ့ပြီး) - ထပ်သွားရန်ရှိ
ငွေကျပ်သိန်း-၁၀၀၊ ဆန်တစ်တင်းအိတ် - ၁၀၀အိတ်
၂။ ဘားအံမြို့ (၃-၈-၂၀၁၅ သွားရောက်မည်)
ငွေကျပ်သိန်း-၁၀၀၊ ဆန်တစ်တင်းခွဲအိတ်×၅၀၊ ငါးသေတ္တာအလုံး-၁၀၀၀၊ ခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်ဗူးများ၊
အဝတ်အထည်များ၊ အခြားအထွေထွေပစ္စည်းများ။
၃။ ကျွန်းလှမြို့ (၄-၈-၂၀၁၅ သွားရောက်မည်)
ငွေကျပ်သိန်း-၁၀၀၊ ဆန်တစ်တင်းခွဲအိတ်×၅၀၊ ငါးသေတ္တာအလုံး-၁၀၀၀၊ ခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်ဗူးများ၊
အဝတ်အထည်များ၊ အခြားအထွေထွေပစ္စည်းများ။
၎။ ကောလင်းမြို့ (၄-၈-၂၀၁၅ သွားရောက်မည်)
ငွေကျပ်သိန်း-၁၀၀၊ ဆန်တစ်တင်းခွဲအိတ်×၅၀၊ ငါးသေတ္တာအလုံး-၁၀၀၀၊ ခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်ဗူးများ၊
အဝတ်အထည်များ၊ အခြားအထွေထွေပစ္စည်းများ။
၅။ ဝန်းသိုမြို့ (၄-၈-၂၀၁၅ သွားရောက်မည်)
ငွေကျပ်သိန်း-၁၀၀၊ ဆန်တစ်တင်းခွဲအိတ်×၅၀၊ ငါးသေတ္တာအလုံး-၁၀၀၀၊ ခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်ဗူးများ၊
အဝတ်အထည်များ၊ အခြားအထွေထွေပစ္စည်းများ။
၆။ ချင်းပြည်နယ် (ဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးစီးမည်)
၇။ ရခိုင်ပြည်နယ် (ဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးစီးမည်)
ရန်ကုန်သီတဂူတွင် လာရောက်လှူဒါန်းပေးကြကုန်သော လှူဖွယ်ဝတ္ထုအစုစုများ
ထဲမှ ၂-၈-၂၀၁၅ နေ့လည်ပိုင်းတွင် ၁၂ဘီး ကုန်တင်ယာဉ်တစ်စီး၊ ၄တန်
ကုန်တင်ကားတစ်စီး စစ်ကိုင်းသို့ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်ပါသည်။ ၃-၈-၂၀၁၅
ဘားအံမြို့သို့ ၁၂ဘီးကုန်တင်ယာဉ် တစ်စီးထွက်ပါမည်။
ရေဘေးသင့်နေရာများသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊ မန္တလေး၊
စစ်ကိုင်း) မှ ဆရာတော်များ၊ သံဃာတော်များ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်
ကာ သွားရောက် လှူဒါန်းပေးနေပြီ ဖြစ်ပါသည်။
တံတားဦးမြို့နယ်၊ သူငယ်တော်တောရကျောင်း ဆရာတော်မှ သီတဂူ (စစ်ကိုင်း) သို့ ရေဘေးသင့် ဒေသများအတွင်း လှူဒါန်းပေးရန် ဆန်တစ်တင်းခွဲအိတ်×
၁၀၀အိတ် လာရောက်လှူဒါန်းပေးခဲ့ပါသည်။
ကလေးမြို့တွင် ရေဘေးသင့်သည့် ဘုန်းကြီးကျောင်းပေါင်း ၃၀ကျော်၊ ဝါမဆို
ရသေးသည့် သံဃာတော်များ၊ ဝါဆိုသင်္ကန်းမရသေးသည့် သံဃာတော်များ
စုစုပေါင်း အပါး-၅၀၀အတွက် ဝါဆိုသင်္ကန်း အစုံ-၅၀၀ကို တော်ဝင်မိသားစု
ကုမ္ပဏီမှ လှူဒါန်းပေးမည်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီးနှင့်အတူ ကုသိုလ်ပြုလုပ်လိုသော စေတနာရှင် မိဘပြည်သူများ
အနေဖြင့် မိမိတို့ တတ်စွမ်းသမျှ လှူဒါန်းခြင်းကို ဖိတ်ခေါ်အပ်ပါသည်။ စားစရာ၊ အ၀တ်အစား၊ ငွေကြေး စသည်များကို လှူဒါန်းနိုင်ပါသည်။
==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>