Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတစ်ဦး ယင်းနေ့မှာပင် ဆိုင်ကယ်ခိုးမူ ထပ်မံကျူးလွန်

$
0
0
ရန်ကုန်မြို့ရှိ အင်းစိန်ထောင်
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ တစ်ဦးအား ဆိုင်ကယ်ခိုးမူဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ရတနာမာန်အောင် ရပ်ကွက်အတွင်း လူတစ်ဦး ဆိုင်ကယ်တစ်စီးအား မသင်္ကာဖွယ် လိုက်လံရောင်းချနေကြာင်း သတင်းရရှိ၍ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် အဆိုပါ မသင်္ကာသူ မောင်---- (၂၇ နှစ်) သည် ယခင်ဆိုင်ကယ်ခိုးမူများဖြင့် ထောင်ကျခံနေရသူဖြစ်ပြီး ဇူလိုင် ၃၀ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ထိုနေ့နံနက် ၂ နာရီအချိန်ကပင် ရတနာမာန်အောင်ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်မှ ခိုးယူခဲ့ကြောင်း သိရသည်။
အဆိုပါ ကျူးလွန်သူ မောင်----(၂၇ နှစ်) အား သက်သေခံ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မိတ္ထီလာမြို့မ ရဲစခန်းက (ပ) ၂၁၀/၂၀၁၅ ပြစ်မူပုဒ်မ ၃၈၀/၅၄ ဖြင့် အမူဖွင့် အရေးယူထားကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်း သမ္မတဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ (၁၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲပြီးနောက် ရက်ပိုင်းအကြာ ၂၀၁၁ ခုနှစ် မေ ၁၆ ရက်တွင် အကျဉ်းသားစုစုပေါင်း ၅၅ ဦး၊ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အကျဉ်းသား ၂၄၁ ဦး၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် အကျဉ်းသား ၃၄ ဦး၊၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် အကျဉ်းသား ၃၀၂ ဦး၊ ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်တွင် အကျဉ်းသား ၄၆ ဦး၊၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၈၈ ဦး၊၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် နိုင်ငံရေးအကျဉ်းသား မပါဝင်ဘဲ အခြားအကျဉ်းသား အချို့အား လည်းကောင်း၊ ၂၀၁၃ ဧပြီ ၁၃ ရက်တွင် အကျဉ်းသား ၆၉ ဦး၊ ၂၀၁၃ ခုနှစ် မေ ၁၇ တွင် အကျဉ်းသား ၂၃ ဦးအား အသီးသီး လွှတ်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်တွင် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ချီအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားများနှင့် တစ်နိုင်ငံလုံးရှိ ရာဇ၀တ် အကျဉ်းသား အများစုပါဝင်သည့် အကျဉ်းသား ၆၉၀၀ ကျော်အား သမ္မတဦးသိန်းစိန် အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ လွှတ်ပေးရာတွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၄၀၀ ကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်မှ အကျဉ်းသား အကျဉ်းသူ ၅၀၀ ကျော်၊ ပဲခူးတိုင်းအနောက်ပိုင်း ဒေသကြီး အကျဉ်းထောင်သုံးခုမှ အကျဉ်းသား ၁၄၄ ဦး၊ ဟင်္သာတ အကျဉ်းထောင်မှအကျဉ်းသား ၂၂ ဦး၊ မွန်ပြည်နယ်အကျဉ်းထောင်နှင့် အကျဉ်းစခန်းမှ အကျဉ်းသား ၂၂၀ ဦး၊ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၂၉ ဦး၊ မြိတ်မှ ၅၂ ဦး၊ ထားဝယ်မှ ၃၆ ဦး၊ ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသား ၃၄ ဦး၊ လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသူ အကျဉ်းသား ၄၀ ဦး၊ မြင်းခြံအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၆၆ ဦး၊ တောင်ငူ (၄) မိုင်အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၇၈ ဦး၊ တောင်ငူမြို့မှ အကျဉ်းသား ၁၄၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ၊ ရာဇ၀တ်မှုကျူးလွန်ပြီး ထောင်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ လူကြီးပိုင်းများက ရာဇ၀တ်မှု ကျူးလွန်သည့် ဖြစ်စဉ်များနှင့် လူငယ်များ အုပ်စုဖွဲ့ လုယက်မှုမှုနှင့် အခြားရာဇ၀တ်မှု ဖြစ်စဉ်များ များပြားလာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Writer:
အောင်ထက်ခိုင်၊ သီဟအောင်
Eleven Media Grouo

Viewing all articles
Browse latest Browse all 13796

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


မျက်မမြင် အကြားအမြင် ဆရာမကြီးရဲ့ (၂၀၁၈) ခုနှစ် နဲ့ အနာဂတ်အတွက် ကြိုတင်ဟောစာတမ်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>