Quantcast
Viewing all articles
Browse latest Browse all 13796

သတင်းစာဆရာကြီး ကြေးမုံဦးသာဘန်း ကွယ်လွန်

သတင်းစာဆရာတစ်ဦးလည်း ဖြစ်သူ၊ယခင်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကြေးမုံဦးသာဘန်းသည်အူမကြီးကင်ဆာရောဂါဝေဒနာခံစားနေရပြီး ဆေးဝါကုသခံယူနေရင်း သြဂုတ် ၄ ရက်(ယနေ့)နေ့လည်(၂)နာရီခန့်၌ကွယ်လွန်ခဲ့ကြောင်းသိရသည်။

ဆရာကြီးနေမကွယ်လွန်မီအခါကစမ်းချောင်းမြို့နယ်ရှိ ဝေဠုဝန်အိမ်ရာ၊တိုက် (၃၃)၊မြေညီထပ်တွင်နေထိုင်ခဲ့ပြီး ကွယ်လွန် ချိန် တွင် အသက် (၈၀)ကျော်ခန့်ရှိသည်ဟုလည်းသိရပြီးလတ်တလောချိန်တွင် နားရေးကိစ္စများအတွက် အသေးစိတ် အစီ အစဉ် များ မသိရသေးပေ။

ဆရာကြီးကြေးမုံဦးသာဘန်းကွယ်လွန်သွားသည့်အတွက် ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်ဦးအေးသာအောင်က"ဟို ဘက်ခေတ်ပိုင်းတွေမှာတော့ သူ့နဲ့ မရင်းနှီးတဲ့အတွက် သူ့အကြောင်းသိပ်မသိဘူး။၈၈ မှာ အမျိုးသားသမဂ္ဂကို ဖွဲ့စည်းတဲ့အခါမှာ ရခိုင်အမျိုးသားသမဂ္ဂကို ဦးသာဘန်းပါခဲ့တယ်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်တဲ့အခါမှာလည်းအတွင်း ရေးမှုး၊အဖွဲ့ဝင်အနေနဲ့ပါခဲ့တယ်။နောက်ပိုင်းမှာတော့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အတွင်း ရေးမှုး၊ အ ဖွဲ့ဝင်အနေနဲ့ပါခဲ့တယ်။နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာတော့ ကျန်းမာရေးကြောင့် သူမပါ တော့ ဘူး"ဟု ပြောသည်။

ဆဲဗင်းဇူလိုင်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှရွှေကလည်း "၁၉၅၃ခုနှစ် အောက်တိုဘာကျောင်းတစ်လ ပိတ် ရေးဆောင်ရွက်တဲ့အထဲမှာ ပါခဲ့တယ်။

ကျနော်တို့ထက်တော့ ကျောင်းရောက်တာစောတယ်။ကျနော့်ထက် ၁၀ နှစ်ကြီး တယ်။ အဲဒီမှာ မျက်ရည်ယိုဗုံးတွေဘာတွေ ထိပြီးတော့ မျက်မှန်တွေ တပ်ရတဲ့အဆင့်ထိဖြစ်သွားတယ်။နောက်တော့ ၁၉၆၁-၆၂ ဆဲဗင်း ဇူလိုင်ကာလတွေမှာ ရန်ကုန်တက္ကသိုလ်အမှုဆောင် ၁၁ယောက် အီးစီထဲမှာ ကျနော်တို့နဲ့ အတူတူ တွဲ လုပ်ဖြစ်ခဲ့ကြ တယ်။ တက္ကသိုလ်မှာက ဗကသ၊တကသ တပ်ဦးဆိုပြီး ရှိတာကြောင့် အဲဒီအချိန်တုန်းက ကြာပြီဆိုတော့ ဘယ်သူဘယ်အထဲမှာ ပါလည်းဆိုတာတော့ မမှတ်မိတော့ဘူး။သူကတော့ ကျောင်းသားလှုပ်ရှားမှုမှာ ဆုံးရှုံးအနစ်နာခံပြီးလုပ်ခဲ့တာတွေ အများကြီးရှိတယ်။နောက်ပိုင်း သူ့ကိုသိပ်မတွေ့ဖြစ်တော့ဘူး။တိုင်းရင်းသားတစ်ဦးဖြစ်တဲ့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ လှုပ်ရှားနေတာတော့သိတယ် "ဟုပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>