Okinawa governor halts work on U.S. military base |
သဟေ့ဂ် ၊ ၆-၈-၂ဝ၁၅
ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါ စီရင်စုရှိ အငြင်းပွားဖွယ် အမေရိကန် စစ်အခြေစိုက်စခန်း တည်ဆောက်မှု လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံက သြဂုတ် ၅ ရက်တွင် ပြောကြားသည်။
အဆိုပါ တည်ဆောက်မှု လုပ်ငန်းများအား တစ်လကြာ ရပ်ဆိုင်းမည် ဖြစ်ပြီး ပစိဖိတ် ဒေသတွင် ဂျပန်နိုင်ငံ၏ စစ်ရေး အင်အားကို တိုးချဲ့လိုသည့် ကြိုးပမ်းမှု များနှင့် ပတ်သက်၍ ပြည်သူလူထု၏ ထောက်ခံ အားပေးမှု ကျဆင်းလာစဉ် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ယခုကဲ့သို့ အမိန့်ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
စစ်အခြေစိုက် စခန်း တည်ဆောက်မှု ကို သြဂုတ် ၁ဝ ရက်မှ စက်တင်ဘာ ၉ ရက် အထိ တစ်လကြာ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ယိုရှီဟီဒီဆူဂါ က ပြောကြားသည်။ ဖူတန်မာ လေတပ် အခြေစိုက် စခန်းအား ပြန်လည် နေရာချ တည်ဆောက်မည့် အစီအစဉ်ကို ၁၉၉၆ ခုနှစ်မှစ၍ အဆိုပြု တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကိစ္စကို ဒေသခံ ပြည်သူများက ကန့်ကွက် ခဲ့ကြောင်း သိရသည်။
#PyiChitThar