ဂျီနီဗာ ၊ ၅-၈-၂ဝ၁၅
ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးသင့် ပြည်သူများကို ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး က သြဂုတ် ၄ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ကိုမန် ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုး မှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင် ၃ဝ ရက်မှစ၍ မြန်မာနိုင်ငံ အတွင်းရှိ နေရာဒေသ အများအပြားတွင် ရေဘေးဒုက္ခနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။
လက်ရှိ အနေအထားများ အရ ရေဘေးသင့် ပြည်သူများ အနေဖြင့် အစား အသောက်များ၊ ရေဘေးခိုလှုံရာ နေရာများ၊ သောက်သုံးရေ နှင့် မိလ္လာစနစ် တို့အပြင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ အရေးတကြီး လိုအပ်လျက် ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရေလွှမ်းမိုးမှု ခံရသည့် ဒေသများတွင် လမ်းပန်း ဆက်သွယ်ရေး များပြတ်တောက်ပြီး ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ ပျက်စီးလျက် ရှိကြောင်းနှင့် နေရာဒေသ အများအပြား တွင် ကယ်ဆယ်ရေး လုပ်ငန်းများ တစ်ပြိုင်နက် ဆောင်ရွက်မှုသည် စိန်ခေါ်မှုကြီး တစ်ရပ်ပင် ဖြစ်ကြောင်း ကုလသမဂ္ဂမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။
UNHCR assists flood victims in Myanmar's Rakhine and Kachin states
#PyiChitThar