လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခြင်းပြု၊မပြုကို သြဂုတ် ၇ ရက်တွင် မီဒီယာများသို့ တရားဝင် ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မူလက ဗဟန်းမြို့နယ်ကိုယ်စားပြု၍ NLD ပါတီမှ ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း ထွက်ရှိလာသောအခါ ဒေါက်တာညိုညိုသင်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ ရွေးချယ်ခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲဝင်၊မ၀င်ဆိုသည့်ကိစ္စရပ်ကို ဗဟန်းမဲဆန္ဒနယ်ရှိ ပြည်သူများက သြဂုတ် ၇ ရက်တွင် နောက်ဆုံးထား ဆုံးဖြတ်ပေးရန် တောင်းဆိုထားသဖြင့် တရားဝင် ပြောကြားမည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။
(ဓာတ်ပုံ - Mg Zaw Yan)
7Day News Journal