Quantcast
Channel: MP4 YoU
Viewing all articles
$
0
0
ဇော်မိုးထက် ( ၂၂.၅.၂၀၁၆)
.................
အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နှင့် ပစ်သတ်ခံရ ....
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ ဆိမ်မူ ( ဆိုင်းတောင် ) ကျေးရွာမှာ အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအား၂၂.၅.၂၀၁၆ နေ့ ညနေ ၅:၀၀ ခန့်တွင် သေနတ်သမား (၂) ဦးမှ နေအိမ်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ မိသားစုတွေက ပြောပါတယ် ။
သေဆုံးသူဟာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မော်ရှန် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ဖြစ်ပြီး အသက် (၄၀) ခန့်ရှိသည်ဟုလည်း သိရပါတယ် ။ ဆိမ်မူ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးပြောပြတာကတော့ “ နန္ဒာလှိုင် ဧည့်ခန်းထဲမှာ ထိုင်နေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဆိုင်ကယ်ပျောက်တာလာတိုင်တယ် ။ နောက်ထပ် လူတစ်ယောက် ဝင်လာပြီး သေနတ်နဲ့ ကပ်ပစ်သွားတယ် ဒီလောက်ပဲ သိရတယ် ။” ဖားကန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ မှော်ရှန်ရာအိမ်မှူး မနန္ဒာလှိုင် သေနတ်နဲါ ပစ်သတ်ခံရသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြု ဖြေကြားခဲ့ပါတယ် ။“ သေနတ်နဲ့ ပစ်သတ်တာ ဟုတ်ပါတယ် ။ အကြမ်းဖျင်းစစ်ဆေးချက်တွေအရ ဒေနတ်ဒဏ်ရာ (၆) ချက်တွေ့ရပါတယ် ။မနက်ကျမှ အသေးစိတ်စစ်ဆေးမှာပါ ။ ဘယ်အဖွဲ့အစည်းက ပစ်သတ်တယ်ဆိုတာတော့ ပြောလို့မရပါဘူး ” ။လို့
ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးမှ ဖြေကြားခဲ့ပါတယ် ။
မနန္ဒာလှိုင် သေနတ်ဖြင့် ပစ်သတ်ခံရမှု၏ နောက်ကွယ်တွင် သံသယဖြစ်ဖွယ် ပြဿနာများစွာ ရှိနေတယ်လို့လည်း ရွာသားများက ပြောဆို သုံးသပ်နေကြပါတယ် ။ မနန္ဒာလှိုင်ဟာ ဖားကန့်မြို့နယ်၏ တစ်ဦးတည်းသော အမျိုးသမီး ရာအိမ်မှူးတစ်ဦးလည်းဖြစ်ပြီး ၊ ရပ်ရွာအတွင်း တရားမဝင် စွန့်ပစ်မြေစာပစ်သည့် ကိစ္စမျညးတွင် ရွာသားများဘက်က ရှေ့ဆောင်ဖြေရှင်းသူ တစ်ဦးဖြစ်ပြီး NLD ပါတီဝင် တစ်ဦး ဖြစ်သည်ဟုလည်း သိရပါသည် ။
ဇော်မိုးထက် ( ၂၂.၅.၂၀၁၆)
Viewing all articles
Browse latest Browse all 13796
Trending Articles
တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )
ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...
စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
ဆားပုလင်းနှင်းမောင်၏ နိဂုံး
ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ
ကရဝေး စိုက်ပျိုးနည်း
စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>