Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျမန္မာ့ဒီမိုကေရစီေရးမွာ ေျခဥ က တားဆီးေနေၾကာင္း ဂၽြန္ကယ္ရီ ေျပာ

$
0
0
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဂၽြန္ကယ္ရီ ကို ေမလ ၂၂ ရက္ေန႔က ေနျပည္ေတာ္ နိုင္ငံျခားေရးဝန္ႀကီးဌာနရံုးမွာ ေတြ႔ရစဥ္။ Photo: Myo Thant Khaing/RFA
ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈခရီးစဥ္ ၿပီးေျမာက္ေအာင္ျမင္ဖို႔ လက္ရွိအေျခခံဥပေဒက အတား အဆီးျဖစ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဂၽြန္ကယ္ရီက ေျပာဆိုခဲ့ပါတယ္။

တနဂၤေႏြေန႔က ျမန္မာႏိုင္ငံကို ေန႔ခ်င္းျပန္ခရီးလာေရာက္ခဲ့တဲ့ ဂၽြန္ကယ္ရီနဲ႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ ဆန္းစုၾကည္တို႔ ေတြ႔ဆံုအၿပီး ပူးတြဲက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ လက္ရွိေပၚေပါက္ေနတဲ့  ျမန္မာ့ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈကို အင္တိုက္ အားတိုက္ ေထာက္ခံေနေၾကာင္း၊ ျမန္မာအေပၚ အေမရိကန္ျပည္ေထာင္စုရဲ႕ က်န္ရွိေနေသးတဲ့ ပိတ္ဆို႔အေရးယူ မႈေတြ ျပန္လည္ရုပ္သိမ္းေရးအတြက္ အဓိကအခ်က္ဟာ ျမန္မာႏိုင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ အျပည့္ အဝေရာက္ရွိေရးအေပၚမွာ မူတည္ေနေၾကာင္း ေျပာဆိုပါတယ္။

ဒါေပမဲ့ ျမန္မာ့ဒီမိုကေရစီေရးမွာ လက္ရွိအေျခခံဥပေဒက အတားအဆီးျဖစ္ေနတယ္လို႔ ဂၽြန္ကယ္ရီက ေျပာ ပါတယ္။

ျမန္မာအစိုးရသစ္ဟာ လြတ္လပ္တဲ့ ေစ်းကြက္၊ ဖြံ႔ၿဖိဳးတိုးတက္မႈ၊ လူ႔အခြင့္အေရးအေျခအေန စတာေတြ အရွိန္အဟုန္ ပိုမိုအားေကာင္းလာေအာင္ ႀကိဳးပမ္းေနေပမဲ့ ဒီခရီးစဥ္ၿပီးေျမာက္ေအာင္ျမင္ေရးမွာ လက္ရွိ အေျခခံဥပေဒက အတားအဆီးျဖစ္ေနပါတယ္။ အေျခခံဥပေဒျပင္ဆင္ေရးဟာ သိပ္ကိုခက္ခဲေနပါတယ္၊ အေျခခံဥပေဒျပင္ဆင္ေရး၊ အစိုးရအဖြဲ႔တြင္း အာဏာခြဲေဝေရး၊ လူနည္းစုအခြင့္အေရးေတြကို အကာအကြယ္ ေပးေရးနဲ႔ အားလံုးပါဝင္ႏိုင္ေရး စတာေတြလိုအပ္ပါတယ္လို႔ ဂၽြန္ကယ္ရီ က ေျပာဆိုပါတယ္။

ဒါ့ျပင္ အဲ့ဒီကိစၥေတြကို ျမန္မာႏိုင္ငံကေန ျပန္လည္မထြက္ခြာခင္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ေတြ႔ဆံုစဥ္အတြင္း ေျပာၾကားခဲ့ေၾကာင္းလည္း ရိုက္တာသတင္းကို ေျပာဆိုခဲ့ပါတယ္။

ဂၽြန္ကယ္ရီ ဟာ တနဂၤေႏြေန႔ ညေနပိုင္းမွာ ျမန္မာႏိုင္ငံကေန ဗီယက္နမ္ႏိုင္ငံကို ဆက္လက္ထြက္ခြာ သြားခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese/
..........

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကို မေလ ၂၂ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုခရီးစဉ် ပြီးမြောက်အောင်မြင်ဖို့ လက်ရှိအခြေခံဥပဒေက အတား အဆီးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးလာရောက်ခဲ့တဲ့ ဂျွန်ကယ်ရီနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံအပြီး ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့  မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အင်တိုက် အားတိုက် ထောက်ခံနေကြောင်း၊ မြန်မာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့အရေးယူ မှုတွေ ပြန်လည်ရုပ်သိမ်းရေးအတွက် အဓိကအချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် အပြည့် အဝရောက်ရှိရေးအပေါ်မှာ မူတည်နေကြောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီရေးမှာ လက်ရှိအခြေခံဥပဒေက အတားအဆီးဖြစ်နေတယ်လို့ ဂျွန်ကယ်ရီက ပြော ပါတယ်။

မြန်မာအစိုးရသစ်ဟာ လွတ်လပ်တဲ့ စျေးကွက်၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးအခြေအနေ စတာတွေ အရှိန်အဟုန် ပိုမိုအားကောင်းလာအောင် ကြိုးပမ်းနေပေမဲ့ ဒီခရီးစဉ်ပြီးမြောက်အောင်မြင်ရေးမှာ လက်ရှိ အခြေခံဥပဒေက အတားအဆီးဖြစ်နေပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးဟာ သိပ်ကိုခက်ခဲနေပါတယ်၊ အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရအဖွဲ့တွင်း အာဏာခွဲဝေရေး၊ လူနည်းစုအခွင့်အရေးတွေကို အကာအကွယ် ပေးရေးနဲ့ အားလုံးပါဝင်နိုင်ရေး စတာတွေလိုအပ်ပါတယ်လို့ ဂျွန်ကယ်ရီ က ပြောဆိုပါတယ်။

ဒါ့ပြင် အဲ့ဒီကိစ္စတွေကို မြန်မာနိုင်ငံကနေ ပြန်လည်မထွက်ခွာခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့ကြောင်းလည်း ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။

ဂျွန်ကယ်ရီ ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို ဆက်လက်ထွက်ခွာ သွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>