Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဗဟိုဝန္ထမ္းတကၠသိုလ္ အထူးမြမ္းမံ သင္တန္းမ်ား ရပ္ဆုိင္းမည္

$
0
0

Byေဇာ္မ်ိဳးလိႈင္
On  Fri, 2016-05-20 06:30
Locationရန္ကုန္
Issue No.No.1094 Friday, May 20, 2016

ဗဟိုဝန္ထမ္းတကၠသိုလ္ မ်ားတြင္ ဖြင့္လွစ္လ်က္ရွိေသာ အထူးမြမ္းမံသင္တန္းမ်ား ရပ္ ဆုိင္းရန္ သက္ဆုိင္ရာဦးစီးဌာန ႏွင့္ တကၠသိုလ္မ်ားသို႔ ပညာေရး ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအ တြင္းဝန္က ေမလ ၁၇ ရက္စြဲျဖင့္ လက္မွတ္ေရးထုိး အေၾကာင္း ၾကားခဲ့ေၾကာင္း သတင္းရရွိသည္။

ေမလ ၁၆ ရက္မွ ဇြန္လ ၁၈ ရက္အထိ ဖြင့္လွစ္လ်က္ရွိေသာ အထူးမြမ္းမံသင္တန္းအမွတ္စဥ္ (၉၇) ႏွင့္ (၆၆)တို႔အၿပီးတြင္ ဆက္ လက္ဖြင့္လွစ္ျခင္း မျပဳေတာ့ဘဲ ပညာေရးဝန္ႀကီးဌာနက သင့္ ေလ်ာ္ေသာ သင္တန္းမ်ားဖြင့္္လွစ္သင္ၾကားရန္ ႏုိင္ငံေတာ္သမၼတ႐ံုး ခြင့္ျပဳခ်က္ရရွိထားေၾကာင္း သိရသည္။

‘‘အထူးမြမ္းမံသင္တန္းေတြ ကို ပညာေရးဝန္ႀကီးဌာနက သင့္ ေလ်ာ္တဲ့သင္တန္းနဲ႔ ေျပာင္းလဲ သင္ၾကားေပးမယ္’’ဟု ပညာေရး ဝန္ႀကီးဌာနမွ အဆင့္ျမင့္အရာရွိ တစ္ဦးက ေျပာသည္။


 ဗဟိုဝန္ထမ္းတကၠသိုလ္ (ေဖာင္ႀကီး)တြင္ အေျခခံပညာ ဆရာ၊ ဆရာမမ်ားအထူးမြမ္းမံ သင္တန္းအမွတ္စဥ္(၉၇)ကို ေမ လ ၁၆ ရက္က စတင္ဖြင့္လွစ္ လ်က္ရွိၿပီး သင္တန္းကာလငါး ပတ္ၾကာျမင့္ကာ သင္တန္းသား ၁,၅၀၀ ခန္႔ တက္ေရာက္ေနသည္။

‘‘အခုထိေတာ့ ဘာစာမွ မ ေရာက္လာေသးဘူး။ သင္႐ိုးေတြ ျပန္သံုးသပ္ဖို႔ေတာ့ ေျပာထားတာ  ရွိတယ္’’ဟု ဆရာအတတ္ပညာ ႏွင့္ေလ့က်င့္ေရးဦးစီးဌာနမွ အ ဆင့္ျမင့္အရာရွိတစ္ဦးက ေျပာ သည္။
7Daydaily
............
ဗဟိုဝန်ထမ်းတက္ကသိုလ် အထူးမွမ်းမံ သင်တန်းများ ရပ်ဆိုင်းမည်
Byဇော်မျိုးလှိုင်
On  Fri, 2016-05-20 06:30
Locationရန်ကုန်
Issue No.No.1094 Friday, May 20, 2016

ဗဟိုဝန်ထမ်းတက္ကသိုလ် များတွင် ဖွင့်လှစ်လျက်ရှိသော အထူးမွမ်းမံသင်တန်းများ ရပ် ဆိုင်းရန် သက်ဆိုင်ရာဦးစီးဌာန နှင့် တက္ကသိုလ်များသို့ ပညာရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအ တွင်းဝန်က မေလ ၁၇ ရက်စွဲဖြင့် လက်မှတ်ရေးထိုး အကြောင်း ကြားခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၆ ရက်မှ ဇွန်လ ၁၈ ရက်အထိ ဖွင့်လှစ်လျက်ရှိသော အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၉၇) နှင့် (၆၆)တို့အပြီးတွင် ဆက် လက်ဖွင့်လှစ်ခြင်း မပြုတော့ဘဲ ပညာရေးဝန်ကြီးဌာနက သင့် လျော်သော သင်တန်းများဖွင့််လှစ်သင်ကြားရန် နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။

‘‘အထူးမွမ်းမံသင်တန်းတွေ ကို ပညာရေးဝန်ကြီးဌာနက သင့် လျော်တဲ့သင်တန်းနဲ့ ပြောင်းလဲ သင်ကြားပေးမယ်’’ဟု ပညာရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။


 ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် အခြေခံပညာ ဆရာ၊ ဆရာမများအထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၉၇)ကို မေ လ ၁၆ ရက်က စတင်ဖွင့်လှစ် လျက်ရှိပြီး သင်တန်းကာလငါး ပတ်ကြာမြင့်ကာ သင်တန်းသား ၁,၅၀၀ ခန့် တက်ရောက်နေသည်။

‘‘အခုထိတော့ ဘာစာမှ မ ရောက်လာသေးဘူး။ သင်ရိုးတွေ ပြန်သုံးသပ်ဖို့တော့ ပြောထားတာ  ရှိတယ်’’ဟု ဆရာအတတ်ပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အ ဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
7Daydaily



Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>