၂၂.၅.၂၀၁၆ ေန႔ ညေန ၅:၀၀ ခန္႔က မၿငိမ္းခ်မ္းေသာ ကခ်င္ျပည္နယ္ထဲက ပို၍ မၿငိမ္းခ်မ္းေသာ ဖားကန္႔ေကိာက္စိမ္းတြင္းေဒသမွာ ဆန္းဆန္းျပားျပား အ မဂၤလာသတင္းတစ္ပုဒ္ၾကားလိုက္ရတယ္ ။ “ ေမွာ္ရွန္ရာအိမ္မွဴး မနႏၵလႈိင္ သူ႔အိမ္ထဲမွာ ေနရင္း ေသနတ္နဲ႔ ပစ္သတ္သြားပီတဲ့ ” ။သူငယ္ခ်င္းက ဖုန္းဆက္အေၾကာင္းၾကားခဲ့တယ္ ။ ထူးဆန္းေနပါသည္ ။ မနႏၵာလႈိင္ကို ဖားကန္႔က လူေတာ္ေတာ္မ်ားမ်ား သိၾကသည္ ။ မနႏၵာလႈိင္ကို လူပိုသိေစေသာ အခ်က္အခ်ိဳ႕ရွိသည္ ။ ဖားကန္႔ၿမိဳ႕နယ္ ရပ္ေက်း အုပ္ခ်ဳပ္ေရး တစ္ခုလုံးမွ ရွားရွားပါးပါး အမ်ိဳးသမီးရာအိမ္မွဴး ျဖစ္ေနျခင္းက လူအမ်ား၏ စိတ္ဝင္စားျခင္းခံခဲ့ရပါတယ္ ။ အမ်ိဳးသမီးျဖစ္ေသာ္လည္း ရပ္ေရးရြာေရးမ်ားကို အမ်ိဳးသားမ်ားထက္ သြက္သြက္လက္လက္ လုပ္ႏိုင္ေၾကာင္းကို ဆုထူးပန္ ေက်ာက္မ်က္ကုမၼဏီ၏ တရားမဝင္ စြန္႔ပစ္ေျမစာပုံ ကိစၥျဖင့္ ျပည္သူ႔ဘက္က မားမားမတ္မတ္ရပ္ကာ သက္ေသျပခဲ့ပါတယ္ ။ ( ေမွာ္ရွန္ရြာထိပ္တြင္ ဆုထူးပန္ေက်ာက္မ်က္ကုမၼဏီမွ စြန္႔ပစ္ေျမစာပုံမွာ အႏၲရာယ္ရွိေနသည့္အတြက္ ကုမၼဏီအား ေျမစာဝိတ္ေလွ်ာ့ျခင္း ၊ ေက်ာက္႐ိုးစီျခင္းမ်ားကို ေရွ႕ေဆာင္ ေတာင္းဆိုခဲ့တယ္ ။ ကုမၼဏီမွ အင္တင္တင္ျဖင့္ လုပ္ေပးသည္ဟုလည္းသိရတယ္ ။ မနႏၵာလႈိင္ေသဆုံးသည္အထိ မၿပီးေသးဟု သိရ ) ။ အျခားေသာ ရပ္ေရး ရြာေရးမ်ားကိုလည္း ထိုနည္းတူစြာ ဟုသိရသည္ ။အထူးသျဖင့္ ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီမ်ား၏ လူေနေက်းရြာမ်ားႏွင့္ စိမ့္စမ္းေရ ထြက္ရွိေသာေနရာမ်ားအား တရားမဝင္ စြန္႔ပစ္ေျမစာပစ္လွ်င္ ေရွ႕ဆုံးက ဦးေဆာင္ကန္႔ကြက္သူ တစ္ဦးျဖစ္လာခဲ့ပါတယ္ ။
ေနာက္ထူးဆန္းေနတာ တစ္ခုက အမ်ိဳးသမီး ရာအိမ္မွဴးတစ္ဦးကို အမ်ိဳးသားသုံးေယာက္က ေသနတ္နဲ႔ ပစ္သတ္သြားတာျဖစ္ေနျပန္သည္ ။ ဒီျဖစ္စဥ္မ်ိဳးက ၁၉၉၄ ခုႏွစ္ကတည္းက ဖားကန္႔မွာ ေနခဲ့ေသာ က်ေနာ့္အတြက္ ပထမဦးဆုံးၾကားဘူးျခင္းျဖစ္သည္ ။အခင္းျဖစ္သည့္ ညေနက ဘယ္သူမွ မနႏၵာလႈိင္ အိမ္နားကို မကပ္ရဲၾက ။မသြားရဲၾက ။ ဌာနဆိုင္ရာ ႏွင့္ စစ္တပ္ ၊ရဲ တို႔ေလာက္သာ လုံျခဳံေရးမ်ားျဖင့္ ရႈပ္ရွက္ခတ္ေနၾကသည္ ။

ဒီေန႔ ၂၃.၅.၂၀၁၆ ေန႔ မွာေတာ့ မနႏၵလိႈင္ ရဲ႕ က်န္ရစ္သူ ခင္ပြန္း ကိုမ်ိဳးထြန္း ကို ေမးျမန္းခြင့္ရခဲ့ပါတယ္ ။အိမ္ေထာင္သက္ (၁၀) ေက်ာ္ ရွိၿပီျဖစ္တဲ့ သူတို႔ ဇနီးေမာင္ႏွံမွာ (၈)တန္းေက်ာင္းသူ သမီးေလး (၁) ေယာက္ ၊(၇)တန္းတက္မဲ့ သား(၁)ေယာက္ နဲ႔ (၂) တန္း တက္မဲ့ သားေလး (၁) ေယာက္ နဲ႔ စုစုေပါင္း (၃) ေယာက္ ထြန္းကားခဲ့တယ္လို႔ ေျပာပါတယ္ ။မနႏၵာလႈိင္ ေသနတ္နဲ႔ ပစ္သတ္ခံရခ်ိန္မွာ သူရွိေနေၾကာင္း၊ေနမေကာင္းလို႔အေပၚမွာ အိပ္ေနတာျဖစ္ေၾကာင္း ေျပာျပပါတယ္ ။“ ညေန ၅:၀၀ေလာက္မွာ ဆိုင္ကယ္ေပ်ာက္တိုင္ခ်င္လို႔ဆိုၿပီး လူႏွစ္ေယာက္လာေျပာေနတာ ၾကားရတယ္ ။ မေရွးမေႏွာင္းမွာ ေနာက္ထပ္ လူတစ္ေယာက္ ထပ္ေယာက္လာသံၾကားတယ္ ။ ခဏေနေတာ့ ေသနတ္သံလိုလို ၾကားလို႔ ဆင္းၾကည့္လိုက္ခ်ိန္မွာ မိန္းမက မီးခိုးေတြၾကားထဲမွာ သားအငယ္ဆုံးေလးက ဒဏ္ရာရတဲ့ သူ႔အေမကို တြဲၿပီး ဧည့္ခန္းထဲက ထြက္လာတယ္ ။ခ်က္ခ်င္း ဖားကန္႔ေဆး႐ုံကို ေခၚသြားတယ္ ။ လမ္းမွာ တစ္လမ္းလုံးေတာ့ ညည္းလာတယ္ ။ ဖားကန္႔ရဲ စခန္းေရွ႕အေရာက္မွာ ညည္းသံ တိုးတိုးေလးၾကားလိုက္ရၿပီး ဖားကန္႔ေဆး႐ုံေရာက္ေတာ့ အသက္မရွိေတာ့ဘူး ။” သူရဲ႕ လက္ေပၚမွာ အသက္ထြက္ခဲ့ရတဲ့ ဇနီးသည္ရဲ႕ အျဖစ္သနစ္ကို ရႈိက္သံမ်ားျဖင့္ ေျပာျပခဲ့ပါတယ္ ။ အျပစ္မဲ့တဲ့ သူရဲ႕ဇနီးကို ခုလို လုပ္တာဟာ အႏိႈင္က်င့္ ေစာ္ကားခံလိုက္ရျခင္း ျဖစ္တယ္လို႔လည္း ဆက္လက္ေျပာၾကားခဲ့ပါတယ္ ။
အမ်ိဳးသမီးရာအိမ္မွဴးမနႏၵာလႈိင္ဟာ ေသနတ္ဒဏ္ရာ (၆) ခ်က္ျဖင့္ ( ဘယ္ဘက္ညႇပ္႐ိုး တစ္ခ်က္ ၊ ညာဘက္ရင္အုံေအာက္ (၃) ခ်က္ ၊ ညာဘက္နံ႐ိုးေအာက္ တစ္ခ်က္ ၊ညာလက္ဖ်ံ ထုတ္ခ်င္းေပါက္ (၁) ခ်က္ ) ေသဆုံးခဲ့ရပါတယ္ ။ မနႏၵာလႈိင္ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး မည္သည့္ လက္နက္ကိုင္ အဖြဲ႕အစည္းရဲ႕ လက္ခ်က္ဆိုတာ ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးပါဘူး ။ ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ အမႈေပါင္းဟာ ျမန္မာ့တပ္မေတာ္ႏွင့္ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA တို႔ တိုက္ပြဲမ်ား ျဖစ္ပြားသည့္ ၂၀၁၀ ေနာက္ပိုင္း (၄) မႈထက္မနည္းရွိခဲ့ၿပီး ၊ အမ်ိဳးသမီးပစ္သတ္ခံရမႈသည္ မနႏၵာလႈိင္သည္ ပထမဆုံးျဖစ္ၿပီး ၊ယေန႔အခ်ိန္ထိ မည္သည့္အမႈမွ တရားခံကို ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးပါ ။
ျပည္သူ႔အက်ိဳးသယ္ပိုးေနသည့္ ဖားကန္႔ေဒသ အသီးသီးက ရပ္ေၾကးအုပ္ခ်ဳပ္ေရးမွဴးေတြ နဲ႔ ပရဟိသမားမ်ား ၊ သတင္းသမားမ်ားရဲ႕ လုံျခဳံေရးဟာ အနာဂတ္မွာ မေကာင္းလွဘူးဆိုတာ ဆိုင္းေတာင္ေက်းရြာ မွာ္ရွန္ ရပ္ကြက္က အမ်ိဳးသမီရာအိမ္မွဴး မနႏၵာလိႈင္ ကိစၥက မီးေမာငါးထိုးျပလိုက္ျခင္း ျဖစ္ပါတယ္ ။ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းေတြ ၊ ရပ္ကြက္အက်ိဳးျပဳလုပ္ငန္းေတြကို လုပ္ခဲ့တဲ့ မနႏၵာလႈိင္အတြက္ ဆုလဒ္ဟာ ေသနတ္ ( ၆ ) ခ်က္နဲ႔ အဆုံးသတ္လိုက္ရပါၿပီ ။
၂၄. ၅.၂၀၁၆ ေန႔ ေန႔လည္ ၁:၀၀ နာရီတြင္ မနႏၵာလႈိင္၏ ႐ုပ္အေလာင္းအား သၿဂႋဳလ္မည္ဟုသိရပါသည္ ။
ေဇာ္မိုးထက္ ( ၂၃.၅.၂၀၁၆)
...................
ပြည်သူ့အတွက် သေနတ် ( ၆ ) ချက်
( သို့ )
ယမ်းငွေ့ကြားက အမျိုးသမီး ရာအိမ်မှူး ....
၂၂.၅.၂၀၁၆ နေ့ ညနေ ၅:၀၀ ခန့်က မငြိမ်းချမ်းသော ကချင်ပြည်နယ်ထဲက ပို၍ မငြိမ်းချမ်းသော ဖားကန့်ကေိာက်စိမ်းတွင်းဒေသမှာ ဆန်းဆန်းပြားပြား အ မင်္ဂလာသတင်းတစ်ပုဒ်ကြားလိုက်ရတယ် ။ “ မှော်ရှန်ရာအိမ်မှူး မနန္ဒလှိုင် သူ့အိမ်ထဲမှာ နေရင်း သေနတ်နဲ့ ပစ်သတ်သွားပီတဲ့ ” ။သူငယ်ချင်းက ဖုန်းဆက်အကြောင်းကြားခဲ့တယ် ။ ထူးဆန်းနေပါသည် ။ မနန္ဒာလှိုင်ကို ဖားကန့်က လူတော်တော်များများ သိကြသည် ။ မနန္ဒာလှိုင်ကို လူပိုသိစေသော အချက်အချို့ရှိသည် ။ ဖားကန့်မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေး တစ်ခုလုံးမှ ရှားရှားပါးပါး အမျိုးသမီးရာအိမ်မှူး ဖြစ်နေခြင်းက လူအများ၏ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ် ။ အမျိုးသမီးဖြစ်သော်လည်း ရပ်ရေးရွာရေးများကို အမျိုးသားများထက် သွက်သွက်လက်လက် လုပ်နိုင်ကြောင်းကို ဆုထူးပန် ကျောက်မျက်ကုမ္မဏီ၏ တရားမဝင် စွန့်ပစ်မြေစာပုံ ကိစ္စဖြင့် ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်ကာ သက်သေပြခဲ့ပါတယ် ။ ( မှော်ရှန်ရွာထိပ်တွင် ဆုထူးပန်ကျောက်မျက်ကုမ္မဏီမှ စွန့်ပစ်မြေစာပုံမှာ အန္တရာယ်ရှိနေသည့်အတွက် ကုမ္မဏီအား မြေစာဝိတ်လျှော့ခြင်း ၊ ကျောက်ရိုးစီခြင်းများကို ရှေ့ဆောင် တောင်းဆိုခဲ့တယ် ။ ကုမ္မဏီမှ အင်တင်တင်ဖြင့် လုပ်ပေးသည်ဟုလည်းသိရတယ် ။ မနန္ဒာလှိုင်သေဆုံးသည်အထိ မပြီးသေးဟု သိရ ) ။ အခြားသော ရပ်ရေး ရွာရေးများကိုလည်း ထိုနည်းတူစွာ ဟုသိရသည် ။အထူးသဖြင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများ၏ လူနေကျေးရွာများနှင့် စိမ့်စမ်းရေ ထွက်ရှိသောနေရာများအား တရားမဝင် စွန့်ပစ်မြေစာပစ်လျှင် ရှေ့ဆုံးက ဦးဆောင်ကန့်ကွက်သူ တစ်ဦးဖြစ်လာခဲ့ပါတယ် ။
နောက်ထူးဆန်းနေတာ တစ်ခုက အမျိုးသမီး ရာအိမ်မှူးတစ်ဦးကို အမျိုးသားသုံးယောက်က သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်နေပြန်သည် ။ ဒီဖြစ်စဉ်မျိုးက ၁၉၉၄ ခုနှစ်ကတည်းက ဖားကန့်မှာ နေခဲ့သော ကျနော့်အတွက် ပထမဦးဆုံးကြားဘူးခြင်းဖြစ်သည် ။အခင်းဖြစ်သည့် ညနေက ဘယ်သူမှ မနန္ဒာလှိုင် အိမ်နားကို မကပ်ရဲကြ ။မသွားရဲကြ ။ ဌာနဆိုင်ရာ နှင့် စစ်တပ် ၊ရဲ တို့လောက်သာ လုံခြုံရေးများဖြင့် ရှုပ်ရှက်ခတ်နေကြသည် ။
ဒီနေ့ ၂၃.၅.၂၀၁၆ နေ့ မှာတော့ မနန္ဒလှိုင် ရဲ့ ကျန်ရစ်သူ ခင်ပွန်း ကိုမျိုးထွန်း ကို မေးမြန်းခွင့်ရခဲ့ပါတယ် ။အိမ်ထောင်သက် (၁၀) ကျော် ရှိပြီဖြစ်တဲ့ သူတို့ ဇနီးမောင်နှံမှာ (၈)တန်းကျောင်းသူ သမီးလေး (၁) ယောက် ၊(၇)တန်းတက်မဲ့ သား(၁)ယောက် နဲ့ (၂) တန်း တက်မဲ့ သားလေး (၁) ယောက် နဲ့ စုစုပေါင်း (၃) ယောက် ထွန်းကားခဲ့တယ်လို့ ပြောပါတယ် ။မနန္ဒာလှိုင် သေနတ်နဲ့ ပစ်သတ်ခံရချိန်မှာ သူရှိနေကြောင်း၊နေမကောင်းလို့အပေါ်မှာ အိပ်နေတာဖြစ်ကြောင်း ပြောပြပါတယ် ။“ ညနေ ၅:၀၀လောက်မှာ ဆိုင်ကယ်ပျောက်တိုင်ချင်လို့ဆိုပြီး လူနှစ်ယောက်လာပြောနေတာ ကြားရတယ် ။ မရှေးမနှောင်းမှာ နောက်ထပ် လူတစ်ယောက် ထပ်ယောက်လာသံကြားတယ် ။ ခဏနေတော့ သေနတ်သံလိုလို ကြားလို့ ဆင်းကြည့်လိုက်ချိန်မှာ မိန်းမက မီးခိုးတွေကြားထဲမှာ သားအငယ်ဆုံးလေးက ဒဏ်ရာရတဲ့ သူ့အမေကို တွဲပြီး ဧည့်ခန်းထဲက ထွက်လာတယ် ။ချက်ချင်း ဖားကန့်ဆေးရုံကို ခေါ်သွားတယ် ။ လမ်းမှာ တစ်လမ်းလုံးတော့ ညည်းလာတယ် ။ ဖားကန့်ရဲ စခန်းရှေ့အရောက်မှာ ညည်းသံ တိုးတိုးလေးကြားလိုက်ရပြီး ဖားကန့်ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး ။” သူရဲ့ လက်ပေါ်မှာ အသက်ထွက်ခဲ့ရတဲ့ ဇနီးသည်ရဲ့ အဖြစ်သနစ်ကို ရှိုက်သံများဖြင့် ပြောပြခဲ့ပါတယ် ။ အပြစ်မဲ့တဲ့ သူရဲ့ဇနီးကို ခုလို လုပ်တာဟာ အနှိုင်ကျင့် စော်ကားခံလိုက်ရခြင်း ဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ် ။
အမျိုးသမီးရာအိမ်မှူးမနန္ဒာလှိုင်ဟာ သေနတ်ဒဏ်ရာ (၆) ချက်ဖြင့် ( ဘယ်ဘက်ညှပ်ရိုး တစ်ချက် ၊ ညာဘက်ရင်အုံအောက် (၃) ချက် ၊ ညာဘက်နံရိုးအောက် တစ်ချက် ၊ညာလက်ဖျံ ထုတ်ချင်းပေါက် (၁) ချက် ) သေဆုံးခဲ့ရပါတယ် ။ မနန္ဒာလှိုင်သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုနှင့် ပတ်သက်ပြီး မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး ။ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမှုပေါင်းဟာ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲများ ဖြစ်ပွားသည့် ၂၀၁၀ နောက်ပိုင်း (၄) မှုထက်မနည်းရှိခဲ့ပြီး ၊ အမျိုးသမီးပစ်သတ်ခံရမှုသည် မနန္ဒာလှိုင်သည် ပထမဆုံးဖြစ်ပြီး ၊ယနေ့အချိန်ထိ မည်သည့်အမှုမှ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ ။
ပြည်သူ့အကျိုးသယ်ပိုးနေသည့် ဖားကန့်ဒေသ အသီးသီးက ရပ်ကြေးအုပ်ချုပ်ရေးမှူးတွေ နဲ့ ပရဟိသမားများ ၊ သတင်းသမားများရဲ့ လုံခြုံရေးဟာ အနာဂတ်မှာ မကောင်းလှဘူးဆိုတာ ဆိုင်းတောင်ကျေးရွာ မှာ်ရှန် ရပ်ကွက်က အမျိုးသမီရာအိမ်မှူး မနန္ဒာလှိုင် ကိစ္စက မီးမောငါးထိုးပြလိုက်ခြင်း ဖြစ်ပါတယ် ။ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ၊ ရပ်ကွက်အကျိုးပြုလုပ်ငန်းတွေကို လုပ်ခဲ့တဲ့ မနန္ဒာလှိုင်အတွက် ဆုလဒ်ဟာ သေနတ် ( ၆ ) ချက်နဲ့ အဆုံးသတ်လိုက်ရပါပြီ ။
၂၄. ၅.၂၀၁၆ နေ့ နေ့လည် ၁:၀၀ နာရီတွင် မနန္ဒာလှိုင်၏ ရုပ်အလောင်းအား သင်္ဂြိုလ်မည်ဟုသိရပါသည် ။
ဇော်မိုးထက် ( ၂၃.၅.၂၀၁၆)