Quantcast
Channel: MP4 YoU
Viewing all articles


$
0
0











...............................................................

ကိန်းစ်ရုပ်ရှင်ပွဲမှာပြဖို့ ကြိုးစားနေတဲ့ From Bangkok to Mandalay ရုပ်ရှင်

By  ဇွဲဉာဏ်On  Tue, 2016-05-24

ထိုင်းနိုင်ငံနှင့် ပူးပေါင်းရိုက်ကူးခဲ့ သည့် 'From Bangkok to Mandalay'ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ နောက်ဆုံးပတ် တွင် ရုံတင်ပြသမည်ဟု ထုတ်လုပ် သူ ဦးစူဝမ်းက ပြောသည်။

‘‘ထိုင်းမှာက   နိုဝင်ဘာ ပထမပတ်လောက်ကိုပြမယ်။ အဲ ဒီတော့ သူတို့မပြခင် တစ်ပတ် လောက်စောပြီး လွတ်နေတဲ့ ရုံ တွေမှာပြမယ်’’ဟု ၎င်းက ပြောသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို လက်ရှိရုံတင်ပြသနေသည့် ပုံစံ အတိုင်း တန်းစီ၍ ပြသပါက ၂ နှစ် ကျော်စောင့်ရမည်ဖြစ်၍ တန်းစီ စနစ်တွင် မပါဝင်သည့် ရုပ်ရှင်ရုံများ၌ အောက်တိုဘာ နောက်ဆုံး ပတ်တွင် ရုံတင်ပြသမည်ဟု ဦးစူ ဝမ်းက ပြောသည်။

‘‘တင်ပြပုံတွေကတော့ အ အမြင်ပြောင်းသွားမှာပါ’’ဟု ယင်း ရုပ်ရှင်ကားနှင့်ပတ်သက်၍ ၎င်း က ပြောသည်။

'From Bangkok to Man-dalay'ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့ သည့်နှစ်က ထိုင်းနိုင်ငံမှ ရုပ်ရှင်အဖွဲ့က မြန်မာနိုင်ငံတွင် ဇာတ် ကားတစ်ကားလုံး   လာရောက်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယင်းဇာတ်ကားတွင် နေတိုး၊စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် နှင့် ထိုင်းမင်းသမီး Nam Waan တို့ အဓိကပါဝင်သရုပ်ဆောင်ထား သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် ပြသ သည်ဟု သတင်းများထွက်ပေါ်နေ သည့်အပေါ် ဦးစူဝမ်းက ‘‘အဲဒါက ထိုင်းအဖွဲ့က      အဲဒီရုပ်ရှင်ပွဲ တော်မှာ ရောက်နေတယ်။ တင်ဖို့ လည်း ကြိုးစားနေတယ်။ တင်ဖြစ် သလားတော့ မပြောတတ်ဘူး။ အဲဒီမှာက ရုပ်ရှင်ရုံပိုင်ရှင်တွေရှိ တယ်။ ဇာတ်ကားဝယ်တဲ့သူတွေ လည်းရှိတော့ Marketing ဆင်း တာပေါ့’’ဟု ပြောသည်။

Marketing ပိုင်းကို ထိုင်း နိုင်ငံဘက်က တာဝန်ယူထားခြင်း ဖြစ်သောကြောင့် ၎င်းအနေဖြင့် အတိအကျမပြောနိုင်ဟု ဆိုသည်။

ပြင်သစ်မှ ကိန်းစ်ရုပ်ရှင်ပွဲတော် (Cannes)သည် ကမ္ဘာကျော် ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည်။

http://www.7daydaily.com/story/65712

Viewing all articles
Browse latest Browse all 13796

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>