---------------
(၂၂.၅.၂၀၁၆ရက်နေ့မနက်ပိုင်းက ကသာမြို့ သီရိခေမာဈေးအတွင်းဝယ်ယူခဲ့သည့် ကြက်ဥများတွင် သာမန်ကြက်ဥနှင့် ကွဲပြားသော ကြက်ဥများပါလာကြောင်းသတင်းအရ ၂၄.၅.၂၀၁၆ရက်နေ့ မနက်တွင် စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရှိရပါသည်၊)
၂၂.၅.၂၀၁၆ရက်နေ့မနက်ပိုင်းက ကသာမြို့ သီရိခေမာဈေးအတွင်းဝယ်ယူခဲ့သည့် ကြက်ဥများတွင် သာမန်ကြက်ဥနှင့် ကွဲပြားသော ကြက်ဥများပါလာကြောင်းသတင်းအရ
ဈေးထဲမှာ ပုံသဏ္ဍန်မမှန်ကြက်ဥရောင်းချသူ ယူရောင်းတယ်ဆိုတဲ့ကြက်ခြံဟာလည်း အစာရော ဆေးပါ ကျွန်တော်ဆီကယူရောင်းတဲ့ ကြက်ခြံဖြစ်ပါတယ်၊ သို့သော်တစ်ခုအံ့ဩစရာကောင်းနေတာက
ဆက်သွယ်ရေးတာဝန်ခံဒေါ်သိင်္ဂီဝင်းဈေးထဲကဆိုင်က ပုံသဏ္ဍန်မမှန်ကြက်ဥဝယ်ခဲ့မိတာကို ဖောက်ပြီးတော့ သိရတယ်၊ အဲဒီအတွက် ဖောက်ထားပြီး ပုံသဏ္ဍန်မမှန်ကြက်ဥကို မကြော်တော့ဘဲ
ပုံသဏ္ဍန်မမှန်ကြက်ဥဖြစ်နေပြန်တယ်၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဲဒီဆိုင်ကို သွားစစ်ဆေးတော့ ဈေးထဲက သူဝယ်တဲ့ဆိုင်ဟာလည်း ဒေါ်သိင်္ဂီဝင်းဝယ်ခဲ့တဲ့ ကြက်ဥဆိုင်ပဲ ဖြစ်နေတယ်၊ ပြောရရင် တစ်ဆိုင်ထဲပေါ့၊ အဲဒီဈေးထဲကဆိုင်ကလည်း သူဝယ်တဲ့ကြက်ခြံဟာ
ကျွန်တော်နဲ့ အဆက်အသွယ်ရှိတဲ့ ကြက်ခြံ ဖြစ်နေတယ်၊ အဲဒီကြက်ခြံကတော့ ကျွန်တော်တာဝန်ယူတယ်၊ ကျွန်တော် ကြီးကြပ်မှုအောက်မှာရှိတယ်၊ အဲဒီဈေးထဲကဆိုင်ကလည်း
မန္တလေးက ကြက်ဥယူမရောင်းဘူးဆိုတော့ ဒီပြဿနာက ခက်နေတယ်၊ ဒ်ါသိင်္ဂီဝင်းဝယ်ခဲ့တဲ့ ပုံသဏ္ဍန်မမှန်ကြက်ဥကို ကျွန်တော်မျက်မြင်တွေ့ရှိချက်အရကတော့ အံ့ဩစရာကောင်းတယ်၊
သွေးစ မဟုတ်ဘဲ ဆိုးဆေးအရောင်လို ဖြစ်နေတယ်၊ ဒါက ထူးခြားနေတယ်၊ဒီထူးခြားမှုကြောင့် ဒေါ်သိင်္ဂဝင်းဆီက ပုံသဏ္ဍန်မမှန်ကြက်ဥကို ကျွန်တော် ဒီကနေ့ မွေး/ကုရုံးချုပ်ကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ပါမယ်၊ အဲဒီက အဖြေရမှ ဘာဆိုတာ တိတိကျကျ သိရပါမယ်၊ ဒီနေ့မနက်(၂၄.၅.၂၀၁၆) မနက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေ ဈေးတွေထဲက ကြက်ဥဆိုင်တွေကို ဝင်ပြီး
(ဓာတ်ပုံ..hla oo FB မှ)
............
ကသာမြို့က မသင်္ကာဖွယ် ပုံသဏ္ဍန်မမှန်ကြက်ဥကိစ္စ သက်ဆိုင်ရာမှ စစ်ဆေးပြီ..(ဟာဂျူလီ-ကသာ)
**********
(( စာမြည်း... အဲဒီကြက်ဥမျိုး ကျွန်တော်ဘဝမှာ မမြင်ဖူးဘူး၊အကာတို့ အမှေးပါးတို့အရ ကြက်ဥကတော့ အစစ်ပဲ၊
လူလုပ်တဲ့ ကြက်ဥ မဟုတ်ဘူး၊ သို့သော် အထဲက ကြက်ဥအကာမှာ တွေ့ရတဲ့ အနီရောင်တွေဟာ
သွေးစ မဟုတ်ဘဲ ဆိုးဆေးတွေ ဖြစ်နေတယ်၊ ဒါက ထူးခြားနေတယ်၊ဒီထူးခြားမှုကြောင့် ဒေါ်သိင်္ဂဝင်းဆီက ပုံသဏ္ဍန်မမှန်ကြက်ဥကို ကျွန်တော် ဒီကနေ့ မွေး/ကုရုံးချုပ်ကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ပါမယ်...(ကသာမြို့နယ် မွေး/ကုဦးစီးမှူးဒေါက်တာဝင်းထွန်း ) ))
---------------
(၂၂.၅.၂၀၁၆ရက်နေ့မနက်ပိုင်းက ကသာမြို့ သီရိခေမာစျေးအတွင်းဝယ်ယူခဲ့သည့် ကြက်ဥများတွင် သာမန်ကြက်ဥနှင့် ကွဲပြားသော ကြက်ဥများပါလာကြောင်းသတင်းအရ ၂၄.၅.၂၀၁၆ရက်နေ့ မနက်တွင် စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရှိရပါသည်၊)
၂၂.၅.၂၀၁၆ရက်နေ့မနက်ပိုင်းက ကသာမြို့ သီရိခေမာစျေးအတွင်းဝယ်ယူခဲ့သည့် ကြက်ဥများတွင် သာမန်ကြက်ဥနှင့် ကွဲပြားသော ကြက်ဥများပါလာကြောင်းသတင်းအရ
ကိုယ်တွေ့ကြုံခဲ့သူ အမျိုးသမီးတစ်ဦးမှ သူ့ဖေ့ဘွတ်တွင် ရေးတင်ခဲ့သော်လည်း တရားဝင် အရေးယူဆောင်ရွက်မှု မရှိကြောင်း ဖေါ်ပြပြီးသည့်နောက် ၂၃.၅.၂၀၁၆ရက်နေ့ည ၉နာရီ၄၅မိနစ်အချိန်တွင် (ပုံသဏ္ဍန်မမှန်ကြက်ဥကို ဝယ်ယူခဲ့သူ )ကသာမြို့နယ် ဆက်သွယ်ရေးတာဝန်ခံဒေါ်သိင်္ဂဝင်းထံ လာရောက် စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်၊ လာရောက်စစ်ဆေးမေးမြန်းသည့်သူများမှာ
စခန်းမှူး၊စည်ပင်၊တိမွေးကုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့သူ ကသာမြို့နယ် မွေး/ကုဦးစီးမှူးဒေါက်တာဝင်းထွန်းကို ကျွန်တော်တို့ မီဒီယာအဖွဲ့မှ ဆက်သွယ်မေးမြန်းခဲ့ရာ
"ကျွန်တော်က အင်တာနက်သိပ်မသုံးတော့ ဒီဖြစ်စဉ်ကို ၂၃ရက်နေ့မှ သိရတာပါ၊ သိသိချင်းပဲ
ကျွန်တော်တို့ဌာနအနေနဲ့ ဒေါ်သိင်္ဂဝင်းဆီ သွားစုံစမ်းပါတယ်၊ကျွန်တော်ရောက်ပြီးတော့မှ ကျန်တဲ့အဖွဲ့တွေ ရောက်လာတာပါ၊ ကျွန်တော့်ရဲ့ဝန်ထမ်းသက်ကအနှစ်၂၀ကျော်ပါပြီ၊ ကိုယ်ပိုင် ကြက်မွေးမြူရေးလုပ်လာတာလည်း ၁၆နှစ်ရှိပြီ၊ကသာတစ်မြို့နယ်လုံးကိုလည်း ကြက်စာနဲ့ တိရိစ္ဆာန်ဆေးဖြန့်ပါတယ်၊ ပြောရရင် ဒါတွေနဲ့ပတ်သက်ရင် ကျွန်တော်ထဲထဲဝင်ဝင် အသိဆုံးပေါ့၊
စျေးထဲမှာ ပုံသဏ္ဍန်မမှန်ကြက်ဥရောင်းချသူ ယူရောင်းတယ်ဆိုတဲ့ကြက်ခြံဟာလည်း အစာရော ဆေးပါ ကျွန်တော်ဆီကယူရောင်းတဲ့ ကြက်ခြံဖြစ်ပါတယ်၊ သို့သော်တစ်ခုအံ့ဩစရာကောင်းနေတာက
ဆက်သွယ်ရေးတာဝန်ခံဒေါ်သိင်္ဂီဝင်းစျေးထဲကဆိုင်က ပုံသဏ္ဍန်မမှန်ကြက်ဥဝယ်ခဲ့မိတာကို ဖောက်ပြီးတော့ သိရတယ်၊ အဲဒီအတွက် ဖောက်ထားပြီး ပုံသဏ္ဍန်မမှန်ကြက်ဥကို မကြော်တော့ဘဲ
သူ့အိမ်ရှေ့က အိမ်ဆိုင်မှာ ကြက်ဥ သွားပြန်ဝယ်တယ်၊အဲဒီမှာလည်း ထပ်ဝယ်တဲ့ကြက်ဥဟာ
ပုံသဏ္ဍန်မမှန်ကြက်ဥဖြစ်နေပြန်တယ်၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဲဒီဆိုင်ကို သွားစစ်ဆေးတော့ စျေးထဲက သူဝယ်တဲ့ဆိုင်ဟာလည်း ဒေါ်သိင်္ဂီဝင်းဝယ်ခဲ့တဲ့ ကြက်ဥဆိုင်ပဲ ဖြစ်နေတယ်၊ ပြောရရင် တစ်ဆိုင်ထဲပေါ့၊ အဲဒီစျေးထဲကဆိုင်ကလည်း သူဝယ်တဲ့ကြက်ခြံဟာ
ကျွန်တော်နဲ့ အဆက်အသွယ်ရှိတဲ့ ကြက်ခြံ ဖြစ်နေတယ်၊ အဲဒီကြက်ခြံကတော့ ကျွန်တော်တာဝန်ယူတယ်၊ ကျွန်တော် ကြီးကြပ်မှုအောက်မှာရှိတယ်၊ အဲဒီစျေးထဲကဆိုင်ကလည်း
မန္တလေးက ကြက်ဥယူမရောင်းဘူးဆိုတော့ ဒီပြဿနာက ခက်နေတယ်၊ ဒါ်သိင်္ဂီဝင်းဝယ်ခဲ့တဲ့ ပုံသဏ္ဍန်မမှန်ကြက်ဥကို ကျွန်တော်မျက်မြင်တွေ့ရှိချက်အရကတော့ အံ့ဩစရာကောင်းတယ်၊
အဲဒီကြက်ဥမျိုး ကျွန်တော်ဘဝမှာ မမြင်ဖူးဘူး၊အကာတို့ အမှေးပါးတို့အရ ကြက်ဥကတော့ အစစ်ပဲ၊
သွေးစ မဟုတ်ဘဲ ဆိုးဆေးအရောင်လို ဖြစ်နေတယ်၊ ဒါက ထူးခြားနေတယ်၊ဒီထူးခြားမှုကြောင့် ဒေါ်သိင်္ဂဝင်းဆီက ပုံသဏ္ဍန်မမှန်ကြက်ဥကို ကျွန်တော် ဒီကနေ့ မွေး/ကုရုံးချုပ်ကို ဓာတ်ခွဲစစ်ဆေးဖို့ ပို့ပါမယ်၊ အဲဒီက အဖြေရမှ ဘာဆိုတာ တိတိကျကျ သိရပါမယ်၊ ဒီနေ့မနက်(၂၄.၅.၂၀၁၆) မနက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေ စျေးတွေထဲက ကြက်ဥဆိုင်တွေကို ဝင်ပြီး
စစ်ဆေးတယ်၊ စစ်ဆေးတယ်ဆိုတာကလည်း သူတို့ရောင်းတဲ့ ကြက်ဥတွေအများကြီးထဲက
၁လုံးလောက် ခွဲကြည့်တာပေါ့၊ အခုထိတော့ ပုံသဏ္ဍန်မမှန်ကြက်ဥ မတွေ့သေးပါ ဘူး၊
ဘာပဲဖြစ်ဖြစ် ကျွန်တော် အသိပေးချင်တာကတော့ ကြက်ဥကြော်မယ်ဆိုရင် မကြော်ခင် ခွဲထားတဲ့
ကြက်ဥကို သေချာစစ်ဆေးပါ၊ ထူးခြားရင် လွှင့်မပစ်လိုက်ဘဲ ကျွန်တော်တို့ကို အကြောင်းကြားပေးစေချင်ပါတယ်၊ ပုံသဏ္ဍန်မမှန်ကြက်ဥကိစ္စက ဟိုမြို့ ဒီမြို့တွေမှာ သိုးသိုးသန့်သန့်
ကြားနေရတော့ အားလုံးသတိထားကြဖို့တော့ လိုပါတယ်"ဟု ဖြေဆိုသွားခဲ့ပါသည်။(ဟာဂျူလီ-ကသာ)
(ဓာတ်ပုံ..hla oo FB မှ)