Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သမၼတအုိဘားမား ဗီယက္နမ္လူငယ္ေတြနဲ႔ ေတြ႔ဆုံ

$
0
0
သမၼတအုိဘားမား ဗီယက္နမ္လူငယ္ေတြနဲ႔ေတြ႔ဆုံ
ဗီယက္နမ္ႏုိင္ငံ သံုးရက္ၾကာခရီးစဥ္အတြင္း လူငယ္ေတြနဲ႔ ေျပာဆို ေဆြးေႏြးတာကေန ဗီယက္နမ္ႏုိင္ငံရဲ႕ အနာဂတ္အေပၚ အေကာင္းျမင္လာေစတယ္လို႔ အေမရိကန္သမၼတ ဘရာ့ခ္ အိုဘားမားက ေျပာလုိက္ပါတယ္။

ဟုိခ်ီမင္းၿမိဳ႕ေတာ္မွာ သမၼတအိုဘားမားနဲ႔ ဗီယက္နမ္ လူငယ္ေတြ ၾကား ေမးျမန္းေဆြးေႏြးခန္္းတခုကို ဒီကေန႔လုပ္ခဲ့ၿပီး သူ႔ရဲ႕ ကိုယ္ပိုင္ အေတြ႔အၾကံဳတခ်ဳိ႕ ကိုလည္း ထူးထူးျခားျခား ထည့္ေျပာသြားပါတယ္။ သူ လူငယ္ဘ၀ တုန္းက သိပ္ႀကီး ေလးနက္လွတာ မဟုတ္ဘူးလုိ႔ သမၼတအိုဘားမားက ေျပာပါတယ္။

အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္ YSEALI အစီအစဥ္မွာ ပါ၀င္တဲ့ လူငယ္ ၈၀၀ ေလာက္ကို သမၼတအိုဘားမားက မိန္႔ခြန္း ေျပာတာပါ။ လူငယ္ေတြက အေမရိကန္အလံေတြကို ေ၀ွ႔ယမ္း၊ အားရပါးရ မတ္တတ္ရပ္ ေအာ္ဟစ္ လက္ခုပ္တီးၿပီးေတာ့ သမၼတ ကို ႀကိဳဆိုၾကပါတယ္။ YSEALI အစီအစဥ္ဟာ သမၼတအိုဘားမား စၿပီး ခ်မွတ္ေပးခဲ့တဲ့ အစီအစဥ္တခုျဖစ္ၿပီး ၂၀၁၃ ခုႏွစ္က စတင္တာပါ။ အေရွ႕ေတာင္အာရွေဒသမွာ ေခါင္းေဆာင္မႈ ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ အျပန္အလွန္ ခ်ိတ္ဆက္ ဆက္သြယ္ေရးေတြ အားေကာင္းေအာင္လုပ္ေပးတဲ့ အစီအစဥ္ျဖစ္ပါတယ္။ သူ႔လူငယ္ဘ၀ တစိတ္တပိုင္းကို အေရွ႕ေတာင္အာရွႏုိ္င္ငံတခုျဖစ္တဲ့ အင္ဒိုနီးရွားမွာ စတင္ခဲ့ၿပီး ဒီေဒသဟာ သူ႔ကို ပံုေဖာ္ေပးခဲ့ တယ္လို႔ သမၼတအိုဘားမားက စေျပာပါတယ္။ တက္ေရာက္လာတဲ့ ထဲက လူငယ္တေယာက္က တကယ့္ေခါင္းေဆာင္ တေယာက္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ အၾကံေပးဖို႔ သမၼတ အိုဘားမားကိုေမးပါတယ္။

အခုတက္လာတဲ့ လူငယ္ေတြဟာ သူ အဲဒီအရြယ္တုန္းက ရွိခဲ့တဲ့အေျခအေနထက္ ပိုၿပီး ေကာင္းေကာင္းျပင္ဆင္ထားပံု၊ စနစ္တက်ရွိပံုရပါတယ္လို႔ သမၼတ အိုဘားမားက ျပန္ေျဖပါတယ္။ သူ႔တုန္းကဆိုရင္ စာလည္း သိပ္မလုပ္၊ ဘတ္စကက္ေဘာကစားတာနဲ႔ မိန္းကေလးေတြကို ပိုစိတ္၀င္စားၿပီး အျမဲတမ္း အေလးအနက္ ရွိေနခဲ့တာမဟုတ္ဘူး လုိ႔ သမၼတအိုဘားမားက ေျပာသြားပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................................


သမ္မတအိုဘားမား ဗီယက်နမ်လူငယ်တွေနဲ့တွေ့ဆုံ
ဗီယက်နမ်နိုင်ငံ သုံးရက်ကြာခရီးစဉ်အတွင်း လူငယ်တွေနဲ့ ပြောဆို ဆွေးနွေးတာကနေ ဗီယက်နမ်နိုင်ငံရဲ့ အနာဂတ်အပေါ် အကောင်းမြင်လာစေတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ဟိုချီမင်းမြို့တော်မှာ သမ္မတအိုဘားမားနဲ့ ဗီယက်နမ် လူငယ်တွေ ကြား မေးမြန်းဆွေးနွေးခန််းတခုကို ဒီကနေ့လုပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတချို့ ကိုလည်း ထူးထူးခြားခြား ထည့်ပြောသွားပါတယ်။ သူ လူငယ်ဘဝ တုန်းက သိပ်ကြီး လေးနက်လှတာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောပါတယ်။

အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် YSEALI အစီအစဉ်မှာ ပါ၀င်တဲ့ လူငယ် ၈၀၀ လောက်ကို သမ္မတအိုဘားမားက မိန့်ခွန်း ပြောတာပါ။ လူငယ်တွေက အမေရိကန်အလံတွေကို ဝှေ့ယမ်း၊ အားရပါးရ မတ်တတ်ရပ် အော်ဟစ် လက်ခုပ်တီးပြီးတော့ သမ္မတ ကို ကြိုဆိုကြပါတယ်။ YSEALI အစီအစဉ်ဟာ သမ္မတအိုဘားမား စပြီး ချမှတ်ပေးခဲ့တဲ့ အစီအစဉ်တခုဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်တာပါ။ အရှေ့တောင်အာရှဒေသမှာ ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အပြန်အလှန် ချိတ်ဆက် ဆက်သွယ်ရေးတွေ အားကောင်းအောင်လုပ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သူ့လူငယ်ဘဝ တစိတ်တပိုင်းကို အရှေ့တောင်အာရှနို်င်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ စတင်ခဲ့ပြီး ဒီဒေသဟာ သူ့ကို ပုံဖော်ပေးခဲ့ တယ်လို့ သမ္မတအိုဘားမားက စပြောပါတယ်။ တက်ရောက်လာတဲ့ ထဲက လူငယ်တယောက်က တကယ့်ခေါင်းဆောင် တယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အကြံပေးဖို့ သမ္မတ အိုဘားမားကိုမေးပါတယ်။

အခုတက်လာတဲ့ လူငယ်တွေဟာ သူ အဲဒီအရွယ်တုန်းက ရှိခဲ့တဲ့အခြေအနေထက် ပိုပြီး ကောင်းကောင်းပြင်ဆင်ထားပုံ၊ စနစ်တကျရှိပုံရပါတယ်လို့ သမ္မတ အိုဘားမားက ပြန်ဖြေပါတယ်။ သူ့တုန်းကဆိုရင် စာလည်း သိပ်မလုပ်၊ ဘတ်စကက်ဘောကစားတာနဲ့ မိန်းကလေးတွေကို ပိုစိတ်ဝင်စားပြီး အမြဲတမ်း အလေးအနက် ရှိနေခဲ့တာမဟုတ်ဘူး လို့ သမ္မတအိုဘားမားက ပြောသွားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>