Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
ဒီကနေ့စပြီး ကျူးကျော်မရှိစေရဘူးလို့ ဝန်ကြီးချုပ်ပြော
$
0
0
RFA Burmese
.......................................
ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း မေလ ၂၅ ရက်နေ့က တိုင်းဒေသကြီး အစိုးရရုံးမှာ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်။ Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့ မေလ ၂၅ ရက်နေ့ ကစတင်ပြီး နောက်ထပ် ကျူးကျော်တွေရှိလာရင် တည်ဆဲဥပဒေအရ အရေးယူသွားမှာ ဖြစ်သလို စီးပွားရေးလုပ်ပြီး မြေနေရာဦးထားသူတွေကိုလည်း ဥပဒေအရ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး အစိုးရရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
လက်ရှိကျုးကျော်နေထိုင်သူတွေကို စာရင်းကောက်ယူပြီး အမှန်တကယ် နေစရာမရှိလို့ ကျုးကျော်ဖြစ်ရသူတွေကို နေရာချထားပေးဖို့ အစိုးရက ဆောင်ရွက်ပေးမှာဖြစ် ပါတယ်။ အစိုးရက နေရာချထားပေးတဲ့အခါမှာ နေရာသီးသန့်ပေးမှာ မဟုတ်ပဲ တခြားနေရာတွေမှာ ရောနှော နေထိုင်လို့ ရအောင်စီစဉ်ပေးမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်း အစိုးရက ကျူးကျော်စာရင်းပြုစုတာကို တစ်လခွဲနဲ့ အပြီးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
Viewing all articles
Browse latest Browse all 13796
Trending Articles
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>