Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသက်သုံးနှစ်နဲ့ အမေရိကရဲ့ အသက်အငယ်ဆုံးမြို့ တော်ဝန်ဖြစ်လာတဲ့ ကလေးလေး

$
0
0
အသက်သုံးနှစ်အရွယ် ကလေးပေါက်စလေး James Tufts ဟာ သူသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ရေခဲမုန့် ဝယ်ကျွေးမယ်ဆိုတဲ့ ကတိစကားနဲ့ အမေရိကရဲ့ အသက်အငယ်ဆုံးမြို့ တော်ဝန် ဖြစ်လာခဲ့ပါတယ်။

မင်နီဆိုးတားပြည်နယ်၊ ဒေါဆက်မြို့ လေးဟာ လူဦးရေ ၂၂ ယောက်သာ ရှိပြီး James ဟာ ရွေးကောက်ပွဲ နေ့ မှာ မဲပေးသူတွေနဲ့ စကားစမြည်ပြောကာ ကုန်ဆုံးခဲ့ပြီး ရေခဲမုန့် မျှော်လင့်ချက်နဲ့ မြို့ သားတွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။ အသစ်ရွေးချယ်ခံလိုက်ရတဲ့ မြို့ တော်ဝန် Tufts ဟာ အသက်ခြောက်နှစ်အရွယ် အကိုဖြစ်သူ Robert နှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ရာထူးကို ဆက်ခံခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါဆက်မြို့ ရဲ့ မြို့ တော်ဝန်ရွေးချယ်ပုံက အခုလိုပါ။ သင်ဟာ တစ်ဒေါ်လာ ပေးရင် မဲပေးခွင့် တစ်ခု ရရှိမှာဖြစ်ပါတယ်။ ဒေါ်လာငွေပေါ်မှာ ရစ်ပတ်ထားတဲ့ စက္ကူပေါ်မှာ သင်ရွေးချယ်တဲ့ လူနာမည်ကို ရေးပေးရပါတယ်။ နေ့ လည် ၂ နာရီထိုး၊ Taste of Dorset ပွဲတော်ကျင်းပနေတုန်း သားရေကွင်းနဲ့ စည်းထားတဲ့ မဲလိပ်တွေကို ပလတ်စတစ်ဘူးထဲ ထည့်ကာ ရောမွှေပြီး မျက်လုံးစည်းထားတဲ့ ဒေသခံဆိုင်ရှင်တစ်ယောက်က မဲလိပ်တစ်လိပ်ကို ရွေးချယ်ပေးရတာဖြစ်ပါတယ်။

“ ဒီရာထူးက အခမ်းအနားနဲ့ ဆိုင်တဲ့ ရာထူးသက်သက်ပါ။ မြို့ လေး အပါအ၀င် လူမှုရေးအသင်း အဖွဲ့ တွေကို ကူညီဖို့ အတွက် ဒီအခွင့်အရေးကို အသုံးချခဲ့တာဖြစ်ပါတယ်။” လို့ Tufts နဲ့ Robert တို့ ရဲ့ မိခင် အစားအသောက်ဝန်ဆောင်မှုဒါရိုက်တာ Emma က ပြောကြားခဲ့ပါတယ်။

trend myanmar

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>