Quantcast
Viewing all articles
Browse latest Browse all 13796

အပစ်ရပ်စာချုပ်မူကြမ်းပါ အချက်များ သဘောတူညီမှုရ

Image may be NSFW.
Clik here to view.
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ− MPC)
•တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သ ဘောတူစာချုပ်မူကြမ်း (NCA)ပါ အချက် များ သဘောတူညီမှုရ။
•NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး ပါဝင်လက်မှတ်ရေး ထိုးနိုင်ရေးမှာ အဓိက အကြိတ်အနယ် ဆွေးနွေးနေရသော ကိစ္စဖြစ်၊ သဘောမတူနိုင်ကြသေး၍ သောကြာနေ့တွင် ဆက်လက်ညှိနှိုင်းမည်။
•သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အစိုးရဘက်မှ ဦးဆောင်လက်မှတ်ရေးထိုးမည်
•နိုင်ငံတကာ အသိသက်သေအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့ ပါဝင်ရန်သဘောတူ။
•သြဂုတ် ၇ ရက်တွင် စာချုပ်အချောသပ်နိုင်မည်ဟုဆို။
•NCA ကို ပြည်သူလူထုထံ တင်ပြမည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်လက် မှတ်ရေးထိုးနိုင်ရေးဆိုသည့် ကိစ္စ မှ လွဲလျှင် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအချက်များကို အစိုးရ နှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား သဘောတူညီ ချက်ရှိပြီဖြစ်ကြောင်း သြဂုတ် ၆ ရက်သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားခဲ့သည်။
အစိုးရ၏ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့(SD)တို့ကြား (၉)ကြိမ် မြောက် NCA ညှိနှိုင်းပွဲပထမရက် တွင် ယခင်က သဘောမတူနိုင်ဘဲ ကျန်ရှိနေသော အချက်သုံးချက်ကို သဘောတူလိုက်နိုင်ပြီဟု နှစ်ဖက် စလုံးက ဆိုသည်။
‘‘(၈)ကြိမ်မြောက်ဆွေးနွေးပွဲ မှာ သုံးချက်ကျန်တယ်လို့ ကျွန် တော်တို့ပြောပါတယ်။ အဲဒီသုံး ချက်စလုံးပြီးပါပြီ’’ဟု SD ခေါင်း ဆောင် ပူးဇင်ကျုံးက ပြောသည်။
တစ်ဖက်တွင်လည်း NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးပါဝင်လက်မှတ် ရေးထိုးနိုင်ရေးမှာ နှစ်ဖက်ကြား သဘောတူညီမှုမရသေးဘဲ အ ကြိတ်အနယ် ဆွေးနွေးနေခဲ့ရ သော ကိစ္စဖြစ်ပြီး သြဂုတ် ၇ ရက် တွင် ယင်းကိစ္စကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းသား  လက်နက် ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးဖြစ် သော NCA ကို လက်နက်ကိုင်အ ဖွဲ့အားလုံး လက်မှတ်ရေးထိုးနိုင်မှ အာမခံချက်ရှိမည်ဟု ဆိုထား သည်။ အစိုးရဘက်ကမူ အချို့အ ဖွဲ့များ NCA ၌ ပါဝင်လက်မှတ် မရေးထိုးဘဲ နိုင်ငံရေးဆွေးနွေးပွဲ များတွင်မှ အားလုံးပါဝင်စေမည် ဟု ဆိုထားသည်။ ကိုးကန့်လက် နက်ကိုင်အဖွဲ့(MNDAA)၊ တ အာင်န်းလက်နက်ကိုင်အဖွဲ့(TNL A)၊ ရက္ခိုင့်တပ်မတော်(AA)တို့၏ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ သြဂုတ် ၇ ရက်တွင် ထည့်သွင်း ဆွေးနွေးကြမည်ဟု ပြောသည်။
ထို့အပြင် သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုလေးနှစ် ပြည့်မည့် သြဂုတ် ၈ ရက်မတိုင် မီ NCA ကို ပြီးပြတ်စေလိုသည် ဟု အစိုးရဘက်က တိုက်တွန်း ပြောကြားနေသည်။
‘‘လေးနှစ်ပြည့်ခါနီးအလိုမှာ ကျွန်တော်တို့ဘက်ကတော့ ဒီစာ ချုပ်ကို ပြီးပြတ်ဖို့ပေါ့။ ညှိစရာက တော့ ကျွန်တော်တို့ဘက်က မ ကျန်တော့ဘူး။ All inclusive သည် စာချုပ် text ကို ညှိတာမဟုတ်ဘဲ စာချုပ်ရဲ့လက်မှတ်ရေး ထိုးတဲ့လူတွေ၊ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေဘက်က အဆို ပြုတဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်း တာဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရဘက်ကတော့ text က မနက်ဖြန်ခါ အချောသပ်ရင်ပြီးပြီ လို့ပဲ မှတ်ယူပါတယ်’’ဟု မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး လုပ်ငန်းဗဟိုဌာန အ ကြီးတန်း အကြံပေး ဦးလှမောင် ရွှေက ပြောသည်။
စာချုပ်တွင် မည်သည့်ခေါင်း ဆောင်များ ပါဝင်လက်မှတ်ရေး ထိုးကြမည် ဆိုသည့် အချက်၌ အစိုးရဘက်က သမ္မတ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးဆောင်၍ အစိုးရထိပ်သီးခေါင်း ဆောင်များ လက်မှတ်ရေးထိုးကြ မည်ဟု UPWC ဒုဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီးဦးအောင်မင်းက ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဘက်က စစ်ဦးစီးချုပ်၊ ဥက္ကဋ္ဌ၊ ဒုစစ်ဦးစီးချုပ်(သို့မဟုတ်)အထွေ ထွေအတွင်းရေးမှူးချုပ် စသဖြင့် သုံးဦးစီ ပါဝင်လက်မှတ်ရေးထိုး ကြရန် သဘောတူလိုက်သည်ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးကြ ရာတွင် နိုင်ငံတကာ အသိသက် သေအဖြစ် ကမ္ဘာ့ ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့ပါဝင် ရန် အစိုးရနှင့် တိုင်းရင်းသားလက်  နက်ကိုင် အဖွဲ့များအကြား သ ဘောတူလိုက်သည်။
လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး၊ လွှတ်တော်တွင် နိုင်ငံရေးသဘောတူညီချက်ကို အတည်ပြုချက်ရယူသည့် အရေး အသား၊ အပစ်ရပ်ဒေသများ၌ အကြီးစားစီမံကိန်းများကို လုပ်ဆောင်ရန် နှစ်ဖက်ညှိနှိုင်းမည်ဆိုသော စာသား အသုံးအနှုန်းဆိုင်ရာ အချက်များလည်း ဆွေးနွေးနိုင်ခဲ့ကြသည်ဟု ဆိုသည်။
NCA (၉)ကြိမ်မြောက် ဆွေး နွေးပွဲ ဒုတိယနေ့ကို သြဂုတ် ၇ ရက်တွင် UPWC နှင့် SD ကြား  ဆက်လက် ကျင်းပမည်ဟု ကြေ ညာခဲ့သည်။ NCA စာချုပ်ကို ပြည်သူလူထုထံ တင်ပြရန်လည်း အစီအစဉ်ရှိသည်ဟု ပြောကြား ခဲ့သည်။
http://7daydaily.com/story/43579

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>