Saturday, August 8, 2015
မကွေးတိုင်းအတွင်း ရေ နစ်မြုပ်ဒဏ်ခံခဲ့ရသည့် ကျေးရွာ တစ်ရွာမှ ရွာသားတစ်ဦးသည် သြဂုတ် ၇ ရက်ညနေက ဓာတ်လိုက်သေဆုံးသွားခဲ့သည်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာရှိ အသက် (၅၂) နှစ်အရွယ်ရှိ ဦးမြင့်သူသည် နေအိမ်မှ မီတာဘောက်စ်ကို ပြန်လည်ပြုပြင်ရာမှ မတော်တဆဖြစ်ကာ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။အဆိုပါကျေးရွာသည် ရေကြီးနစ်မြုပ်မှုဒဏ်ခံရသဖြင့် လျှပ်စစ်မီးများ ပြတ်တောက်နေရာမှ သြဂုတ် ၇ ရက်တွင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
7Day Daily