ဧရာဝတီတိုင်း ဒေသကြီး ဟသာင်္တမြို့နယ်မှ ခြောက်မိုင်ခန့်  ကွာဝေးပြီး ရေလမ်း တစ်မျိုးထဲသာ သွားနိုင်သည့် ကြွက်ကျွန်းကျေးရွာ အပါအဝင် ကျွန်းဦး ၊ကျွန်းထိပ်၊နန်းတော်ကျွန်း၊ ရေလယ်ကျွန်း၊ ကျောက်ရဲ၊ ကျားချောင်၊ ပဲကြီးကျွန်း၊ သက္ကယ်ပြင်၊ခြင်ဘို၊ ရွာသစ်၊ ဆိပ်သာ၊ သူဌေးကုန်း၊သဲရိုး ဒါးက၊ပေါက်တော အစရှိသော ရွာပေါင်း များစွာ ရေးဘေးဒဏ် အကြီးအကျယ်ခံစားလျှက်ရှိနေပါတယ်။
သွားလာရခက်ခဲ သောကြောင့် မည်သည့် ပရဟိတ အဖွဲ့အစည်းမှ လာရောက်ထောက်ပံ့နိုင်ခြင်း မရှိချေ။ ထို့အပြင် ထိုကျေးရွာများသည် လိပ်ချောင်းတာရိုး၊ အိပ်ပျက်တာရိုးတို့ ၏ အပြင်ဖက် အခြမ်းတွင်တည်ရှိပြီး ဧရာဝတီမြစ်နှင့်ကိုက် ၂ဝဝဝ ခန့်  သာဝေးသောကြောင့် မြစ်ရေလျှံခြင်း၊ မြစ်ရေကြီး၊ မြစ်ရေတိုးခြင်း ဒဏ်ကို အတားအဆီးမရှိ ခံစားနေရပြီး အစာရေစာရှားပါးခြင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ မရှိခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရတယ်။
ထိုကြောင့် ရေဘေး အလှူ ပြုလုပ် လိုလျှင် -----
ကြွက်ကျွန်း ဗောတိကျောင်းတိုက် ဆရာတော် (09799582642)
ကိုကျော်မင်းဌေး (09789306672-09792232939)
ကိုတေဇာလင်း (09972611123) တို့ ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)