(၁၄/ ၇/ ၂၀၁၅)
သီတဂူဆရာတော်နှင့်အဖွဲ့သည် ဟန်ဂရီနိုင်ငံ ဓမ္မဒူတခရီး ပြီးဆုံးပြီးနောက် (၁၃၊ ၇ ၊၂၀၁၅) ရက်နေ့မှာ ဂျာမနီနိုင်ငံ ကိုးလုံးမြို့သို့ ပြန်ကြွတော်မူ၏။
(၁၄၊ ၇ ၊၂၀၁၅) ရက်နေ့တွင် အရုဏ်ဆွမ်းစားပြီးသည့်နောက် ကိုးလုံးမြို့မှ ဘာလင်မြို့သို့ ဆရာတော်၏ တပည့် ဦးသူရ၏ ကားဖြင့် ကြွတော်မူပါသည်။
နေ့ဆွမ်းကို ကိုးလုံးမြို့နှင့် မိုင် ၂၅၀ ခန့်ဝေးသည့် barsinghausen ရွာလေးအနီးရှိ K F C ဆိုင်မှာ ဘုဉ်းပေးပါသည်။
သီတဂူဆရာတော်နှင့် သံဃာတော်များကို တွေ့လိုက်သည့်အခါ ဆိုင်ဝန်ထမ်းအမျိုးသမီးလေး
Carolinareinke က နေ့ဆွမ်းကပ်လှူချင်ကြောင်း ဦးသူရကို ပြောပြလေ၏။
ထို့နောက် သီတဂူဆရာတော်ထံ ရောက်လာပြီး လက်အုပ်ချီကာ သူမသည် ဗုဒ္ဓဘာသာဖြစ်ကြောင်း၊ သံဃာတော်များကို တွေ့ရသည့် အတွက် အလွန် ဝမ်းသာကြောင်း၊ ဒါကြောင့် ဆွမ်းကပ်ချင်ကြောင်း ဝမ်းသာအားရ လျှောက်ထားလေသည်။
ဆရာတော်ကြီးက သူမ၏ ဒါနကို လက်ခံကြောင်း မိန့်ုကြားပြီး စွန့်လွှတ်မှုဆိုတာ တွယ်တာမှုကင်းမှ လုပ်နိုင်ကြောင်း၊ နိဗ္ဗာန်ဆိုသည်မှာလည်း တွယ်တာမှု ကင်းမှ ရနိုင်ကြောင်း၊ ဒါကြောင့် စွန့်လွှတ်နိုင်သောသူတို့သည် နိဗ္ဗာန်ကို တဖြေးဖြေးနှင့် ရောက်ရှိမည် ဖြစ်ကြောင်း သြဝါဒစကား မိန့်ုကြားတော်မူပါသည်။
ဂျာမနီသူလေးသည် ပို၍ ဝမ်းသာအားရ ဖြစ်သွားလေတော့သည်။
သဲကန္တာရမှာ စမ်းရေအိုင်ကို တွေ့ဖို့ ခဲယဉ်းသကဲ့သို့
ဗုဒ္ဓဘာသာဝင် မရှိသလောက် နည်းပါးသော ဂျာမနီနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်ကို တွေ့ဖို့ဆိုသည်မှာလည်း ခဲယဉ်းလှပေသည်။
ဂျာမနီသူ အမျိုးသမီးလေးကပ်သည့် ဆွမ်းဟင်းတန်ဖိုးသည် သူမ၏ လပ်အားခ နှစ် ရက်စာလောက်ရှိသတတ်။
သို့သော် ထိုလုပ်အားခ နှစ်ရက်စာသည် သံသရာခရီးအတွက် တိုင်းတာလို့မရသော ၊ တန်ဖိုးဖြတ်လို့ မရသော ရိက္ခာ ဖြစ်သွားလေတော့သည်။
အသုံးချတတ်သူအတွက်မှာကား အရာရာတိုင်းသည် ကောင်းမှုချည်းပင် ဖြစ်ပေတော့သည်တကား။
{သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ}
နှလုံးသားအာဟာရ