Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကမ္ဘာ့လက်အကြီးဆုံး ကောင်လေး ခွဲစိတ်ကုသမှု ခံယူပြီ

$
0
0
အိန္ဒိယနိုင်ငံ အရှေ့ ပိုင်း၊ Jharkhand ပြည်နယ်က ရွာလေးတစ်ရွာမှာ မိဘတွေနဲ့ အတူ နေထိုင်တဲ့ အသက် ရှစ်နှစ်အရွယ်၊ Mohammad Kaleem လို့ ခေါ်တဲ့ အိန္ဒိယနိုင်ငံသား ကောင်လေးတစ်ယောက်ဟာ ရှားပါးတဲ့ အရိုးအဆစ် အဆမတန်ကြီးထွားခြင်း ရောဂါတစ်မျိုးကြောင့် လက်တွေ အဆမတန်ကြီးထွားခဲ့ပြီး အခုအခါမှာတော့ ခွဲစိတ်ကုသမှု ခံယူနေပြီဖြစ်ပါတယ်။

သူ့ ရဲ့လက်အရွယ်အစားကြောင့်၊ Kaleem ဟာ ရွယ်တူသူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပြီး အဆမတန်ကြီးမားတဲ့ လက်တွေကြောင့် တခြားကလေးတွေ ထိတ်လန့် မှုဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်ခွင့်ပါ မရခဲ့ပါဘူး။

သူတို့ နေထိုင်ရာ ဝေးလံခေါင်သီတဲ့ ရွာလေးမှာလည်း Kaleem ရဲ့ လက်တွေဟာ ကျိန်စာသင့်မှုကြောင့် ဖြစ်ပြီး ကောင်လေးဟာ နတ်ဆိုးရဲ့ကလေး ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ အယူသီးအိမ်နီးချင်းတွေရဲ့ အမျက်ဒေါသကိုပါ မိသားစု တစ်ခုလုံး ခံစားနေရပါတယ်။ Kaleem ရဲ့ ဇတ်လမ်းဟာ နိုင်ငံတကာ သတင်းစာတွေရဲ့ ခေါင်းစီးသတင်းအဖြစ် ဖော်ပြခံရပြီးနောက်မှာတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ပါရဂူဒေါက်တာတွေရဲ့ ကူညီမှုကို ရရှိခဲ့ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက Kaleem တို့ မိသားစုဟာ မိုက်ခရနာမည်ကြီးလက်ခွဲစိတ်ဆရာဝန် Dr.Raja Sabapathy နဲ့ တွေ့ ဆုံခွင့်ရခဲ့ပြီး Dr.Sabapathy က Kaleem ရဲ့ လက်တွေကို ကုသပေးဖို့ လက်ခံခဲ့ပါတယ်။Dr.Sabapathy နဲ့ သူ့ ရဲ့အဖွဲ့ ဟာ Kaleem လက်နဲ့ လက်ချောင်းတွေရဲ့ အရွယ်အစားကို အာရုံကြောတွေ ထိခိုက်ပျက်စီးမှု မရှိဘဲ ခွဲစိတ်ပြီးမှာလည်း လက်တွေကို ပြန်လည်အသုံးပြုနိုင်အောင် ခွဲစိတ်ထုတ်နိုင်ဖို့ အတွက် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ရပါတယ်။

“ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ လက်တစ်ဖက်ကိုပဲ အရင်ခွဲစိတ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ဒီအခြေအနေနဲ့ အကိုက်ညီဆုံး အကောင်းဆုံး နည်းလမ်းပါပဲ” လို့ Dr.Sabbapathy က ပြောပြခဲ့ပါတယ်။Kaleem ဟာ ရှစ်နာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး လက်ဖျံနဲ့ လက်ချောင်း အရွယ်အစားကို လျော့ချပေးနိုင်ခဲ့ပြီး နောက်ထပ် ဆက်လက်ကြီးထွားမှု မဖြစ်အောင်လို့ လည်း အဆမတန်ကြီးထွားနေတဲ့ အရိုးအချပ်တွေကို ဖယ်ထုတ်ဖို့ နောက်ထပ် ခွဲစိတ်မှုတွေ ခံယူသွားမှာဖြစ်ကြောင်း သိရပါတယ်။
PlantMyanmar

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>