Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ်ကိုင်းတွင် (၇) လ အတွင်း အဓမ္မမှု (၄၂) မှု ဖြစ်ပွား

$
0
0

ဓါတ်ပုံ - အင်တာနက်
           စစ်ကိုင်းတိုင်း ဒေသကြီး၌ ယခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ ဖြစ်ပွားခဲ့သည့် အဓမ္မမှုပေါင်း (၄၂) မှုအနက် သက်ငယ် မုဒိမ်းမှုမှာ (၂၁) မှုထိ ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။

          ''အဓမ္မမှု (၄၂) မှုရှိတဲ့ အထဲမှာ သက်ငယ် မုဒိမ်းမှုက (၂၁) မှု ပါဝင်ခဲ့တယ်။ ပြောရရင်တော့ တစ်ဝက်လောက် ရှိနေတယ်။ များသောအားဖြင့်တော့ (၁၄) နှစ်အောက် ကလေးငယ်တွေကို ပစ်မှတ်ထားတာကို တွေ့ခဲ့ရတယ်။ သက်ငယ် မုဒိမ်းမှု ဆိုတာက မိဘတွေနဲ့လည်း အများကြီး ဆိုင်ပါတယ်။ ကိုယ့်ကလေးကို စိတ်ချလက်ချထားပြီး တစ်ယောက်တည်း ထားတဲ့ အချိန်တွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်''ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးမှ ရဲမူးကြီး နေထွန်းက The Messenger Media သို့ပြောသည်။

          သက်ငယ် မုဒိမ်းမှုများမှာ ရွေဘိုခရိုင်တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး မုံရွာခရိုင်တွင် အနည်းဆုံး ဖြစ်ကြောင်း၊ အမှုများသည် ကလေးငယ်များ၏ မိဘများ မရှိသည့်အချိန်တွင် သက်ငယ် မုဒိမ်းကျင့်ခံရမှုများ ပိုမို ဖြစ်ပွားခဲ့ကြောင်း အဆိုပါ တိုင်းရဲတပ်ဖွဲ့မူးက ပြောသည်။

          စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခရိုင် (၁၀) ခရိုင်၊ မြို့နယ် (၃၇) မြို့နယ်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး မှုခင်းကျဆင်းရေးများကို လုပ်ဆောင်နေချိန်တွင် အဓမ္မမှုများ ဖြစ်ပွားမှု မြင့်တက်နေခဲ့ခြင်း ဖြစ်ကြောင်း ယင်းအမှုများထဲတွင် အသက် (၁၆) နှစ်အောက် ကလေးငယ်များ အဓမ္မကျင့်ခံရမှုမှာ လစဉ် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

လင်းလင်းမောင်
The Messenger Media
http://www.messengerdaily.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...