Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဓါးနဲ့အထိုးခံရသည့်တိုင်အောင် အလုပ်ပြီးအောင်လုပ်သွားတဲ့ ပီဇာပို့သမား

$
0
0

အမေရိကန်နိုင်ငံ၊ ကွန်တာကီပြည်နယ်၊ လူးဝစ်ဗီလီ မြို့က Spinell ဗီဇာဆိုင်မှာ ရည်ရွယ်ချက်မပျောက်တတ်တဲ့ ပီဇာပို့သမားတစ်ယောက်ရှိပါတယ်။

အသက် ၁၉နှစ်အရွယ် Josh Lewis အမည်ရှိ ကောင်လေးရဲ့နားကို လူတစ်ယောက်ချဉ်းကပ်လာပြီး သူ့ရဲ့ အနက်ရောင် Cherokee Jeep ရဲ့သော့တွေကို တောင်းခဲ့ပါတယ်။ သော့လဲရရော Lewis ရဲ့ကျောကို အဲဒီ့လူက ဓားနဲ့ထိုးသွားပါတယ်။

Josh Lweis ဟာ ဒက်ထရိုက်မြို့က Boyce ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ဓားနဲ့ထိုးခံရပြီး ပြတ်ရှဒဏ်ရာ အချို့နဲ့အတူ အဆုတ်ကိုထိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပီဇာပို့တဲ့အလုပ်ကိုတော့ ပြီးအောင်လုပ်ခဲ့ပါတယ်။ “ယုံချင်ယုံ မယုံချင်နေ၊ သူဟာ ပီဇာကိုအရောက်ပို့ခဲ့ပြီး၊ လဲကျသွားတယ်။” လို့ Spinell ရဲ့ ဒေသဆိုင်ရာမေနေဂျာ Willow Rouben က ပြောခဲ့ပါတယ်။

သူ့ကိုခွဲစိတ်ဖို့အတွက် လူးဝစ်ဗီလီ ကတက္ကသိုလ်ကို ရွှေ့ပြောင်းခဲ့တယ်လို့ Courier ဂျာနယ်က သတင်းထုတ်ပြန်ပါတယ်။ ခုတော့ Lewis ဟာ စိတ်ချရတဲ့အခြေအနေကို ပြန်ရနေပါပြီ။

“သူက စိတ်ကောင်းထားပြီး အလုပ်ကိုလည်းကောင်းကောင်လုပ်တယ်။ သူက တကယ့်ကိုအကောင်းမြင်စိတ် ရှိပြီး ဒီအဖြစ်အပျက်တစ်ခုလုံးကို တစ်ခါတလေ ဟာသတွေလုပ်တတ်တယ်။” လို့ လူးဝစ်ဗီလီ ချက်ကျောင်း လူ့အဖွဲ့အစည်း အုပ်စုခေါင်းဆောင်က ပြောခဲ့ပါတယ်။

ဆေးကုသစရိတ်၊ ကျူရှင်စရိတ်၊ နဲ့ ကားအသုံးစရိတ်တွေအတွက် သူ့ကို ကူညီပေးဖို့ GoFundMe လှုပ်ရှားမှု တစ်ရပ် ပြုလုပ်ပေးခံရတယ်လို့လည်း သိရပါတယ်။

Thithtoolwin

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>