YANGON RUNWAY GIRLS COLLECTION feat:SEAN KINGSTON ပွဲကြီးကို ခုလို ကျင်းပရခြင်းကတော့ မြန်မာ့အလှကို ကမ္ဘာကသိစေလိုခြင်း ရည်ရွယ်တာဖြစ်ပြီး ပွဲမှ ရရှိတဲ့ အကျိုးအမြတ်တွေ ကိုတော့ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းပေးသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် Yangon Runway ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အရေးပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုအနေနဲ့ ထည့်သွင်းရိုက်ကူးသွားမှာပါ။ Yangon Runway Girls Collection ပွဲကတော့ Tokyo Girls Collection Seoul Girls Collection လို နှစ်စဉ်ပုံမှန်ကျင်းပသွားမှာ ဖြစ်တယ်လို့ ပရိုဂျူဆာဖြစ်သူ ကိုဂျော်မရန်မှပြောကြားသွားပါတယ်။
ဒီပွဲမှ စတင်ကာ Living Sound Entertainment ရဲ့ မိသားစု Company ဖြစ်တဲ့ Tickets Box Myanmar ရဲ့ ticketing နဲ့Online Event Organizing platform ကိုမိတ်ဆက်ပေးသွားမယ့်အပြင် Tickets Box Myanmar ကို အသုံးပြုပြီး ပွဲလက်မှတ်တွေကိုအဓိကရောင်းချသွားမယ်လို့ သိရပါတယ်။ လက်မှတ်ငွေပေးချေခြင်းကိုတော့ Partner Company ဖြစ်တဲ့ Glorious Myanmar မှ ထုတ်လုပ်မယ့် smart phone application မှဝယ်ယူနိုင်တဲ့ MMwallet application ကိုလဲ ရှင်းလင်းမိတ်ဆက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ပွဲလက်မှတ်တွေကိုတော့ Blue Party Zone : 30000ks ( Priority Queue – 8000k )၊ Pink Party Zone : 60000ks ( Priority Queue – 15000ks ) ၊VIP Party Zone 150000ks (Dj floor with Drink Bar ၊ Snack & Lucky Draws of Artists Meet & Greet Ticket , etc ) VVIP Package 300000ks ( VVIP Lounge Access ,Artists Meet & Greet Ticket ,Buffet,Drinks Bar,Snacks&Lucky Draws of Artists Signed တွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။
http://www.trend.com.mm/2015/08/12/music-7397