Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အီဂျစ်စစ်သွေးကြွ များက ၄င်းတို့ဖမ်းဆီးထားသည့် ဓားစာခံကို ခေါင်းဖြတ်ကွပ်မျက်

$
0
0

 ကိုင်ရို ၊ ၁၃-၈-၂၀၁၅

 ISIS အဖွဲ့နှင့် ဆက်စပ်နေသည့် အီဂျစ်နိုင်ငံ အတွင်းရှိ စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့သည် ၄င်းတို့ ဖမ်းဆီး ထားသည့် ခရိုအေးရှား ဓားစာခံ တစ်ဦးကို ခေါင်းဖြတ် ကွပ်မျက် လိုက်ပြီ ဖစ်ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့က ယမန်နေ့ တွင် ထုတ်ပြန် ခဲ့သည်။

အဆိုပါ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့များသည် အဆိုပါ ခရိုအေးရှား အမျိုးသားကို ပြန်လည် ရွေးယူရန် သတ်မှတ် ထားသည့် အချိန်ကာလ ကုန်ဆုံးပြီး နောက်ပိုင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၄င်းကို သတ်ဖြတ်ခဲ့ ရသည့် အဓိက အကြောင်း ပြချက်မှာ ISIS စစ်သွေးကြွ အဖွဲ့အပေါ် ပြုလုပ်လျက် ရှိသည့် တိုက်ခိုက်မှု များတွင် ခရိုအေးရှား နိုင်ငံက ပါဝင်နေခြင်း ကြောင့် ဖြစ်ကြောင်း SITE အရှေ့ အလယ်ပိုင်း ဆိုင်ရာ လေ့လာ စောင့် ကြည့်ရေး အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

စစ်သွေးကြွ များက ဖော်ပြထား သည့် အဆိုပါ သတ်ဖြတ်မှု မှတ်တမ်းပုံများကို မိမိတို့အနေဖြင့် ကြည့်ရှုခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ပုံများသည် စစ်မှန်မှု ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ စစ်ဆေးမှု များကို ဆက်လက် ပြုလုပ်လျက် ရှိကြောင်း အီဂျစ်ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။

အီဂျစ်နိုင်ငံ အတွင်းရှိ စစ်သွေးကြွ များသည် တိုမာဆလက်ဗ်ဆာ လိုပက် အမည်ရှိ အဆိုပါ ခရိုအေးရှား ဓားစာခံကို သတ်ဖြတ်ထားသော ပုံများကို အွန်လိုင်းပေါ်တွင် ထုတ်ဖော်ပြသ ခဲ့သည်။

ဆာလိုပက် သည် အီဂျစ်နိုင်ငံ အတွင်းရှိ ပြင်သစ်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီကြီး တစ်ခုဖြစ် သော Ardiseis Egypt သတ်ဖြတ်ခံ ရသူမှာ ၄င်းတို့၏ ဝန်ထမ်း တစ်ဦး ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းသည် ဇူ လိုင်၂၂ ရက်က ကိုင်ရိုမြို့တော် သို့ သွားရောက်စဉ် စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>