Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးရွှေမန်းလည်းဥက္ကဌ၊ ဒုဥက္ကဌ မဟုတ်တော့ဘူး။ ဦးဌေးဦးကိုသာ မေးကြည့်ပါ”

$
0
0


သြဂုတ်လ ၁၂ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းနေသော သူရဦးရွှေမန်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ အပါအ၀င် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သြဂုတ်လ ၁၂ ရက်နေ့ညပိုင်းတွင် ရာထူးမှဖြုတ်ချလိုက်ရာ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် ရှုပ်ထွေးမှုများဖြစ်ပေါ်နေသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမောင်မောင်သိမ်းကို ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အန်ကယ် လက်ရှိမှာ အထွေထွေအတွင်းရေးမှူး မဟုတ်တော့ဘူးလို့ မီဒီယာတချို့မှာ ဖြေထားတာ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်ခင်ဗျ။

မေး။ ။ လက်ရှိ အန်ကယ်နဲ့ ဦးရွှေမန်းအခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်လည်း ကျနော့်အိမ်မှာ ကျနော်ရှိပါတယ်။ ကျန်းကျန်းမာမာပါပဲ။ အန်ကယ်ဦးရွှေမန်းလည်း သူ့အိမ်မှာ ကျန်းကျန်း မာမာပါပဲ။ အခုလောလောဆယ်မှာ။

မေး။ ။ အန်ကယ်တို့ လက်ရှိဒီလိုခြေအနေအတွေ ဘာကြောင့် ဖြစ်သွားရတာလဲ။

ဖြေ။ ။ ဦးဌေးဦးသာ မေးကြည့်လိုက်သမီး။ အန်ကယ်တို့ လုံးဝမသိဘူး။

မေး။ ။ အန်ကယ်က အထွေထွေအတွင်းရေးမှူးမဟုတ်တော့ဘူးဆိုတော့ ဦးရွှေမန်းကရော။

ဖြေ။ ။ သူ(ဦးရွှေမန်း) လည်း ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ မဟုတ်တော့ဘူး။ အဲလိုပဲ မှတ်ထားပေးပါနော်။

မေး။ ။ အခုလက်ရှိ အခြေအနေအရဆိုရင် ပါတီတွင်း အာဏာသိမ်းခံရတာလား။

ဖြေ။ ။ အဲမှတ်ချက်တော့ အန်ကယ်ဘာမှ မပေးပါရစေနဲ့။
Irrawaddy

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...