ဦးကိုနီ ( တရားလွှတ်တော်ရှေ့နေ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌရာထူးမှ ဖယ်ရှားခံလိုက်ရသော သူရဦးရွှေမန်းမှာ လက်ရှိတွင် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ပြည်ထောင်စုလွှတ်တော်နာယကတစ်ဦးဖြစ်သည်။ သို့သော် လွှတ်တော် ဥက္ကဌရာထူးမှ သူရဦးရွှေမန်းအား ဖြုတ်ချ၍ ဖမ်းဆီးထိန်းသိမ်းခြင်းကို ဥပဒေကြောင်းအရ အလွယ်တကူပြုလုပ်၍ မရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုကဲ့သို့ ရှင်းလင်းဖြေကြားသည်။
“လွှတ်တော် ဥက္ကဌ တစ်ယောက်ကို လွယ်လွယ်ကူကူ ထိန်းသိမ်းလို့မရဘူး လွှတ်တော် ဥက္ကဌ မှာ ကင်းလွတ်ခွင့်တွေကလည်းရှိတယ်လေ။ အဲဒီတော့ လုပ်ထုံးလုပ်နည်းပိုင်းတွေ အများကြီး ရှိနေတော့ အလွယ်တကူတော့ လုပ်လို့မရပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာက ဖြစ်ချင်တာ ဖြစ်နေတတ်တယ်။ အဲဒီတော့ ဒီဟာတွေက ဥပဒေပိုင်း ကိုင်ပြောလို့မရဘူးလေ အခြေအနေတွေက ရှုပ်ထွေးနေတယ်။စောင့်ကြည့်နေတာ ဥပဒေအရ တော့ လွှတ်တော် ဥက္ကဌ အဖြစ်က ဖြုတ်ချဖို့ဆိုရင် လွှတ်တော်မှာ စွပ်စွဲ ပြစ်တင်ပြီးလို့တော့ လုပ်လို့ရတယ်။ဒါပေမဲ့ လွယ်လွယ်လေး ဖြုတ်လို့မရပါဘူး လွှတ်တော်ဥက္ကဌ ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်လာတာဆိုတော့ လွယ်လွယ်ကူကူ ဖြုတ်ချလို့မရပါဘူး”
.
ကြိုက်တဲ့ ပြစ်မှုဆိုင်ရာနဲ့  တရားစွဲထားပါစေ
ရွေးချယ်တင်မြောက်လိုက်တဲ့ ဒေသက လူတွေ
ကန့် ကွက်တာကို လွှတ်တော်က အတည်မပြုနိုင်ရင်
လွှတ်တော် ကိုယ်စားလှယ် အဖြစ် မပြုတ် မချင်း
ဥက္ကဌ တာဝန် ရှိနေသေးတယ် ။
ယခုဆိုလျင် ကြံ့ခိုင်ရေးပါတီဥက္ကဌ သူရဦးရွှေမန်းဟာ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အခြေအနေအရ သာမန်ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်...