Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းရေး ဥပဒေကြမ်း အတည်ပြုပေးဖို့ တောင်းဆို

$
0
0
 ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
 လွှတ်တော်ကိုယ်စားလှယ် တာဝန်ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပေး ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြည်ထောင်စု လွှတ်တော်ထံ မနေ့က စာပေးပို့တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အကြိမ်ကြိမ်တောင်းဆိုနေတာကြောင့် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် ဒီလ ၁၈ ရက်နေ့ ကျင်းပမယ့် လွှတ်တော်မှာ အဲ့ဒီဥပဒေကြမ်းကို ပြဌာန်းရတော့မှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောပါတယ်။

"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီစာကိုစတုထ္ထအကြိမ် ပို့ရတဲ့အဖြစ်ရောက်ကတည်းက ဒါကမဖြစ်သင့်ဘူးပေါ့၊ ဒါကမြန်မြန်ဆန်ဆန် ပြဌာန်းသင့်တဲ့ဥပဒေထဲမှာပါတယ်လေ၊ အခြေခံဥပဒေကို လက်နာမယ်ဆိုရင် ဒီဥပဒေဟာမဖြစ်မနေ ပြဌာန်းသင့်တဲ့ဥပဒေပဲ၊ အခုဆိုရင် ဒီဥပဒေအရ မပြဌာန်းတဲ့ အတွက် ပြည်သူတွေကတိုင်ကြားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူကဘယ်လောက်တိုင်တိုင် စုံစမ်းစစ်ဆေးမှုမခံရဘူးလေ၊ အဲ့ဒါကြောင့် ဒီဟာကလွှတ်တော်ရဲ့ ဂုဏ်သိက္ခာအရကို အခုပြန်ခေါ်တဲ့ လွှတ်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး တင်ပြချက်အတိုင်းပေါ့၊ အမြန်ဆုံးပြဌာန်းပေးဖို့ လိုအပ်ပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် တာဝန်ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတာ ၃ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သက်ဆိုင်ရာမဲဆန္ဒနယ်က မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တာဝန်ကနေ ရုပ်သိမ်းပေးဖို့တောင်းဆိုမယ်ဆိုရင် ကော်မရှင်က စစ်ဆေးရမှာဖြစ်ကြောင်း ပါဝင်ပါတယ်။

လက်ရှိမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ တိုင်ကြားခံ ထားရသူ ၁ဝ ဦးလောက်ရှိနေပြီး အဲ့ဒီထဲမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဦးအောင်သိန်းလင်းနဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြမောင်တို့ ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>