Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နေ့စဉ်ရေတိုးဝင်လာမှုကြောင့် ကျုံပျော်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုများ ထပ်မံဖြစ်ပေါ်လျက်ရှိ

$
0
0

 ကျုံပျော် သြဂုတ် ၁၄

 ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့နယ်၌ ဒါးကချောင်းရေနှင့် မြစ်ရေများ တိုးဝင်လာမှုကြောင့် ချောင်းနံဘေးကျေးရွာများနှင့် အနိမ့် ပိုင်းကျေးရွာများတွင် ရေဝင်ရောက်မှု များထပ်မံဖြစ်ပေါ်လျက်ရှိပြီး သြဂုတ် ၁၃ ရက်အထိ စာသင်ကျောင်း ၁၉ ကျောင်းနှင့် နေအိမ် ၂၂၇ လုံးတို့တွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်နေအိမ်များ မှ လူဦးရေ ၈၈၃ ဦးတို့ကို ရေဘေး ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ် ရေးစခန်းငါးခုတွင် ရွှေ့ပြောင်း ဆောင်ရွက်ပေးထားကာ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးနှင့်လုံခြုံရေးတို့ကို မြို့နယ်မှတာဝန်ရှိသူများ၊ လူမှု ရေးအသင်းအဖွဲ့များနှင့် အလှူရှင် များကလည်း နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကလည်း နေ့စဉ် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျုံပျော်မြို့နယ် အတွင်း စီးဝင်လာသောရေပမာဏမှာ နေ့စဉ်များပြားလျက်ရှိသောကြောင့် အနိမ့်ပိုင်းကျေးရွာများ၏ လယ်များ တွင် ရေဝင်နစ်မြုပ်မှုများ ထပ်မံ ဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>